Sunday 30 April 2017

BIM00.01 - BIM Software တွေအတွက် System Requirements

မင်္ဂလာပါ...

ဒီ Post မှာ အဓိက တင်ပြချင်တဲ့ အကြောင်းအရာကတော့ BIM လောကထဲ ကျင်လည်ကြမယ့် ညီအကို မောင်နှမတွေ မေးလေ့ရှိကြတဲ့ Common Question လေးတခုအကြောင်းပါပဲ။

ဘယ်လို Laptop/ Desktop မျိုးဟာ BIM သမားတွေအတွက် အသင့်တော်ဆုံးလဲ....တဲ့

Budget အကန့် အသတ်သာ မရှိဘူး ဆိုရင်တော့ Workstation အမျိုးအစားတွေကိုပဲ သုံးစွဲကြဖို့  တိုက်တွန်းမိမှာပါပဲ။ ဘာလို့ လဲ ဆိုတော့...
Processor အားဖြင့် ကြည့်ရင်လည်း အနိမ့်ဆုံး Quad Core ကစကြပြီး အမြင့်ဆုံး 22 Core လောက်အထိ ရှိကြတာ ဆိုတော့ Multi-tasking အတွက်က စိတ်ပူစရာကို မလိုတော့တာ။
RAM (Random Access Memory) အားဖြင့် ကြည့်မယ် ဆိုရင်လည်း အမြင့်ဆုံး Slot က 16ခုအထိ ရနိုင်တာ ဆိုတော့ တွက်သာ ကြည့်ပေတော့ဗျာ။ Market ထဲမှာ အမြင့်ဆုံး 16GB ပဲရတယ်ထားအုံးတော့။ RAM 256GB ရနေပြီလေ။
Graphic Card အနေနဲ့  ဆိုရင်လည်း Nvidia Quadra P-series တွေတောင် ထွက်နေကြပြီ။
တခုပဲ...အဲ့ဒီ High-End System တွေထည့်ပြီး Run ဖို့ ဆိုရင်တော့ တော်ရုံ Cooling System တွေနဲ့ တော့ ရနိုင်မယ် မထင်ဘူး။

တကယ်တော့ Workstation အမျိုးအစားတွေကို လုပ်ငန်းသုံးအနေနဲ့ ထုတ်ထားကြတာမို့  ဈေးကလည်း ခေါင်ခိုက်နေမှာပါပဲ။ Personal အနေနဲ့  ဆိုရင်တော့ ROI (Return of Investment) ထည့်သွင်းစဉ်းစားပြီးမှ သုံးသင့် မသင့်ကို ဆုံးဖြတ်သင့်ပါတယ်။

မစားရ ၀ခမန်းတွေ ရေးနေတာနဲ့  လိုရင်းမရောက်ဘူး ဖြစ်နေတယ်။

BIM Authoring Software ဆိုတာနဲ့  အများစု ပြေးမြင်မိမှာကတော့ Autodesk ရဲ့ Revit ပဲ ဖြစ်မယ်ထင်ပါတယ်။ တခြားသော BIM Authoring Software တွေ ရှိနေလင့်ကစား Autodesk ရဲ့ Revit ကတော့ လူသိများစဲ၊ လူအသုံးများစဲ ဆိုတာ ငြင်းလို့ ရမယ် မထင်ပါဘူး။ အခုဆိုရင် Revit 2018 ကလည်း ထွက်လာပြီမို့  သူ့ ကိုယ်အခြေခံပြီးပဲ System Requirements တွေကို တင်ပြပေးလိုက်ပါတယ်။ System Requirements ကို အမျိုးအစား (၃)မျိုးနဲ့  မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။
1) Minimum : Entry-level Configuration
2) Value : Balance Price and Performance
3) Performance : Large, Complex Model

ဒါ့အပြင် Revit အတွက် Autodesk ကနေ Recommend လုပ်ထားတဲ့ Graphic Card စာရင်းကိုပါ တင်ပြပေးထားပါတယ်။ အဲ့ဒီစာရင်းထဲက Graphic Card အမျိုးအစားတွေဟာ Workstation အမျိုးအစား တွေမှာပဲ မြင်တွေ့ နိုင်တာဖြစ်ပါတယ်။
PC တလုံး ၀ယ်တော့မယ် ဆိုရင် အရင်ဆုံး စဉ်းစားရမယ့် အချက်တွေကတော့
၁။ ဘာအတွက် အသုံးပြုဖို့ လဲ
၂။ Budget ဘယ်လောက် သုံးမှာလဲ
၃။ ၀ယ်မယ့် PC ဘယ်နှနှစ်လောက် အများဆုံး သုံးမှာလဲ
... စသဖြင့် မေးဖို့  လိုအပ်ပါတယ်။

