Showing posts with label DYNAMO. Show all posts
Showing posts with label DYNAMO. Show all posts
Monday, 11 September 2017
DYN06.03 : Data-Shapes Package နှင့် မိတ်ဆက်ခြင်း အပိုင်း(၂)
မင်္ဂလာပါ။
ဒီပို့ စ်မှာတော့ Revit နဲ့ Excel အကြား Information တွေ အပြန်အလှန် ချိတ်ဆက်ပုံ၊ ဖလှယ်ပုံကို Dynamo Code  အသုံးပြုပုံပြီး တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ End-user တွေ အသုံးပြုရလွယ်ကူစေမယ့် Code ဖြစ်ဖို့ လည်း လိုအပ်တာကြောင့် Data-Shapes Package ထဲက Node တွေကိုလည်း တွဲဖက်အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ဘာ Add-ins မသုံးဘူး ဆိုရင် Revit နဲ့ Excel ကြားမှာ Information တွေကို အပြန်အလှန် ချိတ်ဆက်ဖို့ ၊ ဖလှယ်ဖို့  ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတခုပါပဲ။ တနည်းအားဖြင့်တော့ Revit Software ရဲ့ Limit လို့ ဆိုရမှာပါပဲ။ တခါ Add-ins တွေ သုံးကြပြန်တော့ လည်း အဲ့ဒီ Add-ins တွေမှာ Limit တွေထပ်ရှိနေပြန်ပါသေးတယ်။ ဥပမာ Revit ရဲ့ Family Parameter အားလုံးကို Excel ဆီ ပို့ လို့ မရတာ၊ Excel ဆီကို Export လုပ်တိုင်း Excel File အသစ်တည်ဆောက်ရတာ...စသဖြင့်သော အဆင်မပြေမှုတွေ၊ အပိုလုပ်ရတဲ့ ကြားခံ Process တွေပါပဲ။ နောက်ဆုံးတချက်ကတော့ Add-ins ဟာ Free မဟုတ်ကြတာပါပဲ။
ဒါဆို Dynamo ကရော ဘာတွေ လုပ်ပေးနိုင်ပါသလဲ။
Revit Project ထဲမှာရှိတဲ့ Element တွေရဲ့ Parameter အမျိုးအစားနဲ့  သူတို့ ရဲ့ Value တွေကို Excel ဆီပို့  နိုင်သလို Excel ဆီက Information တွေကိုလည်း အပြန်အလှန် အနေနဲ့ Import ပြန်လုပ်နိုင်ပါတယ်။ ဒါ့အပြင် တိကျတဲ့စည်းကမ်းချက်တွေ သတ်မှတ်ပြီး  Revit နဲ့ Excel အကြား Information တွေကို အပြန်အလှန် ချိတ်ဆက်နိုင်၊ ဖလှယ်နိုင်ပါသေးတယ်။
လက်တွေ့ အနေနဲ့  Data Exchange Process လေးတခုလောက် လုပ်ကြည့်ကြရအောင်။ ရိုးရှင်းတဲ့ အိမ်တလုံးထဲက Room တွေရဲ့ Information တွေကို Revit နဲ့ Excel အကြား အပြန်အလှန် ချိတ်ဆက်ကြည့်၊ ဖလှယ်ကြည့်ကြမယ် ဆိုပါဆို့ ။
ဒီ Room Schedule မှာ ပထမ Column (၃) ခုက Information တွေဟာ Revit က တိုက်ရိုက် Extract လုပ်ရမှာဖြစ်ပြီး ကျန်တဲ့ Column တွေအတွက် Information တွေကိုတော့ Excel မှာ ဖြည့်စွက်ဖို့  ပြင်ဆင်ပေးထားတာပါ။
ပထမဆုံး ဒီ Room Schedule ကို Excel ဆီ Export လုပ်နိုင်မယ့် Dynamo Code တခုရေးပါ့မယ်။
ဒီ Code မှာ အပိုင်း (၃) ပိုင်း ပါဝင်ပါ့မယ်။
၁။ Revit Project ထဲက Room Information တွေကို Extract လုပ်ခြင်း
၂။ Extract လုပ်ထားတဲ့ Room Information တွေကို Excel ဆီ Export လုပ်ခြင်း
၃။ User-friendly ဖြစ်စေဖို့ Code ကို ထပ်ဆောင်းမွမ်းမံရခြင်း ... ရယ်ဆိုပြီးတော့ ရှိပါမယ်။
Revit Project ထဲက Room Information တွေကို Extract လုပ်ခြင်း။
> Categories ထဲကနေ  Room ကိုရွေးပါတယ်။
> Room ထဲကမှ Element အားလုံးကို ရွေးထုတ်ပါတယ်။
> Room Element တွေရဲ့ Number, Name နဲ့  Area ဆိုတဲ့ Room Information တွေကို Extract လုပ်ပါတယ်။
> Parameter Type မတူတဲ့ Room Information တွေကို List လုပ်ပါတယ်။
> လက်ရှိအတိုင်း  Excel ဆီ ပို့ မယ်ဆိုရင် List တခုသည် Excel ရဲ့ Row တခုဖြစ်နေပါလိမ့်မယ်။
> List တခုတည်းမှာ Room တခုရဲ့ Type မတူတဲ့ Parameter တွေပါဝင်နေစေချင်ရင်တော့ ရှိနေတဲ့ List ကို Transpose  လုပ်ရပါမယ်။
> ဒီနေရာမှာ Room တွေရဲ့ List ကို Number အားဖြင့် စီချင်တယ် ဆိုပါဆို့ ။
> Room Element အားလုံးကို ရွေးထုတ်တဲ့ အချိန်တည်းက ကိုယ်စီချင်တဲ့ Number ဆိုတဲ့ Parameter ရဲ့ Value နဲ့ စီခဲ့ဖို့ လိုပါလိမ့်မယ်။ ဒီနေရာမှာ SwingNodes Package ရဲ့ List.SortByParameterValue ကို အသုံးပြုဖို့  သင့်တော်ပါတယ်။
အခုဆိုရင် Extract လုပ်ထားတဲ့ Room အလိုက် Information တွေဟာ Excel ဆီကို Export လုပ်ဖို့  အဆင်သင့်နီးပါးလောက် ဖြစ်နေပြီလို့  ဆိုနိုင်ပါတယ်။ တခုပဲ ဆုံးဖြတ်ဖို့ ရှိတာက Excel File အသစ်ဖန်တီးမှာလား။ ရှိနှင့်ပြီးသား ဒါမှမဟုတ် Format ပြင်ထားပြီးသား Excel File ထဲကို Information တွေ သွင်းမှာလား ... ဆိုတာပါပဲ။
Excel File အသစ်ဖန်တီးမယ် ဆိုရင်တော့ Information တွေအတွက် လိုအပ်တဲ့ Title တွေကို ထည့်ပေးလိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ အဲ့ဒီ Title တွေအတွက် List.AddItemToFront ကို အသုံးပြုပါမယ်။ (တကယ်လို့  ရှိနှင့်ပြီးသား ဒါမှမဟုတ် Format ပြင်ထားပြီးသား Excel File ထဲကို Information တွေ သွင်းမှာ ဆိုရင်တော့ ဒီအဆင့်ဟာ မလိုအပ်ပါဘူး။)
အခုဆိုရင်တော့ ပထမဆုံး Row မှာ Title တွေကို တွေ့ ရမှာဖြစ်ပြီး အောက်က Row တွေမှာတော့ Room Information တွေကို Room Number အလိုက် အစီအစဉ်တကျ ဖြစ်နေတာကို မြင်တွေ့ ကြရမှာပါ။
Extract လုပ်ထားတဲ့ Room Information တွေကို Excel ဆီ Export လုပ်ခြင်း။
ဒီနေရာမှာလည်း အခြေအနေ (၂)မျိုးအတွက် ပြင်ဆင်ရပါမယ်။  Excel File အသစ်ဖန်တီးဖို့ အတွက်ရယ်၊ တကယ်လို့  ရှိနှင့်ပြီးသား ဒါမှမဟုတ် Format ပြင်ထားပြီးသား Excel File ထဲကို Information တွေသွင်းဖို့  ရယ် ... ဆိုပြီးတော့ ဖြစ်နေပါ့မယ်။
Excel File အသစ်ဖန်တီးဖို့ အတွက်ရယ် ဆိုရင်တော့...
> FilePath ပေးတဲ့ အခါမှာ ကိုယ်အသစ်ဖန်တီးချင်တဲ့ Excel File ရဲ့ Name ကို .xls ဒါမှမဟုတ် .xlsx ဆိုတဲ့ Excel File ရဲ့ Extension ကိုပါ တွဲထည့်ပြီး ပေးဖို့  လိုအပ်ပါမယ်။ (ဥပမာ RoomData.xls ဒါမှမဟုတ် RoomData.xlsx).
