Sunday 17 April 2016

RVT09B : Revit မှာ Quantification ပြုလုပ်ခြင်း အပိုင်း(၂)

မင်္ဂလာပါ အပေါင်းအသင်းတို့ရေ...

ဒီပို့ စ်မှာတော့ Quantification ကို Revit နဲ့ ဘယ်လိုတွက်ထုတ်တယ် ဆိုတာလေး ဆွေးနွေးတင်ပြ သွားမှာပါ။
ကျွန်တော်က C&S Background... C&S Works လောက်ပဲ နဲနဲသိတာဆိုတော့ C&S Works နဲ့ ပဲ အခြေခံပြီး စမယ်ဗျာ။

ပထမဆုံး အနေနဲ့  အခြေခံ ဆိုတဲ့အတိုင်း Foundation ကပဲ စကြတာပေါ့။
Foundation Portion မှာ ပါဝင်လာနိုင်မယ့် ဖြစ်နိုင်ခြေ Sub-portion တွေကတော့...
၁။ Earthwork Excavation
၂။ Hardcore Works
၃။ Lean Concrete Works
၎။ RC Concrete Works...စသဖြင့်ပေါ့။

Formwork နဲ့ Rebar Works တွေကိုတော့ QS ကိုပဲ Manually ပေးတွက်လိုက်ပေါ့။ ဟုတ်ဘူးလား...:P

Parameter, Schedule, Formula တွေကိုသာ ပိုင်မယ်ဆိုရင် တော်ရုံ အဆောက်အဦးအတွက် Revit ထဲမှာတင် ၇၅% လောက် QS အလုပ်တွေ ပြီးစီးနိုင်မယ်ထင်တယ်။


ဒုတိယ အနေနဲ့  အဆောက်အဦးတခုရဲ့ Substructure Portion မှာပါဝင်တဲ့ RC Stump, RC Beam, RC Slab တွေရရဲ့ Concrete Works, Formwork တွေကို Revit နဲ့ သုံးပြီး ဘယ်လို တွက်ထုတ်တယ် ဆိုတာလေးကို ဆွေးနွေး တင်ပြထားပါတယ်။

QS တယောက်အနေနဲ့  ဆိုရင် Model ကို Physically Edit လုပ်ဖို့ အဆင်ပြေနိုင်မယ် မထင်ဘူး။ ပြီးတော့ Modeler ကိုလည်း ကတီးကတီး သွားအကူအညီးတောင်းဖို့  ဆိုတာကလည်း လက်တွေ့ မှာ သိပ်မလွယ်လှဘူး။ အဲဒါကြောင့်ပဲ အဓိကအနေနဲ့  Project Parameter ကို အသုံးပြုပြီးတော့ တင်ပြဆွေးနွေးထားတာပါ။


တတိယ အနေနဲ့  အဆောက်အဦးတခုရဲ့ Super Structure Portion မှာပါဝင်တဲ့ Steel Works ဖြစ်တဲ့ Steel Column တွေရဲ့ Total Weight ကို Revit နဲ့ သုံးပြီး ဘယ်လို တွက်ထုတ်တယ် ဆိုတာလေးကို ဆွေးနွေး တင်ပြထားပါတယ်။ Project parameter ကိုပဲ အဓိကထားပြီး အသုံးပြုထားတာကို တွေ့ ရမှာပါ။


စတုထ္တ အနေနဲ့  အဆောက်အဦးတခုရဲ့ Super Structure Portion မှာပါဝင်တဲ့ Steel Works ဖြစ်တဲ့ Steel Framing တွေရဲ့ Total Weight ကို Revit နဲ့ သုံးပြီး ဘယ်လို တွက်ထုတ်တယ် ဆိုတာလေးကို ဆွေးနွေး တင်ပြထားပါတယ်။


ပဉ္စမနဲ့  နောက်ဆုံး အနေနဲ့  Revit မှာ ဖန်တီးထားတဲ့ Schedule တွေကို MS Excel ဆီ ဘယ်လို ပို့ တယ်၊ တဖိုင်စီ ဖြစ်နေတဲ့ Schedule တွေကို ဘယ်လို Organize လုပ်လဲ ဆိုတာလေးကို ဆွေးနွေး တင်ပြရင်း....


ကျွန်တော့်ရဲ့ Revit နဲ့ အခြေခံ QTO ဆိုတဲ့ ဆွေးနွေးခန်းလေးကို ဒီအပိုင်းနဲ့ ပဲ ရပ်နားပါရစေ။

အောက်က လင့်ခ် တွေကနေလည်း ဒေါင်းယူနိုင်ပါတယ်။
http://www.mediafire.com/download/mw9fl9f9vb5999y/Revit-QTO1.wmv
http://www.mediafire.com/download/4qeuannq4ptvrys/Revit-QTO2.wmv
http://www.mediafire.com/download/dd0hof0l3ed1144/Revit-QTO3.wmv
http://www.mediafire.com/download/1vjll7gesc3narp/Revit-QTO4.wmv
http://www.mediafire.com/download/iq80jfc4t0d6942/Revit-QTO5.wmv

RVT09A : Revit မှာ Quantification ပြုလုပ်ခြင်း အပိုင်း(၁)

မင်္ဂလာပါ အပေါင်းအသင်းတို့ရေ...

ဒီတခါတော့ Revit မှာ Quantification ဘယ်လိုလုပ်မလဲ ဆိုတာလေး နဲနဲရွှီးမယ်ဗျာ။ ကျွန်တော်က QS တယောက်မဟုတ်တော့ လိုအပ်တာတွေကိုလည်း လမ်းညွှန်ပေးကြပါအုံး။

Revit မှာ Quantification လုပ်ဖို့အတွက် အဓိကသိထားဖို့ လိုအပ်မယ့် (လိုအပ်မယ်လို့ ထင်တဲ့) အချက်တွေကတော့
- Family Creation
- Project/ Shared Parameter အသုံး
- Schedule
- Formula...စတဲ့ portion (၄)ခုကို ပိုင်နိုင်ရပါ့မယ်။


Family Creation ဟာ Revit User တွေရဲ့ အသက်သွေးကြော ဖြစ်သလို Quantification လုပ်မယ့် QS အတွက်လည်း သိထားဖို့လိုအပ်ပါတယ်။ ဒါမှ သူ့ရဲ့ QTO process ဟာ ပိုပြီးချောမွေ့လွယ်ကူလာမှာပါ။ QTO process အတွက် လိုအပ်မယ့် parameter တွေကို ထပ်ပြီးထည့်နိုင်/ Edit လုပ်နိုင်မှာ ဖြစ်ပါတယ်။

Project/ Shared Parameter
ဒီ Parameter တွေဟာ QTO process အတွက် လိုအပ်တဲ့ info တွေကို Family တွေထဲ ထည့်တဲ့အခါမှာ အဓိကအသုံးပြုရတဲ့ လက်နက်တွေပါပဲ။