ဘာအတွက် အသုံးပြုဖို့ လဲ
ကိုယ်ဝယ်မယ့်  PC ကို ဘာအတွက် အသုံးပြုဖို့ လဲဆိုတာကို အရင်သုံးသပ်ဖို့ လိုပါတယ်။ ဈေးလေး သက်သာလို့ ၊ ဒီဇိုင်းလေး ဆန်းလို့  ဆိုပြီး PC တလုံး ၀ယ်ထားမိပြီးကာမှ AutoCAD လေး သုံးချင်လာတာတို့ ၊ 3D Software တွေသုံးချင်လာတာတို့ ဖြစ်တဲ့အခါ အတော်လေး စိတ်ဒုက္ခရောက်ကြရပါတယ်။ စက်အသစ် ထပ်ဝယ်ပြန်တော့လည်း လက်ရှိစက်က အပိုဖြစ်သွားမယ်။ ပြန်ရောင်းရင်လည်း သုံးချိုး နှစ်ချိုးရရင် ကံကောင်းပဲ။ IT ပစ္စည်းတွေက ဘယ်တော့မှ ဈေးတက်လာတယ်ရယ်လို့  မရှိဘူးလေ။

Budget ဘယ်လောက် သုံးမှာလဲ
ဒါကလည်း အရေးကြီးတာပဲ။  Budget တွေအများကြီးသုံး၊ အမြင့်ဆုံး Spec တွေဝယ်ပြီး Facebook လောက်သုံး၊ Word/ Excel လောက်သုံး၊ Movie လောက်ပဲ ကြည့်နေမယ် ဆိုရင်လည်း အလကားပဲ။ Budget နဲနဲ နဲ့  ပေါချောင်ကောင်း ၀ယ်ပြီးကာမှ ဟိုဟာ လုပ်မရ၊ ဒီဟာ သုံးမရ ဆိုပြန်ရင်လည်း အဆင်မပြေပြန်ဘူး။

ဝယ်မယ့် PC ဘယ်နှနှစ်လောက် အများဆုံး သုံးမှာလဲ
PC တလုံးဟာ အနဲဆုံး (၃) နှစ်ကနေ (၅) နှစ်လောက်အထိတော့ အသုံးပြုဖို့ မှန်းထားသင့်တယ်။ အဲ့ဒီကာလအတွင်းမှာ အဲ့ဒီ PC ဘာတွေလုပ်မယ် ဆိုတာကိုလည်း ကြိုတင်ပြီး စဉ်းစားထားသင့်တယ်။ ဒါမှလည်း PC အတွက် ကိုယ်သုံးလိုက်ရတဲ့ Budget ဟာ အကျိုးမဲ့ မဖြစ်မှာပေါ့။

CAD/BIM လောကထဲ ကျင်လည်နေသူတယောက်အနေနဲ့  အကြံပြုချင်တာကတော့
၁။ Laptop နဲ့  Desktop ဆိုရင်  Desktop ကို ဦးစားပေးစဉ်းစားပါ။ Desktop မှာက Part တခုချင်းစီကို Upgrade လုပ်ဖို့ အခွင့်အရေးရှိသလို Spec ခပ်မြင့်မြင့်တွေကို ဈေးသက်သက်သာသာနဲ့  ရနိုင်တယ်။ မတတ်သာတော့မှ Laptop ကိုရွေးပါ။

၂။ Processor အနေနဲ့ ဆိုရင်တော့ အနဲဆုံး Quad Core လောက်က စပြီး စဉ်းစားစေချင်ပါတယ်။ Software တွေဟာ အသစ်ထွက်တိုင်းထွက်တိုင်း တောင်းတဲ့ Spec တွေဟာ မြင့်သထက်မြင့်လာတာ သဘာဝမို့ ပါ။ ပြီးတော့ Multi-tasking အတွက်ကိုပါ ထည့်စဉ်းစားရမှာ မို့ လို့ ပါ။

၃။ RAM အနေနဲ့ ကတော့ အနဲဆုံး 16GB လောက်က စစဉ်းစားသင့်ပါတယ်။ BIM Software တွေဟာ Calculation တွေအများကြီး လုပ်ကြရတာမို့  RAM များလေကောင်းလေပါပဲ။