> SheetName ကိုလည်း သင့်တော်တဲ့ Name တခုပေးနိုင်ပါတယ်။
> startRow ကို Code Block သုံးပြီး 0 လို့ ပေးပါမယ်။
(ဆိုလိုတာကတော့ Excel ရဲ့ ပထမဆုံး  Row က စပြီး Information တွေသွင်းမယ် ဆိုတဲ့ သဘောပါ။)
> startCol ကို Code Block သုံးပြီး 0 လို့ ပေးပါမယ်။ 
(ဆိုလိုတာကတော့ Excel ရဲ့ ပထမဆုံး  Column က စပြီး Information တွေသွင်းမယ် ဆိုတဲ့ သဘောပါ။)
> Data ဆိုတဲ့ Input မှာ Extract လုပ်ထားတဲ့ Room Information တွေအတွက် ဖြစ်ပါတယ်။
> overWrite ကတော့ ရှိနှင့်ပြီးသား Excel File ဆိုရင် File တခုလုံးကို Overwrite လုပ်ပစ်မလား ဆိုတဲ့ True/ False ရွေးခြယ်မှုပါ။ File အသစ်ဖန်တီးတဲ့ Process အတွက်ကတော့ ဘာဖြစ်ဖြစ် ကိစ္စ မရှိလှပါဘူး။
တကယ်လို့  ရှိနှင့်ပြီးသား ဒါမှမဟုတ် Format ပြင်ထားပြီးသား Excel File ထဲကို Information တွေသွင်းဖို့  ရယ် ... ဆိုပြီးတော့ 
> FilePath ပေးတဲ့ ရှိနှင့်ပြီးသား Excel File ကို ရွေးချယ်လိုက်ရပါမယ်။
> SheetName နေရာမှာလည်း ရှိနှင့်ပြီးသား Excel File ရဲ့ Sheet Name အတိုင်း String အဖြစ် Input လုပ်ပေးရပါမယ်။ 
(Case Sensitive ဖြစ်တဲ့ အတွက် ကိုယ် Information တွေသွင်းမယ့် Sheet Name အတိုင်း ၏ သည် မရွေး ကိုက်ညီနေရပါမယ်။)
> startRow ကို ကိန်းဂဏန်း အဖြစ်ရေးသွင်းရာမှလည်း ရှိနှင့်ပြီးသား Excel File ရဲ့  Format အတိုင်း အံဝင်မယ့် Row Number ကို ရေးသွင်းရပါမယ်။
(Dynamo သဘောအရ အရေအတွက်တွေကို 0 က စရေတွက်တာကြောင့် အခု Row Number 4 ကနေ Information တွေစပြီး သွင်းမယ် ဆိုရင် 3 လို့ ကိန်းဂဏန်း (Number) အနေနဲ့  ရိုက်ထည့်ပေးရပါမယ်။
> startCol ကိုလည်း startRow အတိုင်း ဂရုတစိုက် ဆောင်ရွက်ဖို့ လိုအပ်ပါမယ်။
(Column Number B ကနေ Information တွေစပြီး သွင်းမယ် ဆိုရင် 1 လို့ ကိန်းဂဏန်း (Number) အနေနဲ့  ရိုက်ထည့်ပေးရပါမယ်။
> Data ကတော့ ပထမ Process အတိုင်း ဆောင်ရွက်ရုံပါပဲ။
> overWrite အနေနဲ့ က False ပေးရပါလိမ့်မယ်။ ဒါမှ ရှိနှင့်ပြီးသား Excel File ထဲက Revit ဆီက Data Extraction လုပ်ထားတဲ့ Data တွေမဟုတ်တဲ့  တခြားသော Data တွေကို Overwrite အလုပ်မခံရအောင်လို့  ပါ။
ခုဆိုရင်တော့ Revit က  Information တွေကို Excel ဆီ Exchange လုပ်နည်း Workflow (၂) ခုကို ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။
နောက်ဆုံး အနေနဲ့  End-user တွေအတွက် User-friendly ဖြစ်အောင် Dynamo Code တွေကို မွမ်းမံဖြည့်စွက်ပုံလေး ဆက်လက် တင်ပြဆွေးနွေး သွားမှာ ဖြစ်ပါတယ်။
User-friendly ဖြစ်စေဖို့ Code ကို ထပ်ဆောင်းမွမ်းမံရခြင်း။
ဒီအဆင့်မှာတော့ Dynamo Code ရေးသူအနေနဲ့  မိမိအတွက်ထက် Dynamo ဆိုတာကို လုံးဝမထိတွေ့  ဖူးသေးတဲ့ End-user တွေအတွက်ကို အဓိကထား စဉ်းစားပြီး  Code တွေကို ရေးဖို့ လိုအပ်လာပါမယ်။ နောက်ဆုံး တင်ပြဆွေးနွေးခဲ့တဲ့ Code (Revit To Excel) ကို အခြေခံပြီး ဆွေးနွေးကြည့်ကြရအောင်။
> ပထမဆုံး အနေနဲ့ Extract လုပ်ချင်တဲ့ Room ဆိုတဲ့ Category ကို ရွေးခြယ်ဖို့ 
> File Path ပေးပြီး Excel File အသစ်ဖန်တီးဖို့ ၊ ဒါမှမဟုတ် ရှိပြီးသား Excel File ကို File Path ပေးဖို့ 
> အသစ်ဖန်တီးမယ့် Excel File ရဲ့ Sheet Name ကို အမည်ပေးဖို့ ၊ ဒါမှမဟုတ် ရှိပြီးသား Excel File ရဲ့ Sheet Name အတိုင်း String အဖြစ် Input လုပ်ပေးဖို့ 
> Start Row နဲ့  Start Column နံပါတ်တွေကို သတ်မှတ်ဖို့ 
... စတဲ့ User Input တွေဟာ လက်ရှိ Code အတိုင်း ဆိုရင် Dynamo ဆိုတာကို လုံးဝမထိတွေ့  ဖူးသေးတဲ့ End-user တွေအတွက် တကယ့်အခက်အခဲ တခုပါပဲ။ End-user တွေအနေနဲ့  ဒီအခက်အခဲကို အလွယ်တကူ ပြေလည်စေဖို့ အတွက်ကတော့ Dynamo Code ရေးသူတွေ အနေနဲ့ Node အပိုလေးတွေ ထပ်မံဖြည့်စွက်ပေးဖို့  လိုအပ်လာပါတော့တယ်။ အဲ့ဒီအတွက် Data-Shapes Package ဟာ မလွဲမသွေ လိုအပ်လာမှာ ဖြစ်ပါတယ်။
၁။ Category ကို ရွေးခြယ်ခြင်း။ 
၂။ File Path ပေးခြင်း။  
UI.FilePath Data ကို အသုံးပြုထားပါတယ်။ သူ့ မှာ Input (၃) ခုရှိပြီး Input Name တခုကိုသာ သိသာအောင် ဖော်ပြပေးဖို့ လိုအပ်ပါတယ်။
၃။ Sheet Name ကို အမည်ပေး ခြင်း။
UI.TextBox Data ကို အသုံးပြုထားပါတယ်။ သူ့ မှာ Input (၂) ခုရှိပြီး Input Name တခုကိုသာ သိသာအောင် ဖော်ပြပေးဖို့ လိုအပ်ပါတယ်။
၎။ Start Row/ Start Column နံပါတ်ကို သတ်မှတ်ခြင်း။
UI.TextBox Data ကို အသုံးပြုထားပါတယ်။ သူ့ မှာ Input (၂) ခုရှိပြီး Input Name တခုကိုသာ သိသာအောင် ဖော်ပြပေးဖို့ လိုအပ်ပါတယ်။ 
Dynamo ကို မထိတွေ့ ဖူးသေးတဲ့ End-user အတွက် Dynamo ရဲ့ 0 ကနေ စပြီး ရေတွက်တဲ့ List ရဲ့ သဘောသဘာဝကို နားလည်မှာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ UI Dialog Box မှာ Start Row/ Start Column အတွက် နံပါတ်ကို သတ်မှတ်ရတဲ့ အခါမှာ သူသိနှင့်ပြီးသား ကိန်းဂဏန်း ရေတွက်ပုံနဲ့  ကိုက်ညီနေစေဖို့  အတွက် Formula (x-1) တခု ကြားခံပေးထားလိုက်တာ ဖြစ်ပါတယ်။
(ဥပမာ Excel ရဲ့ Row No. 4 ကနေ Information တွေ စ ထည့်ချင်ရင် သူ့ အနေနဲ့  သမရိုးကျအတိုင်း 4 ကို ရိုက်ထည့်ရုံပါပဲ။ Column No. C ကနေ Information တွေ စ ထည့်ချင်ရင်လည်း 3 ကို ရိုက်ထည့်ရုံပါပဲ) 
၅။ Dynamo Code နှင့် ချိတ်ဆက်ပေါင်းစည်းခြင်း
အခုဆိုရင်တော့ ဒီ Dynamo Code ဟာ End-user အတွက် User-friendly ဖြစ်တဲ့ Code တခုဖြစ်သွားပါပြီ။ ဒီ Dynamo Code ကို အသုံးပြုမယ်ဆိုရင်
၁။ Revit 2017.2 နဲ့ အထက် ရှိရပါမယ်။ ဒါမှ Dynamo Player ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
၂။ Dynamo 1.2.1 နဲ့ အထက် ရှိရပါမယ်။
၃။ Data-Shapes Package  ရှိရပါမယ်။
 Dynamo Player အသုံးပြုပုံကိုတော့ အောက်က Video Link တွေကနေ လေ့လာနိုင်ပါတယ်။
1. Rename/ Renumbering and Cleaning of Parameter Value of Selected Category
2. Creating/ Adding Worksets Into Revit Project thru Excel
Friday, 1 September 2017
DYN06.02 : Data-Shapes Package နှင့် မိတ်ဆက်ခြင်း အပိုင်း(၁)