Schedule
Schedule/ Table မရှိရင် QTO process ဟာလည်း ဖြစ်လာစရာမရှိနိုင်ပါဘူး။ ဒီတော့ QS အတွက် Revit မှာ သိထားဖို့ အသင့်ဆုံးဟာ Schedule ပါပဲ။ Schedule ကို...
- ဘယ်လို Create လုပ်တယ်
- ဘယ်လို Edit လုပ်တယ်
- ဘယ်လို Prepare လုပ်တယ်...စသဖြင့် သိရှိထားဖို့ လိုအပ်ပါမယ်။

Formula
Schedule/ Table ကိုသုံးကြတဲ့အခါမှာ Formula ကလည်း မပါရင် မဖြစ်လောက်တဲ့ အခန်းကနေ ပါဝင်နေပြန်ပါတယ်။ Revit မှာ Formula အသုံးပြုပုံဟာ Excel မှာ သုံးရတာလောက်တော့ မလွယ်တာကို တွေ့ရမှာပါ။

ဒါကြောင့် QTO process ကို Revit မှာ လုပ်မယ်ဆိုရင် Formula ဟာ နောက်ဆုံး အနေနဲ့ သိထားသင့်တဲ့ Portion တခုဆိုတာ တင်ပြရင်း...

လာမယ့် Post မှာ Revit နဲ့ အခြေခံ QTO ဆိုတဲ့ ခေါင်းစဉ်ကလေးနဲ့ တင်ပြဆွေးနွေးပါမယ်။

RVT08B : Revit ရဲ့ Stair တွေအကြောင်း အပိုင်း(၂)

မင်္ဂလာပါ ရောင်းရင်းတို့ ရေ...
ဒီပို့ စ်မှာတော့ Revit ရဲ့ Stair by Component အကြောင်းကို တင်ပြဆွေးနွေးသွားပါမယ်။

ဒီ Tool ဟာ New Enhancement အနေနဲ့  Revit 2013 မှာမှ ပါဝင်လာတာပါ။ Stair ကိုယ်တိုင်က System Family ဆိုတာတော့ ပရိတ်သတ်ကြီးလည်း သိပြီးသား ဖြစ်မှာပါ။
ဒါပေမယ့် သူ့ မှာ တော့ အဲဒီ System Family ကိုပဲ ၃ မျိုး ခွဲပေးထား တာကို တွေ့ ရပါမယ်။ (Wall မှာ Basic Wall, Curtain Wall, Stacked Wall ခွဲထားသလိုပဲပေါ့။)

သူတို့ ကတော့…
၁။ Assembled Stair
၂။ Cast-in-Place Stair
၃။ Precast Stair …တို့  ဖြစ်ကြတာကို တွေ့ ရမှာ ဖြစ်တယ်။

သူ့ ရဲ့ထူးခြားချက်တွေကတော့ System Family အလိုက် Stair တခုအတွက် လိုအပ်တဲ့ အဓိကအစိတ်အပိုင်းတွေဖြစ်ကြတဲ့...Run, Landing, Support တို့ ကို တသီးတခြားစီ ရပ်တည်စေတယ်။ အဲဒီတော့ ကိုယ်လိုချင်တဲ့ Stair Design စိတ်ကြိုက် Customize လုပ်နိုင်လာတယ်။ ပိုပြီး Flexible ဖြစ်လာတယ် လို့ ဆိုနိုင်တယ်။

Assembled Stair မှာဆိုရင် Stair မှာ ပါဝင်ဖွဲ့ စည်းထားတဲ့ Support / Stringer တွေကို Type တွေခွဲပြီး တခုထက်ပိုတဲ့ Stringer Type တွေကို Stair တခုထဲမှာ ထည့်သွင်းအသုံးပြုနိုင်တယ်။ Run နဲ့  Landing ဆိုရင်လည်း အလားတူပဲ။ တခုထက်ပိုတဲ့ Run နဲ့  Landing တွေကို Stair တခုထဲမှာ ထည့်သွင်းအသုံးပြုနိုင်တယ်။

Cast-in-Place Stair မှာဆိုရင်လည်း Assembled Stair မှာလိုပဲ တခုထက်ပိုတဲ့ Run နဲ့  Landing တွေကို Stair တခုထဲမှာ ထည့်သွင်းအသုံးပြုနိုင်တယ်။ Stair တခုထဲမှာ...
- Run/ Flight တွေကို မတူညီတဲ့ Level တွေကနေ စတင်စေပြီး တူညီတဲ့ Level တခုမှာ အဆုံးသတ်စေတာတို့ 
- ဒါမှမဟုတ် တူညီတဲ့ Level တခု တွေကနေ စတင်စေပြီး မတူညီတဲ့ Level တွေမှာ အဆုံးသတ်စေတာတို့ 
- ဒါမှမဟုတ် မတူညီတဲ့ Level တခု တွေကနေ စတင်စေပြီး မတူညီတဲ့ Level တွေမှာ အဆုံးသတ်စေတာတို့ …
.....စတဲ့ စတဲ့ Customization တွေကို လုပ်ဆောင်လာနိုင်တာကို တွေ့ ရပါမယ်။
Cast-in-Place Stair နဲ့  Assembled Stair ရဲ့ ကွဲပြားတဲ့ အချက်ကတော့ Run Type/ Landing Type မတူတာပဲ။ ပြောရရင်တော့ Monolithic Run/ Landing နဲ့  Non-Monolithic Run/ Landing ဆိုပြီး System Family အနေနဲ့  ထပ်ရှိနေပြန်လို့ ပဲဗျို့ ။ (မူးကုန်ပြီလားတော့မသိဘူး…:P)

Precast Stair မှာဆိုရင်လည်း အပေါ်က ဆွေးနွေးခဲ့ပြီးတဲ့ System Family Stair ၂မျိုးနဲ့  ဖွဲ့ စည်းပုံ အားလုံးနီးပါး ဆင်တူပါတယ်။ သူ့ မှာ တခုပိုလာတာကတော့ End Connection ဆိုတဲ့ Option Pane တခုပဲ။ အကြောင်းကတော့ Precast ဖြစ်နေလို့ ပေါ့။
Precast ရဲ့သဘောက ပရိတ်သတ်ကြီးလည်း သိတဲ့အတိုင်းပဲ Component တခုနဲ့ တခု ဆက်စပ်တဲ့နေရာမှာ Connection က အဓိကလိုအပ်ချက် မဟုတ်လား။

လက်တွေ့ဖန်တီးပုံ အဆင့်ဆင့်ကိုတော့ Video Clip (၂)ပိုင်းခွဲပြီး တင်ပြဆွေးနွေးပေးထားပါတယ်။

အပိုင်း(၁)

အပိုင်း(၂)

အောက်က လင့်ခ် တွေကနေလည်း ဒေါင်းယူနိုင်ပါတယ်။
http://www.mediafire.com/download/8m2rhij96dnuu83/Revit-StaircaseByComponent1.wmv
http://www.mediafire.com/download/8fz3sb7lab4idea/Revit-StaircaseByComponent2.wmv

RVT08A : Revit ရဲ့ Stair တွေအကြောင်း အပိုင်း(၁)

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ...