၎။ Graphic Card အနေနဲ့  ဆိုရင်တော့ Autodesk က Recommend လုပ်တဲ့ Card အားလုံးဟာ Workstation တွေအတွက်ချည်းပဲ။ ဒါပေမယ့် Personal သုံးဖို့ နဲ့  Market ထဲ သင့်တင့်တဲ့ ဈေးနဲ့ ရနိုင်တာကတော့ GeForce GTX Series တွေပဲ။ Graphic Card ကိုရွေးတဲ့နေရာမှာလည်း ကိုယ်က ဘယ်လို Software တွေကို အသုံးပြုမှာလဲ ဆိုတာနဲ့ တော့ ဆိုင်နေပြန်ပါတယ်။
CAD Software လောက်၊ BIM Authoring Software လောက်ပဲ သုံးဖို့ ရည်ရွယ်ရင်တော့ GeForce GTX Series အနိမ့်စားတွေကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Lumion လို Graphic အသားပေးတဲ့ Software လို၊ Fuzor လို Graphic အသားပေးတဲ့ Revit Add-in လို သုံးဖို့ ရည်ရွယ်ရင်တော့ အနိမ့်ဆုံး GeForce GTX970 လောက်လိုအပ်ပါလိမ့်မယ်။
တကယ်လို့  VR (Virtual Reality) အတွက်ပါ ထည့်စဉ်းသားမယ် ဆိုရင်တော့ GeForce GTX1060 က Minimum Requirement လောက်ဖြစ်နေပြန်ပါတယ်။ VR ကလည်း Future PC Usage အနေနဲ့  ထည့်သွင်းစဉ်းစားရမယ့် အချက်တခုဖြစ်နေပါတယ်။
(ဖြစ်နိုင်ရင်တော့ GeForce GTX1060 (6GB) ဆိုပိုပြီး အဆင်ပြေတာပေါ့။ ကျနော့်အနေနဲ့  Nvidia GeForce ကို အခြေခံပြီး ဖတ်မှတ်မိသမျှကိုသာ တင်ပြရခြင်း ဖြစ်ပါတယ်။ Nvidia GeForce နဲ့ အပြိုင် AMD RX Series တို့ ၊ Intel(R) HD တို့  လည်း ဈေးကွက်ထဲမှာ ရှိနေပါသေးတယ်။)

အချုပ်အားဖြင့်တော့ PC ၀ယ်ချင်တဲ့သူတယောက်အတွက် ကိုယ်အသုံးပြုချင်နဲ့  Uses နဲ့  ကိုယ်အသုံးပြုသင့်တဲ့ Budget အကြား အသင့်တင့်ဆုံး Leverage လုပ်ပြီး အသင့်တင့်ဆုံးသော Spec ပါတဲ့ PC တခုကို ရွေးချယ်ရတာပါပဲ။

ကျနော့်အနေနဲ့ Laptop တခုကို Budget S$1500 to S$2500 အတွင်းကနေ ရွေးရမယ် ဆိုရင်တော့ HP တို့  Dell တို့ ထက်စာရင် Asus တို့  Lenovo တို့  MSI တို့ ထဲကပဲ ရွေးချယ်မိလိမ့်မယ်ထင်တယ်။ ဘာလို့ လဲဆိုတော့ ကိုယ်သတ်မှတ်ထားတဲ့ Budget အတွင်းကနေ Spec ခပ်မြင့်မြင့်နဲ့ Laptop ရနိုင်တာ သူတို့ ပဲရှိတယ်။ ပြီးတော့ Laptop တွေမှာ အပူလွှတ်ထုတ်တဲ့ Exhaust Fan အပေါက်တွေဟာ Laptop ရဲ့ အနောက်ဖက်ထွက်တဲ့ အမျိုးအစားတွေကိုပဲ ရွေးခြယ်သင့်ပါတယ်။ Exhaust Fan အပေါက်တွေဟာ အောက်ထွက်ဖြစ်နေရင်တော့ စက်ရဲ့ အပူထုတ်နှုန်းဟာ မြင့်မားလွယ်ပြီး Long Hour အသုံးပြုဖို့ အတွက် ခက်ခဲပါလိမ့်မယ်။
ဒီရေးသားချက်တွေ အားလုံးဟာ ကျနော့်ရဲ့ ကိုယ်တွေ့ ၊ အပေါင်းအသင်းတွေရဲ့ အတွေ့ အကြုံတွေကနေ ကောက်နှုတ်ထားတာမို့ အမှန်ချည်းပဲရယ်လို့ တော့ မယူဆစေချင်ပါဘူး။ PC ၀ယ်မယ့် သူတယောက်၊ ပြီးတော့ BIM လောကသားတယောက် ဖြစ်မယ်ဆိုရင်တော့ ဒီ Post ဟာ အစိတ်အပိုင်းတခုအနေနဲ့ အထောက်အကူပြုနိုင်လိမ့်မယ်လို့ တော့ မျှော်လင့်မိပါတယ်။

Sunday 9 April 2017

DYN05.01 : Dynamo Code များနှင့် ကခုန်ခြင်း - အပိုင်း(၁)

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ...