Data-Shapes Package ဆိုတာက Dynamo ထဲမှာ ထပ်ဆောင်းပြီး install လုပ်ရတဲ့ Package မျိုးလို့  အကြမ်းဖျင်း နားလည်ထားရင်ပဲ လုံလောက်မယ်ထင်ပါတယ်။ Dynamo ကို ထဲထဲဝင်ဝင် သုံးစွဲလာတာနဲ့  အမျှ ဒီလို Additional Package တွေရဲ့ အသုံးဝင်ပုံ၊ အသုံးပြုပုံတွေကိုလည်း ရင်းနှီးလာမှာ ဖြစ်လို့ ပါပဲ။
Dynamo ကို Revit အတွက် Automation Tool အဖြစ်အသုံးပြုကြတဲ့ အခါ ဒီလို Additional Package တွေဟာ ကိုယ့်ရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး လိုအပ်နေမှာပါပဲ။ တခါတခါလည်း Package တခုနဲ့  တခုအကြားဖြစ်စေ၊ Package တခုတည်းအတွင်းမှာဖြစ်စေ Conflict ဖြစ်တာတွေလည်း တွေ့  မြင်ရတတ်ပါတယ်။ အဲ့ဒီအခါကျရင်တော့ လိုအပ်သလို Package တွေကို uninstall လုပ်တာတို့ ၊ Dynamo တခုလုံးကို uninstall လုပ်ပြီး reinstall ပြန်လုပ်ရတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။
ဒီလို Package တွေအများကြီးထဲကမှ ဒီ Data-Shapes Package ကိုကွက်ပြီး အကျယ်တ၀င့် ဆွေးနွေးရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ သူ့ ရဲ့ UI (User Interface) Node တွေကြောင့်ပဲ ဖြစ်ပါတယ်။ End-user အတွက် User-friendly ဖြစ်စေဖို့ အတွက် Dynamo Code တွေကို ဖန်တီးကြတဲ့ အခါမှာ သူ့ ရဲ့ UI Node တွေဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေလို့ ပါပဲ။
Data-Shapes Package ရဲ့ UI နဲ့  ပတ်သက်တဲ့ Node တွေကတော့ အောက်ဖော်ပြပါ ပုံအတိုင်းပဲ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ Node တွေထဲကမှ ပထမဆုံးသော Node ဖြစ်တဲ့ UI.MultipleInputForm ဆိုတဲ့ Node အကြောင်းကို အရင်ဆုံး ဆွေးနွေးတင်ပြချင်ပါတယ်။
 Dynamo ရဲ့ Working Space ထဲကို အဲဒီ UI.MultipleInputForm ဆိုတဲ့ Node လေးချပြီး သူ့ ရဲ့အပေါ် Casa လေး တင်လိုက်မိရင်ပဲ အထက်ဖော်ပြပါ ပုံအတိုင်း အသုံးပြုပုံ Hints တွေကို မြင်တွေနိုင်ပါတယ်။
ဒီ Node ဟာဆိုရင် Imput (9) မျိုးကို လက်ခံနိုင်ပါတယ်။
၁။ "String" လို့ ခေါ်တဲ့ Text လို key-in လုပ်ရတဲ့ Info တွေ
၂။ "Boolean" လို့ ခေါ်တဲ့ True/ False Option တွေ
၃။ "File Path" ရွေးလို့ ရနိုင်တဲ့ Function တွေ
၎။ "Directory Path" ရွေးလို့ ရနိုင်တဲ့ Function တွေ
၅။ Revit ရဲ့ Model Element တွေကို Select လုပ်လို့ ရတဲ့ Function တွေ
၆။ Revit ရဲ့ Element Face တွေကို Select လုပ်လို့ ရတဲ့ Function တွေ
၇။ Revit ရဲ့ Element Edge တွေကို Select လုပ်လို့ ရတဲ့ Function တွေ
အောက်မှာကျန်နေတဲ့ ၂ ခုကတော့ နောက်ထပ်  Node တွေဖြစ်တဲ့ UI.DropDown Data UI.ListView Data တို့ နဲ့  တွဲဖက်ပြီး ရွေးချင်တဲ့ Info တွေကို DropDown List ကသော်လည်းကောင်း၊ ListView ကသော်လည်းကောင်း ရွေးချယ်လို့ ရတဲ့ Function တွေပဲ ဖြစ်ပါတယ်။
အောက်က Video မှာ "String"နဲ့  "Revit element selection" အသုံးကို တင်ပြဆွေးနွေးထားပါတယ်။
လာမယ့် ပို့ စ်ကျရင်တော့ "File Path"  နဲ့  တခြား အသုံးတွေကို ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
တကယ်လို့ သာ Revit 2018.1 သုံးမယ် ဆိုရင်တော့ "File Path" တို့  "Boolean" တို့ တွေဟာ Dynamo Player ရဲ့ Built-in Function တွေအနေနဲ့  ပါဝင်လာတာမို့  UI အနေနဲ့ သီးသန့် ဖန်တီးပေးဖို့  မလိုအပ်တော့ပါဘူး။ ဒါပေမယ့် တခြား Input တွေအတွက်တော့ UI Node တွေဟာ လိုအပ်နေအုံးမယ် ဆိုတာကိုလည်း သိထားစေချင်ပါတယ်။
Saturday, 8 July 2017
DYN06.01 : Dynamo Player နှင့် မိတ်ဆက်ခြင်း
Dynamo Player ရယ်လို့  ပြောလိုက်ရင် သာမန် Revit User တွေအတွက်တော့ နည်းနည်း ထူးဆန်းနေကြမှာပါပဲ။ ကျနော်တို့ လို Dynamo ခြေဆော့လက်ဆော့ ရှိသူတွေအတွက်တော့ သိထားသင့် တတ်ထားသင့်တဲ့ Tool တခုလို့  ဆိုရမှာပါ။
ပထမဆုံးအနေနဲ့  Dynamo ဆိုတာ Visual Programming Script/ Tool ရယ်လို့ သိထားကြပြီးပြီ လို့ မျှော်လင့်ပါတယ်။
ဆိုတော့ကာ ... သာမန်အားဖြင့် ရေးပြီးသား Dynamo Code တွေကို အသုံးပြုဖို့  ဆိုတာ End User အနေနဲ့  အဲ့ဒီ Dynamo Code တွေကို ဖွင့်ရမယ်။ ပြီးရင် လိုအပ်တဲ့ Input တွေကို ဖြည့်ရမယ်။ နောက်ဆုံးအနေနဲ့  Run Button ကို နှိပ်ရမယ်။
ဆိုတော့ကာ ... End User တွေဟာ Dynamo ရဲ့ အခြေခံသဘောတရားတွေ၊ လုပ်ဆောင်ချက်တွေကို နားလည်နေဖို့  လိုလာပြန်တယ်။ ဒါ့အပြင် End User တွေကြောင့် ရေးပြီးသား Dynamo Code တွေလည်း မတော်တဆ ဆိုသလို ပျက်စီးသွားတတ်တာတွေလည်း ဖြစ်နိုင်နေသေးပြန်တယ်။ End User တိုင်းကို Dynamo မတတ်မနေရ... လို့ လုပ်ရအောင်ကျပြန်တော့လည်း ပုံမှန် Authoring Tool တွေလို စိတ်ဝင်စားဖို့  ကလည်း မဖြစ်နိုင်ပြန်ဘူး။
ဒါကြောင့်ပဲ ရေးပြီးသား Dynamo Code တွေကို အားလုံးအတွက်လည်း အသုံးတည့်အောင်၊ ပြီးတော့ User-friendly လည်း ဖြစ်မယ့် Tool တခုခုကို ကျနော်တို့  မျှော်လင့်ခဲ့ကြတယ်။
အရင်ဆုံး Dyno Browser ဆိုတဲ့ Tool တခု ပေါ်လာတာ တွေ့ ရပါတယ်။ Dynamo ကို ဖွင့်စရာမလိုပဲ Dyno Browser ထဲမှာ ရှိနေတဲ့ Dynamo Code တွေကို Double-click နှိပ်ပြီး Run လိုက်ရုံပါပဲ။ Input တွေနဲ့  တွဲပြီး သုံးရတဲ့ Dynamo Code တွေ အတွက်ကျတော့ ထပ်ဆင့်ပြင်ဆင်မှုတွေ လုပ်ပေးရပါတယ်။
ဒီလိုနဲ့  Autodesk Revit 2017 ထွက်လာပြီး သိပ်မကြာခင်မှာပဲ Revit 2017.2 ထပ်ထွက်လာပြီး သူနဲ့ အတူ Dynamo Player ဆိုတဲ့ Tool တခုပါ တွဲပါလာတာပါတော့တယ်။
Dynamo Player ဆိုတာ ဘာလဲ
Dynamo Code တွေကို Dynamo(Visual Programming) Knowledge ရှိစရာ မလိုပဲ End User တိုင်း အလွယ်တကူ အသုံးပြုနိုင်အောင် စီစဉ်ဖန်းတီးပေးထားတဲ့ User-friendly Tool တခုလို့  ဆိုနိုင်ပါတယ်။
Dynamo Player ချည်းသက်သက် ဆိုရင်တော့ Simple Code တွေကိုသာ Run ဖို့ အဆင်ပြေနိုင်ပြီး User Input တွေ တွဲပါနေတဲ့ Code တွေကို End User တွေ လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့  ဆိုရင်တော့ Code ရေးသူတွေအနေနဲ့  User Interface (UI) တွေကို ဖန်တီးပေးနိုင်တဲ့ Node Package တွေကို အသုံးပြုဖို့ လိုအပ်လာပါလိမ့်မယ်။ ဒါမှလည်း End User တွေအတွက် User-friendly ဖြစ်မယ့် Code တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
UI တွေကို ဖန်တီးပေးနိုင်တဲ့ Node Package တွေကတော့ ...