ဒီတခါတော့ Revit ရဲ့ Stair တွေအကြောင်း ကို ဥာဏ်မီသလောက်လေး တင်ပြဆွေးနွေးလိုက်ပါတယ်။

Revit 2013(လို့ထင်တယ်) လောက်က စ လို့ Revit မှာ Stair ကို Method (၂)မျိုးနဲ့  ဖန်တီးနိုင်ကြပါတယ်။
  • Stair by sketch
  • Stair by Component ... ရယ် ဆိုပြီးတော့ပေါ့။
ပထမ အနေနဲ့  Stair by Sketch ကို အသုံးပြုပြီး Stair တခုကို အခြေခံအားဖြင့် ဘယ်လိုတည်ဆောက်လဲ ဆိုတာကို တင်ပြဆွေးနွေးထားပါတယ်။
Stair တခုမှာ အဓိကအားဖြင့်
၁။ Run
၂။ Boundary
၃။ Riser
ဆိုတဲ့ အခြေခံ အစိတ်အပိုင်း ၃ ခု ပါဝင်တာကို တွေ့ ရမှာပါ။

အဲဒီ ၃ ခုထဲကမှ Run ကို အဓိကသုံးပြီး ဆွဲသားပုံ နဲ့  Boundary-Riser ကိုပဲ အသုံးပြုပြီး ဆွဲသားပုံကို တင်ပြဆွေးနွေးထားပါတယ်။


ဒုတိယ အနေနဲ့ Stair ရဲ့ Type ကို ဘယ်လိုဖန်တီးထားတယ်ဆိုတာကို ဆွေးနွေးတင်ပြသွားပါမယ်။ ပြီးတော့ Concrete Stair တခုကို ရှိနေပြီးသား Stair Type တခုကနေ ဘယ်လို ပွားယူမယ်၊ ဘယ်လို Edit လုပ်မယ်ဆိုတာလေးကို ဆက်လက် ဆွေးနွေးတင်ပြသွားပါမယ်။

Stair Type မှာ အဓိက Properties Group ၈ ခု ပါဝင်နေပါတယ်။ သူတို့ ကတော့
၁။ Calculation Rules
၂။ Construction
၃။ Graphics
၎။ Materials and Finishes
၅။ Treads
၆။ Risers
၇။ Stringers
၈။ Identity Data...တို့ ဖြစ်ကြပါတယ်။


Calculation Rules အောက်မှာ အဓိက Minimum Tread Depth နဲ့  Maximum Riser Height ကို သတ်မှတ်ဖို့ ပါပဲ။

Construction အောက်မှာ အဓိက Monolithic Stair လား တခြား Stair အမျိုးအစားလား ဆိုတာကို ဆုံးဖြတ်ဖို့ ပါ။ တခြား Option တွေဖြစ်တဲ့
- Extend Below Base
- Landing Overlap
- Underside of Winder
- Function...တို့ လည်း ပါတာပေါ့။

Graphics အောက်မှာကတော့ Stair အတွက် အသုံးပြုတဲ့ Annotation ကို Edit လုပ်နိုင်တယ်။
Materials and Finishes အောက်မှာကတော့ Stair မှာ ပါဝင်ဖွဲ့ စည်းထားတဲ့ Treads, Riser, Stringer, Monolithic စတဲ့ Component တွေကို Material ရွေးပေးတဲ့ နေရာပေါ့။
Treads အောက်မှာ သူနဲ့ ဆိုင်တဲ့ Tread Thickness, Nosing Length, Nosing Profile တို့ ကို သတ်မှတ်ပေးနိုင်တယ်။

Risers အောက်မှာ Stair တခုအတွက် အစ နဲ့  အဆုံးသတ်တွေကို Riser သုံးမယ်၊ မသုံးဘူးဆိုတာကို သတ်မှတ်ပေးနိုင်တယ်။ သူနဲ့ ဆိုင်တဲ့ Riser Type, Riser Thickness, Riser to Tread Connection တို့ ကိုလည်း သတ်မှတ်ပေးနိုင်တယ်။

Stringers အောက်မှာတော့ ကိုယ်ဖန်းတီးချင်တဲ့ Stair အတွက် လိုအပ်မယ့် Stringer Shape, Size, Position ... စတာတွေကို သတ်မှတ်ပေးနိုင်တယ်။

Identity Data အောက်မှာတော့ ပုံမှန်အတိုင်း Non-Geometric Data တွေကို ထည့်သွင်းနိုင်ကြတယ်။


တတိယ အနေနဲ့  Industry တွေမှာ အသုံးပြုတဲ့ Metal/ Steel Stair တခုကို Stair by Sketch နဲ့ သုံးပြီး ဘယ်လိုဖန်တီးတယ် ဆိုတာကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

အဲဒီအတွက် ပထမဆုံး လိုအပ်တာက Stair ရဲ့ Layout/ Setting ဘယ်လိုဆိုတာကို အရင် ဆုံးဖြတ်ရပါမယ်။ ပြီးရင် Mid Landing ရဲ့ Location နဲ့  Landing ကို သတ်မှတ်ရပါတယ်။
ပြီးရင်တော့ အဲဒီ Metal/ Steel Stair ကို စတင်လို့  ရပါပြီ။

Metal/ Steel Stair တခု တည်ဆောက်ပုံအဆင့်ဆင့်
- အရင်ဆုံး Default ပါလာပြီးသား Stair Type တခုကနေ Duplicate လုပ်ပြီး သင့်တော်ရာ Type Name တခုပေးပါ။
- ပြီးရင် Calculation Rules မှာ မိမိလိုအပ်သလို Tread နဲ့  Riser ရဲ့ Limit ကို သတ်မှတ်ပါ။
- ပြီးရင် Tread thickness နဲ့  Nosing Length ကို သတ်မှတ်ပါ။
- Riser ကို မလိုအပ်တဲ့အတွက် Riser Type ကို None ထားပါ။
- ပြီးရင် Stringer Size ကို သတ်မှတ်ပါ။(Vertical Setting ကို Stair ရုပ်လုံးပေါ်လာမှ Edit လုပ်ပါ။)