ဒီ Post ကနေစတင်ပြီး Dynamo Code တွေကို Autodesk Revit 2016 နဲ့ တွဲဖက်ပြီး အသုံးပြုပုံတွေကို ကျနော်နဲ့ အတူ လေ့လာသွားကြရမှာ ဖြစ်ပါတယ်။ ဘာကြောင့် Autodesk Revit 2016 ကို အသုံးပြုရသလဲ ဆိုတော့ Dynamo 1.0.0 နဲ့  အထက် တွေဟာ Autodesk Revit 2016 မှာပဲ အဆင်ပြေပြေ Run နိုင်တာကြောင့်ပါပဲ။

ဒါ့အပြင် Dynamo ထဲမှာ ထပ်ဆင့် ထည့်သွင်းအသုံးပြုကြရတဲ့ Developer တွေဖန်တီးပေးထားကြတဲ့ အဆင့်မြင့် လွယ်ကူတဲ့ Code Package တွေဟာဆိုရင်လည်း Dynamo 1.0.0 နဲ့  သူ့ ထက် မြင့်တဲ့ version တွေမှာသာ အလုပ်လုပ်လေ့ရှိတဲ့ သဘောတွေကလည်း  Autodesk Revit 2016 လောက်ကို အသုံးပြုဖို့  တိုက်တွန်းနေပြန်ပါတယ်။ အခုလောလောဆယ် (Apr 2017 အထိ) Dynamo 1.2.1 ဟာ Update အဖြစ်ဆုံး version ဖြစ်ပြီး အနိမ့်ဆုံး Autodesk Revit 2016 နဲ့ မှ အဆင်ပြေမှာ ဖြစ်ပါတယ်။

ဒီ Post ကနေစလို့  Autodesk Revit 2016 နဲ့ အတူ Dynamo 1.2.1 ကို တွဲဖက်အသုံးပြုပြီး တင်ပြဆွေးနွေးသွားဖို့  စီစဉ်ထားပါတယ်။

Dynamo ရဲ့ Latest Version တွေကို http://dynamobim.org/download/ အောက်ကနေ တိုက်ရိုက် ရယူနိုင်ပါတယ်။

 Dynamo ရဲ့ User Interface နဲ့ အတူ Select Faces, Select Edges နဲ Select Model Elements အသုံးပြုပုံတွေကို RevitVsDynamo_001 မှာ ဆွေးနွေးတင်ပြထားပါတယ်။
http://www.mediafire.com/file/lq5w3ju8iikfubm/RevitVsDynamo_001.wmv


Category အလိုက် Revit မှာ ဖန်တီးထားတဲ့ Element တွေရဲ့ Information တွေ Extract လုပ်ပုံ၊ List  လုပ်ပုံ တွေကို RevitVsDynamo_002 မှာ ဆွေးနွေးတင်ပြထားပါတယ်။
http://www.mediafire.com/file/mvpwbtbywup1r42/RevitVsDynamo_002.wmv

 List  လုပ်ထားတဲ့ Information တွေ MS Excel ဆီ Exchange လုပ်ပုံ Sorting လုပ်ပုံ တွေကို RevitVsDynamo_003 မှာ ဆွေးနွေးတင်ပြထားပါတယ်။
http://www.mediafire.com/file/5ox71q61pxxhd7e/RevitVsDynamo_003.wmv

အထက်ပါ လေ့ကျင့်ခန်းတွေပြုလုပ်ဖို့  အဓိကလိုအပ်ချက်ကတော့
  • Autodesk Revit 2016
  • Dynamo 1.2.1
  • Clockwork ( Additional Package) ... တို့ ပဲဖြစ်ပါတယ်။
လာမယ့်  Post ကျရင်တော့ Information တွေကို Revit <=> Dynamo <=> MS Excel အကြား အပြန်အလှန် Exchange လုပ်ပုံတွေကို တင်ပြဆွေးနွေးသွားဖို့  စီစဉ်ထားပါတယ်။