- Data-Shapes
- Rhythm
... စတဲ့ Package တွေပဲ ဖြစ်ပါတယ်။ ကျနော်မသိတဲ့ တခြား Package တွေလည်း ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။
လာမယ့် Post ကျရင်တော့ Data-Shapes နဲ့  Rhythm Package တွေထဲက Node တွေရဲ့ အသုံးပြုပုံကို တင်ပြဆွေးနွေးသွားဖို့ ရည်ရွယ်ထားပါတယ်။
Monday, 26 June 2017
DYN05.03 : Dynamo Code များနှင့် ကခုန်ခြင်း - အပိုင်း(၃)
သူ...
သူဟာ
ကျနော်တို့ ဘ၀ထဲကို အလင်းတန်းတွေ သယ်ဆောင်လာတယ်ပဲ ပြောရမလား။
ကျနော်တို့ ဦးရေဖျားထက် အလံဖြူတွေ လာလာစိုက်နေတယ်ပဲ ပြောရမလား။
ဘယ်လိုပဲပြောပြော အကန့် အသတ်တွေ၊ အတားအဆီးတွေကိုတော့ သူ့ ရဲ့ ပံ့ပိုးမှုတွေနဲ့  တဆင့်ချင်း တလှမ်းချင်းတော့ ကျော်ဖြတ်နိုင်ခဲ့တာပဲလေ။
နှလုံးသားကို ညွှို့ ယူ ဖမ်းစားတတ်သူတွေကတော့ သူ့ အကူအညီနဲ့ ပန်းပွင့်တွေ ဖန်ဆင်းတတ်ကြတယ်။ နတ်စီတဲ့ အိပ်မက်လှလှတွေ ဖန်တီးတတ်ကြတယ်။ :P
သူဟာ ကျနော်တို့ ဘ၀တွေအတွက်တော့ တန်ခိုးရှင်တယောက်လိုပါပဲ။
-------------------------------------------------------------------------------------
မိုးတွေတဖွဲဖွဲကျနေတဲ့ ကြားက အပူချိန်တွေမြင့်မားနေစဲ စက်ရုပ်မြို့တော်ရဲ့ အလုပ်နားရက်တခုမှာပေါ့။ အိမ်ချင်းက တဘလော့သာခြားပေမယ့် တလတခါတောင်မှာ မတွေ့ ဖြစ်ကြတဲ့ သူငယ်ချင်း အိမ်အလည်လာရင်း...
စကားတွေ ဖောင်ဖွဲ့ ရင်းက ... သူ့ ... အကြောင်းတွေဆီ ရောက်သွားပြီး ဒီဇာတ်လမ်းလေး စတင်ခဲ့တယ်...ဆိုပါတော့....။
ဒန်  ဒန့်  ဒန်
-----------------------------------------------------------------------------------
ဟိဟိ... ဘာမှဟုတ်ဘူး သက်လား... Dynamo Code တခုအကြောင်း ပြောမလို့  အစပျိုးတာ... :P
သူငယ်ချင်းက သူ့ အလုပ်ထဲက တချို့ Repetition ဖြစ်နေတဲ့ ကိစ္စတွေ၊ Manually လုပ်နေရတဲ့ တချို့  Process တွေအကြောင်း ပြောကြရင်းက Sheet Number တွေကို အလွယ်တကူ Rename/ Renumber  လုပ်ဖို့  နည်းလမ်းရှာရင်းက ဒီ ရိုးရှင်းတဲ့ Dynamo Code လေးကို ရှာဖွေတွေ့ ရှိခဲ့ကြတာပါ။
 Revit မှာက Sheet Number ကို ထပ်လို့ မရတာက Software Limit တခုဖြစ်နေတာရယ်ကြောင့် သက်ဆိုင်ရာ Authority တွေအတွက် ပြင်ဆင်တဲ့ အခါ ဒီ Sheet ကိုပဲ Duplicate လုပ်ပြီး Sheet Number ရဲ့ နောက်ဖက်မှာ Authority Name ကို Initial အနေနဲ့  BCA, URA, LTA,... စသဖြင့် ဖြည့်စွက်ပေးရလေ့ ရှိသတဲ့။
အတိုချုံးပြောရရင်တော့ Sheet Number ကို XXX/XX/XXX(BCA) လို့ ပေးထားတဲ့ Sheet တွေကိုပဲ  URA  ကို Issue လုပ်ချင်လာတဲ့အခါ Sheet Number တခုချင်းစီကို သွားပြီး Rename လုပ်နေရတာကို လွယ်ကူမြန်ဆန်တဲ့ နည်းလမ်းရှာရင်းက ဒီ Dynamo Code လေး ရေးဖြစ်ခဲ့တယ် ဆိုပါတော့။
ဒီ Code ရဲ့ ရည်ရွယ်ချက်ကတော့ ဖွင့်ထားတဲ့ Revit ဖိုင်ရဲ့ Sheet တွေရဲ့ Sheet Number တွေမှာ ပါဝင်နေတဲ့ Authority ရဲ့ Initial တွေကို ကိုယ် အစားထိုးချင်တဲ့ Authority ရဲ့ Initial တွေနဲ့  အစားထိုး Rename လုပ်ပေးတာပါပဲ။
Monday, 1 May 2017
DYN05.02 : Dynamo Code များနှင့် ကခုန်ခြင်း - အပိုင်း(၂)
မင်္ဂလာပါ။
ပြီးခဲ့တဲ့ Post မှာတုန်းက Revit ထဲမှာ ဖန်တီးထားတဲ့ Element တွေရဲ့ Information တွေကို Dynamo မှာ Extraction လုပ်ပုံ၊ ပြီးတော့ MS Excel ဆီ Data Exchange လုပ်ပုံတွေကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဒီ Post မှာတော့ Dynamo ကို အသုံးပြုပြီး MS Excel ဆီက Information တွေကို Revit ရဲ့ Element တွေနဲ့  ချိတ်ဆက် အလုပ်လုပ်ပုံကို တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ပထမ Video မှာတော့  အရင်ဆုံး MS Excel ထဲမှာ ဖန်တီးထားတဲ့ Room တခုရဲ့ Information တွေကို Dynamo မှာ Extract လုပ်ပုံအဆင့်ဆင့်ကို တင်ပြဆွေးနွေးထားပါတယ်။ ပြီးတော့မှ Revit ထဲက Room ရဲ့ Parameter တွေနဲ့  ချိတ်ဆက်ပြီး Room Schedule ကို Update လုပ်ပုံကို တင်ပြဆွေးနွေးထားပါတယ်။ ဒီ Process ရဲ့ အားနဲချက်ကတော့ Revit ထဲက Element တွေရဲ့ Parameter နဲ့ MS Excel ထဲမှာ ဖန်တီးထားတဲ့ Information တွေအကြားမှာ မှန်မှန်ကန်ကန် ချိတ်ဆက်နိုင်တဲ့ Link တခု လွတ်နေတာပါပဲ။ MS Excel ထဲမှာ Information အမျိုးအစားတခုအပေါ် အခြေခံပြီး Sorting လုပ်လိုက်တဲ့အခါမှာ Revit ရဲ့ Parameter တွေဟာ ကမောက်ကမတွေ ဖြစ်သွားပါမှာ ဖြစ်ပါတယ်။
ဒီ Process ကို သုံးမယ်ဆိုရင် အရင်ဆုံး Information ကို Revit ကနေပဲ စပြီး (Write to Excel) ထုတ်သင့်ပါတယ်။ အဲ့ဒီလို ထုတ်တဲ့ အခါမှာလည်း Element ID ကိုပါ ထည့်ပေးလိုက်ဖို့  လိုအပ်ပါမယ်။ အဲဒီ Revit ကနေ ထုတ်လိုက်တဲ့ Information တွေကို MS Excel မှာ ဖွင့်ကြည့်တဲ့ အခါမှာ Information တွေ  Element ID ရဲ့ Value အလိုက် စီပေးထားတာကို မြင်တွေ့ ကြရမှာပါ။ 