Metal/ Steel Stair တခုရဲ့ Stringer Beam ကို Customize လုပ်ခြင်း
Stair by Sketch နဲ့ သုံးရင်တော့ Stringer Beam ရဲ့ Section Profile ကို Rectangle/ Square အနေနဲ့ သာ ပုံမှန်အားဖြင့် အသုံးပြုနိုင်ပါတယ်။
တကယ်လို့  တခြား C-Channel တို့  Universal Beam တို့  စတဲ့ Section Profile တွေကို လိုချင်ရင်တော့ Railing ကိုပဲ Alternative way အနေနဲ့  အသုံးပြုရပါ့မယ်။

လုပ်ဆောင်ချက် အဆင့်ဆင့်တွေကတော့
- Riser Type မှာ Left/ Right Stringer တွေကို None အရင်လုပ်ပါ။
- ပြီးရင် Default ပါလာပြီးသား Railing Type တခုကနေ Duplicate လုပ်ပြီး Stringer လို့  နာမည်ပေးပါ။
- ပြီးရင် အဲဒီ Type ထဲဝင်ပြီး Rail Structure ကနေ ကိုယ်လိုချင်တဲ့ Section Profile ပါတဲ့ Rail တခု Insert လုပ်ပါ။ (Default က ပါလာတဲ့ Rail အားလုံးကို Delete လုပ်ပစ်ပါ။)
- ပြီးရင် Baluster Placement ထဲဝင်ပြီး Baluster အားလုံးကို None လုပ်ပါ။
- Type Properties Pane ရဲ့ first page က Top Rail ရဲ့ Type ကိုလည်း None ထားပါ။
- ဒီ့နောက် Railing> Place on Host ကိုသုံးပြီး လိုချင်တဲ့ Stringer တွေကိုဖန်တီးပါ။ (လိုအပ်သလို Horizontal/ Vertical Adjustment ကို Stringer ရုပ်လုံးပေါ်လာမှ Edit လုပ်ပါ။)

ဒါဆိုရင် ကျွန်တော်တို့  လိုချင်တဲ့ Section Profile နဲ့  တည်ဆောပ်ထားတဲ့ Metal/ Steel Stair တခုကို ရရှိလာမှာပါ။


အောက်က လင့်ခ် တွေကနေလည်း ဒေါင်းယူနိုင်ပါတယ်။
http://www.mediafire.com/download/4ks7qskxum2sdac/Revit-Stair1.mp4
http://www.mediafire.com/download/18b74itfyq8k2ay/Revit-Stair2.mp4
http://www.mediafire.com/download/cxbldccyvt6u2kc/Revit-Stair3.mp4

Saturday 16 April 2016

RVT07 : Revit ရဲ့ Design Options အကြောင်း

မင်္ဂလာပါ...

Design Options ဆိုတဲ့ Tool ဟာ ဆိုရင်လည်း Revit ရဲ့ အစွမ်းထက်ပြီး အသုံးဝင်တဲ့ Tool တခုလို့ ဆိုနိုင်ပါတယ်။ သူ့ကို Design Proposal တွေ လုပ်ကြရတဲ့အခါမျိုးမှာ အဓိက အသုံးပြုကြပါတယ်။

ပုံမှန် CAD Platform မှာ အလုပ်လုပ်ကြရစဉ်တုန်းကတော့ ကို Propose လုပ်ချင်တဲ့ Option အရေအတွက်အတိုင်း Drawing File တွေကို Copy ပွားပစ်ရတာမျိုး၊ ဒါမှာမဟုတ်ရင် တဖိုင်တည်းမှာပဲ ပုံတွေကို Copy ပွားပစ်ပြီး Option တွေခွဲဆွဲရတာမျိုးတွေကို ဆောင်ရွက်ဖူးကြမှာပါ။

အဲဒီလို Option တွေကို ခွဲဆွဲပြီး Proposal တင်တဲ့အထိတော့ အဆင်ပြေသေးတယ်။ Client က ကိုယ့်ရဲ့ Proposal Option တွေထဲက တခုကိုပဲ ရွေးလိုက်ရင်တော့ ကိစ္စကပြီးတယ်။ အဲလိုမှမဟုတ်ပဲ Client ဆီကနေ Option 1 ကတပိုင်း Option 2 ကတပိုင်း... စသဖြင့် Comment ပြန်လာတော့မှ ပြသနာက စတော့တာပဲ။ အဲဒီ Proposal Option တွေထဲကနေ Client လိုချင်တဲ့ အပိုင်းတွေကို ပြန်ပေါင်းပြီး Client က လက်ခံမယ် Design တခုကို ထပ်ပြီး ဖန်တီးရပြန်ပါတယ်။ အဲဒီမှာတင် Client က လက်ခံအတည်ပြုသွားတာလည်း ရှိမယ်။ ထပ်ပြီ revise လုပ်ရတာလည်းရှိမယ်။
ဆိုလိုချင်တာက CAD Platform မှာ ကြုံတွေ့ကြရတဲ့ အဲ့ဒီလို ရှုပ်ထွေးတဲ့ Process တွေကို Revit က သူ့ရဲ့ Design Options ဆိုတဲ့ Tool နဲ့အရိုးရှင်းဆုံးဖြစ်အောင် ကူညီပေးထားလေရဲ့။

ဆိုတော့ကာ...

Design Options မှာ အဓိကပါဝင်တဲ့ အရာတွေကတော့
- Option Set တွေရယ်
- Option တွေရယ်....ဆိုပြီးတွေ့ကြရပါမယ်။

Option Set တခုရဲ့အောက်မှာ သူနဲ့ဆိုင်တဲ့ တခုထက်ပိုတဲ့ Option တွေကို ဖန်တီးနိုင်ကြတယ်။
ကိုယ်က Propose လုပ်ချင်တဲ့ နေရာ/ အခြေအနေပေါ်မူတည်ပြီး Option Set တွေကို တခုထက်မက ဖန်းတီးနိုင်ပြန်တယ်။ အဲ့ဒီအတွက် ကိုယ်အလုပ်လုပ်နေတဲ့ Model ကို Copy တွေပွားနေစရာ မလိုဘူး။
Option Set အလိုက် Client က လက်ခံတဲ့အခါကျတော့မှာ ကိုယ်က သက်ဆိုင်ရာ Option Set တွေထဲက Approved Option လေးတွေကို အတည်ပြုရွေးချယ်လိုက်ရုံပဲ။ အဲလို ရွေးချယ်လိုက်တာနဲ့ တပြိုင်နက် ဆိုင်ရာ Option Set အောက်က Reject အလုပ်ခံရတဲ့ Option တွေနဲ့ သူတို့နဲ့ ပါတ်သက်နေတဲ့ Proposed Element/ Object/ View စတာတွေကိုလည်း Automatically Delete လုပ်သွားပါလိမ့်မယ်။

Design Options ဆိုတဲ့ Tool ကို လက်တွေ့ အသုံးပြုပုံလေးကိုတော့ အောက်က Video Clip လေးနဲ့  တင်ပြဆွေးနွေးထားပါတယ်။


အောက်က လင့်ခ် တွေကနေလည်း ဒေါင်းယူနိုင်ပါတယ်။
http://www.mediafire.com/download/cmcru9sja9pgacd/Revit-Design_Options.wmv

RVT06 : Revit ရဲ့ Phase အကြောင်း


မင်္ဂလာပါ...