MS Excel ထဲမှာ လိုအပ်ချက်တွေ Fill in လုပ်ပြီး Revit ဆီ ပြန်မပို့ ခင် စစ်ဆေးရမှာက Element ID တွေကို Smallest to Largest အတိုင်း Sorting ပြန်လုပ်ပေးဖို့ ပါပဲ။ ပြီးတော့ MS Excel ရဲ့ Row တွေဟာ Information တွေ တခုနဲ့ တခုအကြားမှာ Empty Row တွေရှိနေလို့ မရပါဘူး။
ဒါကြောင့်ပဲ ဒုတိယ  Video ကို ဖန်တီးလိုက်ရပါတယ်။
ဒီ Video မှာတော့ Bakery Package ထဲက Search One List Based on Second List and Get Values ဆိုတဲ့ Node ကို ထည့်သွင်း အသုံးပြုထားပါတယ်။
 ဒီ Node မှာ Input (၄) ခု ပါဝင်နေပြီး ပထမ တခုဖြစ်တဲ့ listOfValuesToFind ကတော့ Revit Element တွေထဲက ကိုယ် Handle လုပ်ချင်တဲ့ Parameter တွေရဲ့ Value တွေကို ချိတ်ဆက်ဖို့ ပါ။
ဒုတိယတခုဖြစ်တဲ့ listToSearchForValues ဆိုတာကတော့  ပထမ Input Value တွေနဲ့  တူညီတဲ့ Information တွေကိုရှာဖို့ အတွက် MS Excel ထဲက Revit Handle လုပ်မဲ့ Parameter တွေနဲ့ အမျိုးတူတဲ့ List ကို ချိတ်ဆက်ဖို့ ပါ။
နောက်ဆုံးတခုဖြစ်တဲ့ listToGetValuesFrom ဆိုတာကတော့ ပထမ Input Value တွေနဲ့ ဒုတိယ Input Value တွေ တူညီတယ် ဆိုရင် Follow up လုပ်ခိုင်းရမယ့် MS Excel ထဲက Information List တခုကို ချိတ်ဆက်ဖို့ ပါ။
တတိယတခု အတွက်ကတော့ String Input အနေနဲ့  Place Null လို့  ရိုက်ပြီး ချိတ်ဆက်ပေးရုံပါပဲ။ အကြောင်းကတော့ ပထမ Input Value တွေနဲ့  တူညီတဲ့ Information တွေကိုရှာမတွေ့ တဲ့အခါ Error/ Warning မတက်အောင် ကာထားတဲ့ သဘောပါပဲ။ (ဥပမာ Empty Row တွေလိုမျိုးတွေတွေ့ တဲ့အခါမျိုးပေါ့။)
ဒီ ဒုတိယ  Video ထဲက Code ကို အသုံးပြုမယ် ဆိုရင်တော့ Excel မှာ Table တွေကို စိတ်တိုင်းကျ လွတ်လပ်စွာ ရေးဆွဲနိုင်ပါတယ်။ Exchange လုပ်ချင်တဲ့ အခါကျမှသာ Revit ရဲ့ Handle လုပ်ချင်တဲ့ Parameter တွေအပေါ် အခြေပြုပြီး Excel ထဲက Information တွေကို  Extract လုပ်နိုင်ပါကြောင်း....
အောက်က Link (၂)ခုကနေလည်း ဒေါင်းယူနိုင်ကြပါတယ်။
http://www.mediafire.com/file/ynee2vcxq1nd2bp/ExcelVsDynVsRevit001.wmv
http://www.mediafire.com/file/j6fxn611f3j181x/ExcelVsDynVsRevit002.wmv
Sunday, 9 April 2017
DYN05.01 : Dynamo Code များနှင့် ကခုန်ခြင်း - အပိုင်း(၁)
မင်္ဂလာပါ ပရိတ်သတ်ကြီးရေ...
ဒီ Post ကနေစတင်ပြီး Dynamo Code တွေကို Autodesk Revit 2016 နဲ့ တွဲဖက်ပြီး အသုံးပြုပုံတွေကို ကျနော်နဲ့ အတူ လေ့လာသွားကြရမှာ ဖြစ်ပါတယ်။ ဘာကြောင့် Autodesk Revit 2016 ကို အသုံးပြုရသလဲ ဆိုတော့ Dynamo 1.0.0 နဲ့  အထက် တွေဟာ Autodesk Revit 2016 မှာပဲ အဆင်ပြေပြေ Run နိုင်တာကြောင့်ပါပဲ။
ဒါ့အပြင် Dynamo ထဲမှာ ထပ်ဆင့် ထည့်သွင်းအသုံးပြုကြရတဲ့ Developer တွေဖန်တီးပေးထားကြတဲ့ အဆင့်မြင့် လွယ်ကူတဲ့ Code Package တွေဟာဆိုရင်လည်း Dynamo 1.0.0 နဲ့  သူ့ ထက် မြင့်တဲ့ version တွေမှာသာ အလုပ်လုပ်လေ့ရှိတဲ့ သဘောတွေကလည်း  Autodesk Revit 2016 လောက်ကို အသုံးပြုဖို့  တိုက်တွန်းနေပြန်ပါတယ်။ အခုလောလောဆယ် (Apr 2017 အထိ) Dynamo 1.2.1 ဟာ Update အဖြစ်ဆုံး version ဖြစ်ပြီး အနိမ့်ဆုံး Autodesk Revit 2016 နဲ့ မှ အဆင်ပြေမှာ ဖြစ်ပါတယ်။
ဒီ Post ကနေစလို့  Autodesk Revit 2016 နဲ့ အတူ Dynamo 1.2.1 ကို တွဲဖက်အသုံးပြုပြီး တင်ပြဆွေးနွေးသွားဖို့  စီစဉ်ထားပါတယ်။
Dynamo ရဲ့ Latest Version တွေကို http://dynamobim.org/download/ အောက်ကနေ တိုက်ရိုက် ရယူနိုင်ပါတယ်။
 Dynamo ရဲ့ User Interface နဲ့ အတူ Select Faces, Select Edges နဲ Select Model Elements အသုံးပြုပုံတွေကို RevitVsDynamo_001 မှာ ဆွေးနွေးတင်ပြထားပါတယ်။
http://www.mediafire.com/file/lq5w3ju8iikfubm/RevitVsDynamo_001.wmv
Category အလိုက် Revit မှာ ဖန်တီးထားတဲ့ Element တွေရဲ့ Information တွေ Extract လုပ်ပုံ၊ List  လုပ်ပုံ တွေကို RevitVsDynamo_002 မှာ ဆွေးနွေးတင်ပြထားပါတယ်။
http://www.mediafire.com/file/mvpwbtbywup1r42/RevitVsDynamo_002.wmv
 List  လုပ်ထားတဲ့ Information တွေ MS Excel ဆီ Exchange လုပ်ပုံ Sorting လုပ်ပုံ တွေကို RevitVsDynamo_003 မှာ ဆွေးနွေးတင်ပြထားပါတယ်။
http://www.mediafire.com/file/5ox71q61pxxhd7e/RevitVsDynamo_003.wmv
အထက်ပါ လေ့ကျင့်ခန်းတွေပြုလုပ်ဖို့  အဓိကလိုအပ်ချက်ကတော့
  • Autodesk Revit 2016
  • Dynamo 1.2.1
  • Clockwork ( Additional Package) ... တို့ ပဲဖြစ်ပါတယ်။
လာမယ့်  Post ကျရင်တော့ Information တွေကို Revit <=> Dynamo <=> MS Excel အကြား အပြန်အလှန် Exchange လုပ်ပုံတွေကို တင်ပြဆွေးနွေးသွားဖို့  စီစဉ်ထားပါတယ်။
Wednesday, 22 March 2017
DYN04.11 : အခြေခံ Geometry တည်ဆောက်ခြင်း - အပိုင်း(၁၁)
မင်္ဂလာပါ။
ဒီတခါတော့ List တွေရဲ့ အသုံးပြုပုံတွေကို အကျဉ်းချုံးပြီး တင်ပြဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်။
List.Create မှာ Input အနေနဲ့  List အစုအဖွဲ့ တွေကို တခုထက်အက ကိုယ်ကြိုက်သလောက် ဖန်တီးနိုင်ပါတယ်။
အထက်ဖော်ပြပါ ပုံကို ကြည့်မယ် ဆိုရင် Construction Material စာရင်းတခုကို တွေ့ မြင်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီ အစုအဖွဲ့ တခုစီ ဖြစ်နေတဲ့ Information သူ့ အစုနဲ့ သူ စာရင်းပြုစုနိုင်ဖို့ အတွက် List.Create ကို အသုံးပြုကြရပါမယ်။ List တွေကို (0) ကနေ စတင်ရေတွက်ရတာကိုလည်း သတိပြုမိဖို့ လိုအပ်ပါတယ်။
အခုဆိုရင်တော့ ပထမအဆင့် အနေနဲ့  List တွေကို သူ့ အစုနဲ့ သူ စာရင်းပြုစုပြီးပါပြီ။ သူ စာရင်းပြုစုပုံက Information ရဲ့ Source အလိုက် ဖြစ်နေတာမို့ Information တွေဟာ သူ့ List တခုစီနဲ့ သူ သီးသီးခြားခြားကြီး ဖြစ်နေပါတယ်။ တကယ်တမ်းဖြစ်ချင်တာက
  • 1, Cement, 10, bag
  • 2, Sand, 200, cuft
  • 3, Gravel, 400, cuft
  • 4, Rebar, 550, kg
  • 5, Formwork, 350, sqft
အဲဒီလို ဖြစ်ဖို့ ရာ List ရဲ့ Action အောက်က List.Transpose ကို အသုံးပြုရပါမယ်။
လက်ရှိရထားတဲ့ List ကိုသာ Excel ကို Export လုပ်မယ် ဆိုရင် အောက်ဖော်ပြပါပုံအတိုင်း မြင်တွေ့  ကြရမှာပါ။
ဒီအခြေအနေမှာ သူတို့ အတွက် Header အနေနဲ့  ထည့်ပေးဖို့  လိုအပ်လာမယ် ဆိုရင်တော့ List ရဲ့ Action အောက်က List.AddItemToFront ကို အသုံးပြုရပါမယ်။
ဒါမှလည်း Excel မှာ အောက်ဖော်ပြပါပုံအတိုင်း စနစ်တကျ စာရင်းပြုစုနိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့  လက်ရှိ List ထဲကမှ Rebar နဲ့ ပတ်သက်တဲ့ Information ဖယ်ရှားပစ်ချင်တယ် ဆိုရင်တော့ List ရဲ့ Action အောက်က List.RemoveItemAtIndex ကို အသုံးပြုရပါမယ်။ သူ့ မှာ Input အနေနဲ့  List, Indices ဆိုပြီး ပါဝင်နေပါတယ်။ ကိုယ်ဖယ်ရှားချင်တဲ့  List ရဲ့ Index number ကို Indices နဲ့  ချိတ်ဆက်ပေးလိုက် ရုံပါပဲ။
List ရဲ့ Action အောက်က တခြားသော အသုံးဝင်တဲ့ Node တွေကိုလည်း ကိုယ့်ဖာသာကိုယ် ဆက်လက် လေ့လာကြပါ...လို့ တိုက်တွန်းရင်း အခြေခံ Geometry တည်ဆောက်ခြင်းဆိုတဲ့ ဆွေးနွေးခန်းကို ဒီနေရာမှာ ခဏနားပါရစေ။
(ရှေ့ လာမယ့် Post တွေကျတော့မှပဲ အလျင်းသင့်ရင် သင့်သလို ထူးခြားတဲ့ List ရဲ့ Node တွေ တင်ပြဆွေးနွေးသွားပေးပါ့မယ်။)
လာမယ့်  Post တွေက စလို့  Revit နဲ့  တွဲဖက်အသုံးပြုမယ့် Dynamo ရဲ့ Code တွေအကြောင်းကို ဆက်လက်တင်ပြ ဆွေးနွေးသွားဖို့  ရည်မှန်းထားပါတယ်။
Sunday, 19 March 2017
DYN04.10 : အခြေခံ Geometry တည်ဆောက်ခြင်း - အပိုင်း(၁၀)
မင်္ဂလာပါ အပေါင်းအသင်းတို့ ရေ...
ဒီ Post မှာတော့ အခြေခံ 3D Solid တွေကိုဖန်တီးကြတဲ့ နေရာမှာ အသုံးပြုလေ့ရှိကြတဲ့ Extrude, Sweep, Revolve,...စတဲ့ နည်းလမ်းတွေနဲ့  အသုံးပြု တင်ပြဆွေးနွေးသွားဖို့ ရှိပါတယ်။
Library အောက်က Geometry > Solid ဆီကို သွားတဲ့အခါ အောက်ဖော်ပြပါ ပုံအတိုင်း Create အနေနဲ့  Node (၈)ခု၊ Action အနေနဲ့  Node (၉)ခု၊ Query အနေနဲ့  Node (၂)ခု ကို တွေ့ မြင်ကြရမှာပါ။
ဖော်ပြပါ Node တွေထဲကမှ Solid.ByLoft(crossSections) လေးနဲ့  3D Solid တခု ဖန်တီးကြရအောင်။
သူ့ မှာ input အနေနဲ့ က crossSections ဆိုတဲ့ တခုသာ ပါဝင်နေတာကို သတိထားမိကြမှာပါ။ သူ့ ရဲ့ လိုအပ်ချက်ကတော့ Closed Curve (၂)ခုပါပဲ။ အဲ့ဒီအတွက် Circle တခုနဲ့  Ellipse တခုကို အရင်ဖန်တီးကြတာပေါ့။
(အထက်ဖော်ပြပါ ပုံကတော့ Circle တခုနဲ့  Ellipse တခုကို ဖန်တီးတဲ့နေရာမှာ သူတို့ ရဲ့ မူလ Node ရော Code Block ကိုပါ အသုံးပြုပြပေးထားတာပါ။ အသုံးပြုသူအနေနဲ့ က နှစ်သက်ရာကို လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။ မူလ Node တွေကိုပဲ သုံးချင်ရင်တော့ သက်ဆိုင်ရာ input တွေကိုပါ ဖြည့်စွက်ပေးဖို့  လိုအပ်ပါလိမ့်မယ်။)
ကျနော့်အနေနဲ့  Code Block တွေကိုပဲ အသုံးပြုပြီး Run လိုက်တဲ့အခါ အထက်ဖော်ပြပါ ပုံအတိုင်း Circle တခုနဲ့  Ellipse တခုကို ဖန်တီးထားတာကို မြင်တွေ့ ရမှာပါ။
ဒီနေရာမှာ အခက်အခဲတခု ကြုံနေရတာက Solid.ByLoft(crossSections) ရဲ့ input က တခုတည်းရှိနေပြီး တကယ် input လုပ်ရမှာက Circle နဲ့  Ellipse ဆိုတဲ့ input (၂)ခု ဖြစ်နေတာပါပဲ။
အဲ့ဒီအခက်အခဲကို ပြေလည်စေဖို့ အတွက် Dynamo က List.Create ဆိုတဲ့ Node ကို စီစဉ်ပေးထားပါတယ်။ List ဆိုတာ သက်ဆိုင်ရာ Element တွေရဲ့ Information တွေကို အစီအရီ နေရာချပေးတဲ့ အလုပ်ကို လုပ်ဆောင်ပေးပါတယ်။ Dynamo မှာ Code တွေကိုရေးကြတဲ့အခါ မသိမဖြစ်တဲ့ အစိတ်အပိုင်း လို့ လည်း ဆိုနိုင်ပါတယ်။