ဒီ Post မှာ အဓိကထားပြီး ဆွေးနွေးချင်တဲ့ အကြောင်းအရာလေးကတော့ Revit ရဲ့ tool တခုဖြစ်တဲ့ Phase ဆိုတာလေးပါပဲ။

Phase ဆိုတာကို Revit ရဲ့ Timeline လို့လည်း ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Phase တွေဟာ Project Life-cycle ဆိုတဲ့ သံသရာစက်ဝန်းပေါ်က မှတ်တိုင်လေးတွေ ဖြစ်နေလို့ပါပဲ။
ဥပမာပေးရရင်တော့ ကျွန်တော်တို့ရဲ့ ဘ၀တွေလိုပေါ့။
- အမိဝမ်းကနေ ထွက်လာကတည်းကနေ လမ်းမလျှောက်တတ်ခင်အထိက ရင်ခွင်ပိုက်ကလေးဘဝ
- အဲဒီကနေ တီတီတာတာလေးတွေပြောတတ်လာတဲ့ မူကြိုကျောင်းသားဘဝ
- ပြီးတော့ မူလတန်း
- အလယ်တန်း
- အထက်တန်း....စသဖြင့်ပေါ့။
အဲဒီဘ၀တွေဟာ ကျွန်တော်တို့ရဲ့ သက်တမ်းရဲ့ အစိတ်အပိုင်း အချိုးအကွေ့ မှတ်တိုင်လေးတွေပဲပေါ့။

ဆိုတော့ကာ...

ဘ၀ မှာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်...ဆိုတဲ့ အခြေခံ အပိုင်းအခြား (၃)ခု ရှိနေတယ်။
Phase မှာတော့ Existing နဲ့ New ဆိုတာပဲရှိတယ်တဲ့။ တကယ်လို့ Future ကို ထည့်သုံးချင်ရင်တော့ Alternative way တခုခုကို သုံးရတော့မှာပေါ့။
ဒါဆို မေးစရာရှိတာက Demolition နဲ့ Temporary ကရော Phase တွေ မဟုတ်ကြဘူးလား။ ဘယ် Phase တွေရဲ့ အောက်မှာရှိနေကြတာလဲ။

Demolition နဲ့ပတ်သက်ပြီး ပြောရရင် သူဟာ Element တခုရဲ့ ဘ၀နိဂုံး အဆုံးသတ်ခြင်း...ဖြစ်လို့ ဘယ် Phase မှာမဆို ရှိနိုင်/ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ Phase ရဲ့အလွန် နောက်လာမယ့် New Phase မှာ သူ့ကို တွေ့နိုင်မှာ မဟုတ်တော့ဘူး။

Temporary ဆိုတာကလည်း သက်ဆိုင်ရာ Phase တခုအတွင်းမှာပဲ ယာယီအထောက်အပံ့ပေးဖို့အတွက် ရပ်တည်ပေးနေတာဖြစ်ပြီး အဲဒီ Phase အတွင်းမှာတင်ပဲ ပျောက်ကွယ်သွားကြရတယ်။ (ဘုရားပြီး ငြမ်းဖျက်...ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတယ်လေ...)

ဒါဆို Phase ဆိုတဲ့ Tool ကို ဘယ်လိုအသုံးပြုရမလဲ။....
အောက်က Video Clip လေးနဲ့  တင်ပြဆွေးနွေးထားပါတယ်။

 
အောက်က လင့်ခ် တွေကနေလည်း ဒေါင်းယူနိုင်ပါတယ်။

RVT05 : Revit ရဲ့ Workset အကြောင်း


အားလုံးပဲ မင်္ဂလာပါ...။

Workset ဆိုတာ Project တခုကို User တွေအများကြီးက အတူတကွ တချိန်တည်းတပြိုင်တည်း အလုပ်လုပ်နိုင်အောင် စီမံပေးထားတဲ့ Revit ရဲ့ Powerful Tool တခုပေါ့။

တကယ့်လက်တွေ့မှာတော့ Project တခုမှာ 3D Model တွေဟာ တခုထက်မက ပါဝင်နေကြတာကတော့ ဘယ်သူ့မှမငြင်းနိုင်ပါဘူး။ အနည်းဆုံးတော့ ဆိုင်ရာ Discipline တွေရဲ့ 3D Model တွေ တခုစီတော့ ရှိကြတာပါပဲ။ Project ရဲ့ ပမာဏအလိုက် အဲဒီ Discipline တခုစီအတွက်ကိုပဲ 3D Model တွေကို တခုထက်ပိုပြီး တည်ဆောက်ကြရတာလည်း ရှိနိုင်ပါတယ်။

ဒါပေမယ့် CAD Platform မှာလို Drawing တခုကို File တခု ဆိုတာမျိုးတော့ ရှိနေမှာမဟုတ်ဘူး။ ဒါကြောင့်လည်း User တွေများကြီးက 3D Model တခုမှာ တချိန်တည်း တပြိုင်တည်း အတူတကွ အလုပ်လုပ်နိုင်ဖို့ ဆိုတာ BIM Platform မှာ မရှိမဖြစ်လောက်နီးနီး လိုအပ်လာတာပေါ့။ အဲဒီအတွက်ပဲ Software Developer တွေဟာ အဲဒီ လိုအပ်ချက်ကို ဖြည့်နိုင်ဖို့ Work Sharing Tool တွေကို သူတို့ရဲ့ BIM Software တွေမှာ ထည့်သွင်းလာတာကြတယ်။

Workset ဟာဆိုရင် BIM လောကရဲ့ ရှေ့ပြေး Software ဖြစ်တဲ့ Autodesk Revit ရဲ့ Work Sharing Tool တခုအနေနဲ့ ထင်ရှား လူသိများနေခဲ့ပါတယ်။ Workset Tool ကို Group/ Company တခုအတွင်း မှာ အသုံးပြုမယ်ဆိုရင်တော့ LAN (local area network) နဲ့တင် အသုံးပြုနိုင်ပါတယ်။
တကယ်လို့ နေရာဒေသ တနေရာစီမှ ရှိနေကျတဲ့ User တွေက Project တခုတည်းမှာ အတူတကွ တချိန်တည်း တပြိုင်တည်း အလုပ်လုပ်မယ်ဆိုရင်တော့ Workset တခုတည်းနဲ့ မလုံလောက်တော့ပါဘူး။ Revit Server လို Application မျိုးတွေ လိုအပ်လာပါတယ်။ အဲဒီအတွက် LAN လောက်နဲ့ မရတော့ပဲ WAN (wide area network) ကိုပါအသုံးပြုကြရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Network Setting/ Security Setting တွေကိုထိုင်ဖို့လည်း လိုအပ်လာမှာဖြစ်ပါတယ်။ အဲဒီအဆင့် ဆိုတာက Organizational Task လောက်ဖြစ်နေပါပြီ။