Library အောက်ကနေ Core > List > List.Create (or) Search Box > List.Create ကိုသုံးပြီး List.Create ဆိုတဲ့ Node ကိုရယူပါမယ်။ ပြီးရင်တော့ အောက်ဖော်ပြပါ ပုံအတိုင်း 3D Solid တခုကို ဖြစ်ပေါ်စေမယ့် Code တခုကို ဖန်တီးပါ့မယ်။
ဒီတခါတော့ Solid.ByLoft(crossSections, guideCurve) ကို အသုံးပြုကြည့်ပါမယ်။ သူ့ မှာ guideCurve ဆိုတဲ့ input တခု ပိုလာတာကြောင့် Closed Curve (၂)ခု အပြင် Path တခုကိုပါ  ဖန်တီးပေးဖို့ လိုအပ် လာပါတယ်။
ဒီ Code အရင်ဆုံး guideCurve အတွက် Nurbs.ByPoints တခုကို ဖန်တီးပါမယ်။ အဲဒီအတွက် လိုအပ်နေတာက Point တွေဖြစ်တာကြောင့် Code Block သုံးပြီး Point (၃)ခုကို အရင် ဖန်တီးပါ့မယ်။ ပြီးရင်တော့ အောက်က ပုံအတိုင်း guideCurve တခုဖန်တီးပါ့မယ်။
ဒုတိယ အဆင့်အနေနဲ့  crossSections အတွက် Closed Curve (၂)ခုကို ဖန်တီးရပါ့မယ်။ ဒီနေရာမှာ Closed Curve (၁)ခု ကို guideCurve ရဲ့ အစ Point မှာ ထားပြီး နောက် Closed Curve (၁)ခု ကို guideCurve ရဲ့ အဆုံး Point မှာ ထားချင်ပါတယ်။ ဒါတင်မကပဲ Closed Curve (၂)ခုဟာ guideCurve နဲ့  Perpendicular လည်းကျနေဖို့  လိုအပ်ပါမယ်။
အဲ့ဒီအတွက် Library အောက်ကနေ Geometry > Curve (Action) > PlaneAtParameter ကို အသုံးပြုပါ့မယ်။ သူ့ မှာ input အနေနဲ့  curve, param တို့ ပါဝင်နေပါမယ်။
curve အတွက်ကတော့ အထက်ဖော်ပြပါ ပုံအတိုင်း ချိတ်ဆက်ပေးလိုက်ရုံပါပဲ။ param အတွက်ကျတော့ {0,1}; လို့ ရိုက်ထည့်ပေးရပါမယ်။ ဆိုလိုတာက Plane တခုကို အစမှာ ဖန်တီးပြီး နောက် Plane တခုကိုတော့ အဆုံးမှာ ဖန်တီးမယ် ဆိုတဲ့ သဘောပါပဲ။
(တကယ်လို့  guideCurve ရဲ့ 1/4 မှာ Plane တခု၊ 3/4 မှာ Plane တခု ထပ်ထည့်ချင်တယ်ဆိုရင်တော့ {0,0.25,0.75,1}; လို့  ရိုက်ထည့်ပေးလိုက်ရုံပါပဲ။)
အခုဆိုရင် Plane (၂)ခု ရပြီမို့  Plane တခု မှာ Closed Curve တခုစီ ဖန်တီးဖို့  လိုအပ်လာပါပြီ။
ဆိုတော့ကာ...Library အောက်ကနေ
- Geometry > Circle > ByPlaneRadius
- Geometry > Ellipse > ByPlaneRadii ... နဲ့ Circle တခု Ellipse တခုကို ဖန်တီးပါမယ်။
အခုအတိုင်း ဆိုရင်တော့ Circle တခု နဲ့  Ellipse တခုဟာ Plane (၂)ခုစလုံး အပေါ်မှာ ဖန်တီးပြီးနေတာကို တွေ့ မြင်ကြရမှာပါ။ လိုချင်တာက Plane တခုမှာ Closed Curve တမျိုးစီသာ သီးခြားစီ ဖန်တီးချင်တာပါ။ ဒါကြောင့်ပဲ List.RemoveItemIdex ဆိုတဲ့ Node ကိုအသုံးပြုပြီး ကိုယ်မလိုချင်တဲ့ List ကို ဖယ်ရှားမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ List တွေစီစဉ်ပုံကို အနည်းငယ် တင်ပြဆွေးနွေးချင်ပါတယ်။
အခုလို Library ကနေ Search Box > Watch လို့ ရိုက်ထည့်ပြီး ရလာတဲ့ Watch (Node) ကို ချိတ်ဆက်ပြီး Run တဲ့အခါ အထက်ဖော်ပြပါပုံအတိုင်း List စီစဉ်ပုံကို Watch မှာတွေ့ မြင်နိုင်ပါမယ်။ List တွေကို စီတဲ့အခါ (0) ကနေ စပြီး ရေတွက်လေ့ရှိတာကို သတိထားမိဖို့ လိုပါမယ်။ ဒါမှ ကိုယ်ဖယ်ရှားချင်တဲ့ List ကို အတိအကျ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
ကဲ... List.RemoveItemIdex ကိုစပြီး အသုံးပြုပါတော့မယ်။
အပေါ်က ဖော်ပြထားတဲ့ ပုံကို လေ့လာရင်း List.RemoveItemIdex ရဲ့သဘောကို နားလည်နိုင်မယ်လို့  မျှော်လင့်ပါတယ်။
အခုဆိုရင် Plane တခုစီ ခွဲထားခဲ့ပြီမို့  Closed Curve တွေကို ကိုယ်နှစ်သက်ရာ Plane ပေါ်မှာ ဖန်တီးနိုင်ကြပါပြီ။
ကဲ... အခုဆိုရင် Closed Curve (၂) ခု နဲ့  guideCurve (၁)ခုဟာ အဆင်သင့် ဖြစ်နေပြီမို့ ကျနော်တို့ လိုချင်တဲ့ Solid.ByLoft(crossSections, guideCurve) နဲ့ အတူ 3D Solid တခုကို အောက်ဖော်ပြပါ ပုံအတိုင်း ဖန်တီးနိုင်ပါပြီ။
အခြေအနေက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘဲ Closed Curve (၂) ခုကြား ဆက်သွယ်မှုတခု လစ်ဟနေပြန်ပါတယ်။ အဲ့ဒီအတွက် PolyCurve.ByJoinedCurve ဆိုတဲ့ Node ကိုသုံးပြီး Closed Curve (၂)ခု ကိုဆက်စပ်ပေးလိုက်တဲ့ အခါကျတော့မှပဲ လိုချင်တဲ့ 3D Solid တခုကို အောက်ဖော်ပြပါ ပုံအတိုင်း ဖန်တီးနိုင်ပါတော့တယ်။
ဒီ Post ဟာ အတော်လေး ရှည်သလို လိုအပ်ချက်တွေနဲ့  အသုံးပြုရတဲ့ Node တွေကလည်း အခြေခံကို လေ့လာနေသူအတွက် နဲနဲတော့ စိတ်ရှုပ်ထွေးစေမှာ အမှန်ပါပဲ။
ဒါပေမယ့် Programming ရဲ့သဘောကိုက ကိုယ်လိုချင်တဲ့ ရလဒ်တခုကနေ အခြေတည်လို့  ထပ်ဆင့်လိုအပ်ချက်တွေကို ဖြည့်စွက်ရင်း Code တွေရေးသားကြရတာပါပဲ။
ကျန်နေသေးတဲ့ Extrude နဲ့  Revolve အသုံးတွေကိုလည်း ကိုယ့်ဖာသာ ကြိုးစားပြီး ဖန်တီးကြည့်ကြဖို့  တိုက်တွန်းလိုက်ပါရစေ။
လာမယ့် Post ကျရင်တော့ List တွေ အလုပ်လုပ်ပုံတွေကို အကျဉ်းချုံးပြီး တင်ပြဆွေးနွေးသွားဖို့  စီစဉ်ထားပါတယ်။
Saturday, 18 March 2017
DYN04.09 : အခြေခံ Geometry တည်ဆောက်ခြင်း - အပိုင်း(၉)
မင်္ဂလာပါ အပေါင်းအသင်းတို့ ရေ...
ဒီ Post က စလို့  3D Geometry ဖန်တီးပုံတွေကို တင်ပြဆွေးနွေးသွားဖို့  ရှိပါတယ်။ 3D Geometry ဖန်တီးပုံ ဆိုပေမယ့်လည်း 3D တခု ဖြစ်လာဖို့  ဆိုတာ 2D Geometry နဲ့  ပေါင်းစပ်ဖွဲ့ စည်းရတာမို့  2D Geometry အပိုင်းမှာ ဆွေးနွေးပြီးသား အပိုင်းတွေရော၊ မဆွေးနွေးဖြစ်သေးတဲ့ အပိုင်းတွေကိုပါ အလျင်းသင့်သလို တင်ပြသွားဖို့  စီစဉ်ထားပါတယ်။
(ကျနော်ကိုယ်တိုင်ကိုက ဒီ Programming ကို လေ့လာနေသူတဦး အဆင့်သာ ရှိသေးတာကြောင်း တင်ပြဆွေးနွေးမှုတွေဟာ အခြေခံမှာတင် တ၀ဲလည်လည်လည်း ဖြစ်ကောင်းဖြစ်နေနိုင်တာကို နားလည်ပေးနိုင်လိမ့်မယ်လို့  မျှော်လင့်ပါတယ်။
လုပ်ငန်းခွင်မှာ အသုံးဝင်တဲ့ Code တွေရေးသားပုံကိုလည်း အတတ်နိုင်ဆုံးနဲ့  အမြန်ဆုံးဆွေးနွေး တင်ပြချင်ပါတယ်။ ဒါပေမယ့် Programming ရဲ့သဘောအရ အခြေခံမှ ပိုင်နိုင်မှု မရှိရင် Code တွေရေးသားနိုင်သူ ဖြစ်မလာပဲ Code တွေ Copy/ Paste လုပ်သူသာ ဖြစ်သွားနိုင်တာမို့ အခုလို အခြေခံ အပိုင်းတွေကို အချိန်ပေးပြီး တင်ပြနေရခြင်းပဲ ဖြစ်ပါတယ်။
တဖက်ကကြည့်ပြန်ရင်လည်း အခြေခံမှာတင် တ၀ဲလည်လည်လည်း ဖြစ်လွန်းနေပြန်ရင်လည်း ကျနော်ရော အပေါင်းအသင်းတို့ ပါ အီလည်လည်ဖြစ်ပြီး ပျင်းရိ စိတ်ပျက်သွားမှာကိုတော့ စိုးရိမ်မိပါတယ်။ ဒီ 3D Geometry ဖန်တီးပုံကို အတတ်နိုင်ဆုံး အတိုချုံးပြီး ထိထိရောက်ရှိအောင် တင်ပြ ဆွေးနွေးသွားပါမယ်။
တကယ်လို့  ကျနော့်တင်ပြဆွေးနွေးမှုမှာ မပါဝင်လိုက်တဲ့ တချို့ သော Node တွေအကြောင်းကို သိချင်ရင် Facebook ကနေဖြစ်စေ၊ Post တွအောက်က Comment Box ကနေဖြစ်စေ မေးမြန်းနိုင်ပါတယ်။
ကျနော် မဖြေနိုင်တဲ့ မေးခွန်းတွေ ဆိုရင်လည်း တတ်သိကျွမ်းကျင်တဲ့ သူတွေဆီကို မေးမြန်းပြီး ပြန်လည်ဖြေကြားပေးပါ့မယ်။)
3D Geometry အတွက် ပထမဆုံး အနေနဲ့  Cuboid လေးနဲ့ စလိုက်ကြရအောင်။
Library ကနေ Geometry > Cuboid ကို သွားလိုက်တာနဲ့  Create အတွက် Node (၄)ခုရယ်၊ Query အတွက် Node (၃)ခုရယ်ကို အရင်ဆုံး တွေ့ မြင်ရမှာပါ။
အဲ့ဒီ Create အတွက် Node (၄)ခုထဲကမှ ဒုတိယတခုဖြစ်တဲ့ Cuboid.ByLengths (width, length, height) ဆိုတဲ့ Node နဲ့  Cuboid တခု ဖန်တီးကြရအောင်။ သူ့ မှာ width, length, height ဆိုတဲ့ input (၃)ခု ပါဝင်နေပါမယ်။
ဘာ Value မှမပေးဘဲ အဲ့ဒီ Node နဲ့ တင် Run လိုက်ရင်တော့ width, length, height ရဲ့ Value တွေဟာ 1 unit စီ ရှိနေပြီး သူ့ ရဲ့ Centroid ဟာ (0,0,0) မှာ Default အနေနဲ့ မြင်တွေ့ ကြရမှာပါ။
ဒီနေရာမှာ မေးစရာ ရှိလာတာက ဘယ်လိုအခြေအနေမျိုးမှာ ကျန်တဲ့ Node တွေကို သုံးရမလဲ ဆိုတာပါပဲ။
တတိယ Node ဖြစ်တဲ့ Cuboid.ByLengths (origin, width, length, height) မှာ ဆိုရင်တော့ origin ဆိုတဲ့ input (၁)ခု ပိုပါလာတာကို တွေ့ ရမှာပါ။ width, length, height တို့ ရဲ့ တန်ဖိုး အပြင် အဲ့ဒီ Cuboid ရဲ့ Centroid (or) Origin တန်ဖိုးကိုပါ ပေးလို့ ရနေပါပြီ။
နောက်ဆုံး Node ဖြစ်တဲ့ Cuboid.ByLengths (cs, width, length, height) မှာ ဆိုရင်တော့ Cuboid ရဲ့ Centroid အတွက် Coordinate System ကိုပါ ပေးလို့ ရတဲ့ အခြေအနေမျိုး ဖြစ်နေပါပြီ။
ဘယ်အချိန်မှာ Origin တန်ဖိုး သတ်မှတ်ဖို့ လိုမယ်၊ ဘယ်အချိန်မှာ Coordinate System သတ်မှတ်ဖို့ လိုမယ် ဆိုတာကတော့ ကိုယ်ဖန်တီးချင်တဲ့ Code ရဲ့ လိုအပ်ချက် အပေါ်မှာပဲ မူတည်နေမှာ ဖြစ်ပါတယ်။ အသုံးဝင်တဲ့ Node တွေ အမြောက်အမြား ပေးထားတဲ့ ကြားကနေမှ ကိုယ်ဖန်တီးချင်တဲ့ Code ရဲ့ လိုအပ်ချက်တွေကို ဖြည့်စွက်နိုင်ဖို့  ဆိုတာကတော့ ရှာဖွေစမ်းသပ်နိုင်မှုတွေ၊ လေ့လာစူးစမ်းလိုမှုတွေ အပေါ်မှာ အများကြီး မူတည်နေပါတယ်။
လာမယ့် Post မှာတော့ Solid Form တွေ ဖန်တီးပုံကို ဆက်လက် တင်ပြဆွေးနွေးသွားဖို့ ရှိပါတယ်။ Solid Form ဆိုပေမယ့်လည်း သူ့ ရဲ့ ဖြစ်တည်မှုအတွက် လိုအပ်နေမယ့် အထောက်အပံ့တွေ ဖြစ်ကြတဲ့ Create, Action, Query ဆိုတဲ့ Node အမျိုးအစားတွေထဲက သင့်တော်ရာ Node တွေကို အသုံးပြုတင်ပြဆွေးနွေးသွားမှာမို့  စောင့်မျှော်အားပေးကြပါအုံး...လို့ ။
Saturday, 11 March 2017
DYN04.08 : အခြေခံ Geometry တည်ဆောက်ခြင်း - အပိုင်း(၈)
မင်္ဂလာပါ။
ဒီ Post မှာတော့ Surface.ByPatch ဆိုတဲ့ Node အသုံးကို Code Block နဲ့ တွဲဖက်ပြီး တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါမှလည်း Code Block ထဲမှာ Script ရေးသားပုံတွေကိုပါ ရင်းနှီးသွား၊ အလေ့အကျင့် ရသွားမှာ ဖြစ်ပါတယ်။
Surface.ByPatch မှာ input အနေနဲ့  closedCurve တခုနည်း ပါဝင်တာကို တွေ့ မြင်ရမှာပါ။
  • Surface.ByPatch တခု ဖန်တီးဖို့ ရာ closedCurve တခုလိုအပ်ပါမယ်။
  •  closedCurve အတွက် Circle တခု ဖန်တီးဖို့ လိုအပ်ပါမယ်။ အဲ့ဒီအတွက် Circle.ByCenterPointRadius ကို အသုံးပြုမှာ ဖြစ်ပါတယ်။
  • Circle.ByCenterPointRadius ကို အသုံးပြုမယ် ဆိုရင် Center Point နဲ့ Radius တွေလိုအပ်လာပါလိမ့်မယ်။
  • အဲ့ဒီအတွက်  Circle.ByCenterPointRadius (CenterPoint , Radius); ဆိုပြီး Code Block ထဲမှာ စတင်ရေးသားရမှာ ဖြစ်ပါတယ်။
  • Center Point အတွက် Point.ByCoordinates နဲ့  Radius အတွက် Number တွေ လိုအပ်လာပါမယ်။
  • အဲ့ဒီအတွက် Code Block ထဲက CenterPoint နေရာမှာ Point.ByCoordinates (0,0,0) နဲ့ အစား ထိုးပေးရပါမယ်။ Radius နေရာမှာတော့ လိုချင်တဲ့ Radius ရဲ့ တန်ဖိုးကို အစား ထိုးပေးရမှာ ဖြစ်ပါတယ်။
  • အားလုံးကို ပေါင်းစည်းလိုက်တဲ့အခါ ...  Circle.ByCenterPointRadius(Point.ByCoordinates(0,0,0),6); ဆိုတဲ့ closedCurve တခုကို ဖန်တီးတဲ့ Node တခု ဖန်တီးပြီးသား ဖြစ်နေတာကို တွေ့ မြင်ကြရမှာပါ။
ဒီ Node ထဲမှာပဲ Curve.Patch ကိုထည့်သွင်းချင်ရင်တော့ Script ကို အောက်ဖော်ပြပါ ပုံအတိုင်း ဖြည့်စွက် ရေးသားပေးနိုင်ပါတယ်။
(Surface.ByPatch အစား Curve.Patch ရဲ့ Node ဖြစ်တဲ့ .Patch() ကို ထည့်သွင်းအသုံးပြုရမှာ ဖြစ်ပါတယ်။)
လာမယ့် Post မှာတော့ Solid Geometry တွေ ဖန်တီးပုံကို ဆက်လက် တင်ပြဆွေးနွေးသွားဖို့  စီစဉ်ထားပါတယ်။