ကျွန်တော်တို့အနေနဲ့ကတော့ Work Sharing ရဲ့ ပထမခြေလှမ်းဖြစ်တဲ့ Workset ကိုပဲ အရင်ဆွေးနွေးကြတာပေါ့။

ဆိုတော့ကာ Workset ဘယ်လိုအလုပ်လုပ်သလဲ။
အဓိက သိထားသင့်ပြီး လုပ်ဆောင်ရမယ့် အဆင့်တွေကတော့...
1. Folder Structure
2. Enabling Work Sharing
3. Opening as Local
4. Participant Role/ Types
5. Applying Tools... တို့ပဲဖြစ်ကြပါတယ်။

 Revit ရဲ့ Workset Tutorial ကို Video Clip (၂) ပိုင်းခွဲပြီး တင်ပြဆွေးနွေးပေးထားပါတယ်။

  အပိုင်း(၁)
အပိုင်း(၂)

အောက်က လင့်ခ် တွေကနေလည်း ဒေါင်းယူနိုင်ပါတယ်။

RVT04 : Revit ရဲ့ Shared Coordinate System အကြောင်း

မင်္ဂလာပါ အပေါင်းအသင်းတို့ရေ...

ဒီတခါတော့ Revit ရဲ့ Shared Coordinate System အကြောင်းလေး တင်ပြဆွေးနွေးထားပါတယ်။
အဓိကအနေနဲ့  Shared Coordinate System ကို ပြင်ဆင်ပုံ နဲ့  အသုံးပြုပုံတွေကို ဆွေးနွေးတင်ပြထားပါတယ်။

တဆက်တည်း Publish နဲ့  Acquire ရဲ့ အသုံးပြုပုံကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
သတိထားရမယ့် အချက်အနေနဲ့  ကတော့ Shared Coordinated လုပ်ပြီးသား Linked File ကို ရွှေ့ တဲ့အခါ...Dialog Box တခုပေါ်လာပြီး အဲ့ဒီ Linked File ရဲ့ Position အပြောင်းအလဲကို...Save လုပ်မလား ... ဆိုပြီးမေးလေ့ရှိပါတယ်။ စာကိုအသေအချာ မဖတ်ပဲ Save လိုက်မိရင်တော့ အဲ့ဒီ Linked File ရဲ့ Position ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။


အောက်က လင့်ခ် တွေကနေလည်း ဒေါင်းယူနိုင်ပါတယ်။
http://www.mediafire.com/download/16pe2fjlnyb6z0q/Revit-Shared_Coordinate_System.wmv

Resource File တွေကို အောက်က လင့်ခ်ကနေလည်း ဒေါင်းယူနိုင်ပါတယ်။
https://www.mediafire.com/folder/a9ta902yja30b/Shared_Coordinate_System_Assets

RVT03 : Revit ရဲ့ Working with Revit Link File အကြောင်း

မင်္ဂလာပါ။

ဒီတခါတော့ Revit Link ကို အသုံးပြုပြီး Reference Revit File  ကို ကိုယ့်ရဲ့ Revit Project ထဲမှာ ခေါ်သွင်းအသုံးပြုပုံလေး တင်ပြဆွေးနွေးထားပါတယ်။


အောက်က လင့်ခ် တွေကနေလည်း ဒေါင်းယူနိုင်ပါတယ်။
http://www.mediafire.com/download/f1452q0i2cz6f61/Revit-Working_with_Link_Revit.wmv

RVT02 : Revit ရဲ့ Import/ Link CAD အကြောင်း

မင်္ဂလာပါ အပေါင်းအသင်းတို့ရေ...

ဒီတခါတော့ Revit ရဲ့ Link CAD ကို အသုံးပြုပြီး AutoCAD နဲ့ ဆွဲထားပြီးသား Detail Drawing တွေကို Revit Project ထဲမှာ ခေါ်သွင်းအသုံးပြုပုံလေး တင်ပြဆွေးနွေးထားပါတယ်။


အောက်က လင့်ခ် တွေကနေလည်း ဒေါင်းယူနိုင်ပါတယ်။
http://www.mediafire.com/download/xduably4prdtlmj/Revit-Using_LinkCAD.wmv

RVT01 : Revit ရဲ့ Site Setting Out အကြောင်း

မင်္ဂလာပါ။

ဒီပို့ စ်မှာ  Site Setting Out အဆင့်ဆင့် ပြုလုပ်ပုံ ကို တင်ပြဆွေးနွေးထားပါတယ်။

Revit မှာ Site Setting Out ကို Project ကနဦး စတင်တဲ့၊ Project ကို ဦးဆောင်တဲ့ အဖွဲ့ အစည်း တခုခုက ဆောင်ရွက်သင့်ပါတယ်။ တကယ်လို့  Information မစုံသေးဘူး ဆိုရင်တောင် ရှိသင့် ရှိရမယ့် Setting လောက်နဲ့  ပဲ Site Setting Out ကို ပြုလုပ်ထားနိုင်ပါတယ်။

CAD မှာဆိုရင် Project အစမှာ Site Setting Out တွေမငြိမ်ခဲ့ရင် နောက်ဆက်တွဲ Design Development Process မှာ အတော်လေး ဒုက္ခရောက်တာကို ကိုယ်တိုင် ကြုံတွေ့ ခဲ့ရဘူးပါတယ်။ Revit မှာတော့ Information မစုံသေးသည့်တိုင် ရှိတဲ့ Information လောက်နဲ့  Site Setting Out ကို ပြင်ဆင်ထားနိုင်ပါတယ်။ နောက်ပိုင်း Information တွေစုံတော့မှာ Update လုပ်မယ်ဆိုရင်လည်း Design Development Process မှာ ဒုက္ခရောက်စရာ သိပ်မရှိပါဘူး။

တခုပဲ...

Site Setting Out ဖန်တီးတဲ့သူရဲ့ မဆင်မခြင် မလေ့လာပဲ ထင်ရာလုပ်ထားခဲ့ရင်တော့ အတော်လေး ဖြေရှင်းရ ခက်တတ်ပါတယ်။ ကြုံဖူးတာတခုကတော့ True North ကိုလှည့်ရမယ့်အစား Project North ကိုလှည့်ပစ်တာရယ်၊ Project Base Point ကို Project တည်နေရာရဲ့ အဝေးဆုံးမှာ ထားပစ်တာရယ်ကြောင့် Revit ရဲ့ Space Limit ဒုက္ခပေးခြင်းကို အတော်လေး ခံခဲ့ရဖူးလို့ပါ။ Project Base Point ဆိုတာ Project တည်နေရာအ၀န်းအ၀ိုင်း အတွင်းမှာပဲ ရှိနေသင့်တယ် ဆိုတာလေးကိုတော့ သတိပြုစေချင်ပါတယ်။


အောက်က လင့်ခ် တွေကနေလည်း ဒေါင်းယူနိုင်ပါတယ်။
http://www.mediafire.com/download/qd2xa79kmj95l34/Revit-Site_Setting_Out.wmv

Resources File တွေကို အောက်က လင့်ခ်ကနေလည်း ဒေါင်းယူနိုင်ပါတယ်။
 https://www.mediafire.com/folder/cxbz1uislb5jr/Site_Setting_Out_Assets

NW01 : Navisworks Freedom Tutorials

မင်္ဂလာပါ...

ဒီပို့ စ်မှာ Navisworks Freedom အသုံးပြုပုံကို အပိုင်း (၆) ပိုင်းခွဲပြီး တင်ပြဆွေးနွေးထားပါတယ်။

Navisworks Freedom ဟာ Free ပေးထားတဲ့အလျှောက် လုပ်ဆောင်စွမ်းဆောင်နိုင်ရည်ကတော့ သိတဲ့အတိုင်းပါပဲ။ Design Review လုပ်ရုံလောက်ပဲ အသုံးတဲ့ပါမယ်။ ဒါပေမယ့် တချို့ အကြောင်းအရာတွေကတော့ Navisworks Manage/ Simulate အတွက်ပါ အသုံးဝင်နေတာကြောင့် ဒီ Video Tutorial တွေကို ဖန်တီးဖြစ်လိုက်တာပါ။

အပိုင်း(၁) အနေနဲ့  User Interface ကို တင်ပြဆွေးနွေးထားပါတယ်။


 အပိုင်း(၂) အနေနဲ့  Application Buttom ကို တင်ပြဆွေးနွေးထားပါတယ်။ အဓိကအနေနဲ့  Options ထဲက အကြောင်းအရာတွေကို ဆွေးနွေးထားတာပါ။


အပိုင်း(၃) အနေနဲ့  Home Palette ထဲက Tool တွေနဲ့  အလုပ်လုပ်ပုံကို တင်ပြဆွေးနွေးထားပါတယ်။


အပိုင်း(၄) အနေနဲ့  Viewpoint ထဲက Tool တွေနဲ့  အလုပ်လုပ်ပုံကို တင်ပြဆွေးနွေးထားပါတယ်။


အပိုင်း(၅) အနေနဲ့  Review ထဲက Tool တွေနဲ့  အလုပ်လုပ်ပုံကို တင်ပြဆွေးနွေးထားပါတယ်။


အပိုင်း(၆) အနေနဲ့  Animation, View, Output ထဲက Tool တွေနဲ့  အလုပ်လုပ်ပုံကို တင်ပြဆွေးနွေးထားပါတယ်။

ဒီ Video Tutorial ဟာ Navisworks Freedom အသုံးပြုလိုသူများအတွက် အတိုင်းအတာတခုအထိ အကျိုးပြုလိမ့်မယ်လို့  မျှော်လင့်ပါတယ်။

အောက်က လင့်ခ် တွေကနေလည်း ဒေါင်းယူနိုင်ပါတယ်။
http://www.mediafire.com/download/gvygh1laka9x2c4/NW01-001-User_Interface.wmv
http://www.mediafire.com/download/n04cyr05zc86bu8/NW01-002-Application_Buttom.wmv
http://www.mediafire.com/download/74brtxh7gil5nv7/NW01-003-Home.wmv
http://www.mediafire.com/download/x8dcqdwdhwdhk9b/NW01-004-Viewpoint.wmv
http://www.mediafire.com/download/nac4wcwkrz5c8vz/NW01-005-Review.wmv
http://www.mediafire.com/download/aiz3atzgg0ofj1y/NW01-006-View.wmv

နောက်လာမယ့်  ပို့ စ်မှာတော့ Navisworks Manage နဲ့  အလုပ်လုပ်ပုံတွေကို ဆက်လက် တင်ပြဆွေးနွေးသွားပါမယ် ဆိုတာ ကြော်ငြာရင်း....

Sunday 10 April 2016

NW00 : Navisworks Overview

မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ...

အခုတလော အပေါင်းအသင်း မိတ်ဆွေတွေ သိချင်နေကြမယ်လို့  ယူဆတဲ့ Autodesk ရဲ့ Navisworks အကြောင်းလေး မိတ်ဆက်အနေနဲ့  တင်ပြပါရစေ။

Navisworks ရဲ့ သမိုင်းအကျဉ်း
Navisworks ဟိုးအစောပိုင်း ၂၀၀၉ မတိုင်ခင်လောက်က Jetstream လို့ လူသိများခဲ့ပါတယ်။ Navisworks လို့အမည်ရတဲ့ Developer ကဖန်တီးခဲ့တာပါ။ ၂၀၀၉ ခုနှစ်လောက်မှာမှ Autodesk က $25 million နဲ့  ၀ယ်ယူခဲ့ပြီး Autodesk Navisworks 2009 ကို ထုတ်ခဲ့တာပါ။ အခုဆိုရင်တော့ Autodesk Navisworks 2017 တောင် လာမယ့် လအနည်းငယ်အတွင်းမှာ ထွက်လာတော့မှာပါ။

အသေးစိတ်ကိုတော့ https://en.wikipedia.org/wiki/Navisworks ကနေ လေ့လာနိုင်ပါတယ်။

Navisworks အမျိုးအစားများ
Autodesk ကနေ Navisworks ကို အမျိုးအစား (၃) မျိုးအနေနဲ့  ထုတ်လုပ်ပါတယ်။
  • Navisworks Freedom
  • Navisworks Simulate
  • Navisworks Manage ...တို့ပဲ ဖြစ်ပါတယ်။
Navisworks File Format အမျိုးအစားများ 
File Format အမျိုးအစား အနေနဲ့  ဆိုရင် (၃) မျိုး မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
  • NWC - Navisworks Cache File Format
  • NWF - Navisworks Project File Format
  • NWD - Navisworks Design Review File Format ...လို့ ဆိုနိုင်ပါတယ်။
Navisworks Freedom ၏ လုပ်ဆောင်ချက်များ
Navisworks Freedom ဟာ Free ပေးထားတာ ဖြစ်လို့ Design Review လုပ်ရုံသက်သက်အတွက်ပဲ အသုံးဝင်ပါမယ်။ NWD နဲ့  DWF file format (၂) မျိုးကိုသာ အသုံးပြုနိုင်ပါတယ်။

Autodesk Design Review တို့ Autodesk True Viewer တို့ထက် သာတဲ့ အချက်ကတော့ Size အရွယ်အစားကြီးတဲ့ NWD နဲ့  DWF file တွေကို အလွယ်တကူ ဖွင့်နိုင်၊ Review လုပ်နိုင်တာပါပဲ။
Design Model တွေကို Measure လုပ်တာ၊ Section ဖြတ်ကြည့်တာတွေ လုပ်နိုင်ပါတယ်။
တကယ်လို့ NWD file မှာ Animation တို့ Walk Through တို့ ပါလာခဲ့ရင် သူတို့ကို Run ကြည့်နိုင်ပါတယ်။ NWD file မှာ ပါလာတဲ့ Viewpoint တွေ၊ Comments တွေကို Review လုပ်နိုင်ပါတယ်။

Navisworks Manage နဲ့  Simulate ၏ လုပ်ဆောင်ချက်များ
Navisworks Manage နဲ့  Simulate တို့ရဲ့ လုပ်ဆောင်ချက်တွေကိုတော့ အောက်က ပုံမှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ Navisworks Simulate မှာ Clash Detection မလုပ်နိုင်တာ တခုပဲ Navisworks Manage နဲ့  ကွာခြားတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။


 BIM လောကထဲမှာ Authoring Tool နဲ့  Analysis Tool ရယ်လို့ ရှိတဲ့အထဲမှာ Navisworks Manage/Simulate Software ကို Analysis Tool တွေလို့  ဆိုရမှာပါ။ သူတို့ Platform ပေါ်မှာ Authoring လို့ခေါ်တဲ့ Modeling Process ကို ဆောင်ရွက်လို့ မရနိုင်လို့ပါပဲ။

သူတို့တွေဟာ Authoring Tool တွေက ဖန်တီးပေးလိုက်တဲ့ Model တွေကို အသုံးပြုပြီး လုပ်ငန်းအတွက် လိုအပ်တဲ့ Analysis Process တွေကိုပဲ အဓိကဆောင်ရွက်ပေးနိုင်ကြပါတယ်။

Navisworks ရဲ့ ထူးခြားချက်က Software Platform မျိုးစုံက File Format မျိုးစုံကို လက်ခံနျိုင်တာကိုပါပဲ။ သူလက်ခံနိုင်တဲ့ File Format တွေကို http://download.autodesk.com/us/support/files/navisworks_supported_formats_applications/Navisworks_2016_Supported_Formats_and_Applications.pdf ကနေ လေ့လာနိုင်ပါတယ်။

အချုပ်အားဖြင့်တော့ ဒီ Navisworks Software တွေဟာ ကျွန်တော်တို့ရဲ့ Building Design နဲ့ Construction Process ကြီးတခုလုံးကို ဟန်ချက်ညီညီ အမှားအယွင်းအနဲဆုံး ဆောင်ရွက်နိုင်ဖို့ အတွက် တထောင့်တနေရာကနေ အားဖြည့်ပါဝင်နေတယ် ဆိုတာကတော့ အသေအချာဖြစ်ပါတယ်။

ဆိုတော့ကာ...

ရှေ့ လာမယ့် Post မှာတော့ Navisworks Freedom လက်တွေ့အသုံးပြုပုံကို တင်ပြဆွေးနွေးသွားပါမယ် ဆိုတာကြော်ငြာရင်း....

 

Welcome to My CAD-BIM CAFE

မင်္ဂလာပါ...

My CAD-BIM CAFE မှ နွေးထွေးစွာ ကြိုဆိုပါတယ်။

ဒီ Blog ကို ဟိုးလွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်လောက်က စတင်ခဲ့တာပါ။ BIM ဆိုတာကို နားစွန်နားဖျား ကြားခဲ့တဲ့ အချိန်က ဆိုတော့ ကိုယ်ထင်တာတွေကို ချရေးခဲ့ရင်း ဒီ Blog လေးပေါ်ပေါက်လာခဲ့တာပါ။ အချိန်တွေ ရွှေ့ လျားလာတာနဲ့  အမျှ နည်းပညာတွေကလည်း အံ့မခန်း တိုးတက်လာကြတာ အားလုံးလည်း ခံစားမိမှာပါ။

ပြီးတော့ သင်ထောက်ကူ Resources တွေကလည်း နေရာအတော်များများကနေ အလွယ်တကူ ရရှိနိုင်နေပြီလေ။ IT ခေတ်ရဲ့ ထူးခြားတဲ့ အကျိုးပြု ၀ိသေသ တွေပါပဲ။ အသိပညာရှင် အတတ်ပညာရှင်တွေကလည်း မိမိသိရှိထားတဲ့ ပညာရပ်တွေကို အားတက်သရော မျှဝေနေကြတာကလည်း တကယ့်ကို အားကျစရာပါပဲ။

အဲဒီလို ပညာရှင်တွေနဲ့  နှိုင်းယှဉ်မိပြန်တော့ ကိုယ်သိထား တတ်ထားသမျှ ဆိုတာတွေက သောင်ပြင်ထက်က သဲတစ်ပွင့်သာသာလောက် ဖြစ်သွားရော။ သို့ပေမယ့် ကိုယ်သိထား သင်ထားတဲ့ အဲဒီ သဲတစ်ပွင့်သာသာလောက် ဗဟုသုတလေးတွေကိုပဲ သိချင် တတ်ချင်သူများအတွက် ရည်ရွယ်ရင်း အသက်ကင်းမဲ့လုလု ဒီ Blog လေးကို ပြန်လည် အသက်သွင်းလိုက်ခြင်း ဖြစ်ပါတယ်။

ဒီ Blog မှာ အဓိကအနေနဲ့  ကျွန်တော် ကျင်လည်ဖြတ်သန်းခဲ့တဲ့၊ ဖြတ်သန်းနေတဲ့ လုပ်ငန်းအတွေ့ အကြုံတွေ၊ အသုံးပြုနေတဲ့ Software တွေအကြောင်းကို အလျင်းသင့်သလို တင်ပြသွားဖို့ စီစဉ်ထားပါတယ်။ အရင်ကတော့ Facebook Page မှာ တင်လေ့ရှိပေမယ့် အစီအစဉ်တကျ လုပ်ဖို့  ခက်ခဲ့တဲ့အတွက် ဒီ Blog လေးမှာပဲ ပြန်လည်တင်ပြပေးသွားဖို့  ရည်ရွယ်ထားပါတယ်။

ဒီ My CAD-BIM CAFE မှာ အလည်အပတ် လာရောက် ကြမယ့်သူများ၊ ကွန်မန့် ရေးပြီး အကြံပြု ဆွေးနွေးမှုများအတွက် အထူးပဲ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါတယ်။

သက်လင်း