Saturday 8 July 2017

DYN06.01 : Dynamo Player နှင့် မိတ်ဆက်ခြင်း

Dynamo Player ရယ်လို့  ပြောလိုက်ရင် သာမန် Revit User တွေအတွက်တော့ နည်းနည်း ထူးဆန်းနေကြမှာပါပဲ။ ကျနော်တို့ လို Dynamo ခြေဆော့လက်ဆော့ ရှိသူတွေအတွက်တော့ သိထားသင့် တတ်ထားသင့်တဲ့ Tool တခုလို့  ဆိုရမှာပါ။


ပထမဆုံးအနေနဲ့  Dynamo ဆိုတာ Visual Programming Script/ Tool ရယ်လို့ သိထားကြပြီးပြီ လို့ မျှော်လင့်ပါတယ်။
ဆိုတော့ကာ ... သာမန်အားဖြင့် ရေးပြီးသား Dynamo Code တွေကို အသုံးပြုဖို့  ဆိုတာ End User အနေနဲ့  အဲ့ဒီ Dynamo Code တွေကို ဖွင့်ရမယ်။ ပြီးရင် လိုအပ်တဲ့ Input တွေကို ဖြည့်ရမယ်။ နောက်ဆုံးအနေနဲ့  Run Button ကို နှိပ်ရမယ်။
ဆိုတော့ကာ ... End User တွေဟာ Dynamo ရဲ့ အခြေခံသဘောတရားတွေ၊ လုပ်ဆောင်ချက်တွေကို နားလည်နေဖို့  လိုလာပြန်တယ်။ ဒါ့အပြင် End User တွေကြောင့် ရေးပြီးသား Dynamo Code တွေလည်း မတော်တဆ ဆိုသလို ပျက်စီးသွားတတ်တာတွေလည်း ဖြစ်နိုင်နေသေးပြန်တယ်။ End User တိုင်းကို Dynamo မတတ်မနေရ... လို့ လုပ်ရအောင်ကျပြန်တော့လည်း ပုံမှန် Authoring Tool တွေလို စိတ်ဝင်စားဖို့  ကလည်း မဖြစ်နိုင်ပြန်ဘူး။
ဒါကြောင့်ပဲ ရေးပြီးသား Dynamo Code တွေကို အားလုံးအတွက်လည်း အသုံးတည့်အောင်၊ ပြီးတော့ User-friendly လည်း ဖြစ်မယ့် Tool တခုခုကို ကျနော်တို့  မျှော်လင့်ခဲ့ကြတယ်။

အရင်ဆုံး Dyno Browser ဆိုတဲ့ Tool တခု ပေါ်လာတာ တွေ့ ရပါတယ်။ Dynamo ကို ဖွင့်စရာမလိုပဲ Dyno Browser ထဲမှာ ရှိနေတဲ့ Dynamo Code တွေကို Double-click နှိပ်ပြီး Run လိုက်ရုံပါပဲ။ Input တွေနဲ့  တွဲပြီး သုံးရတဲ့ Dynamo Code တွေ အတွက်ကျတော့ ထပ်ဆင့်ပြင်ဆင်မှုတွေ လုပ်ပေးရပါတယ်။

ဒီလိုနဲ့  Autodesk Revit 2017 ထွက်လာပြီး သိပ်မကြာခင်မှာပဲ Revit 2017.2 ထပ်ထွက်လာပြီး သူနဲ့ အတူ Dynamo Player ဆိုတဲ့ Tool တခုပါ တွဲပါလာတာပါတော့တယ်။

Dynamo Player ဆိုတာ ဘာလဲ

Dynamo Code တွေကို Dynamo(Visual Programming) Knowledge ရှိစရာ မလိုပဲ End User တိုင်း အလွယ်တကူ အသုံးပြုနိုင်အောင် စီစဉ်ဖန်းတီးပေးထားတဲ့ User-friendly Tool တခုလို့  ဆိုနိုင်ပါတယ်။
Dynamo Player ချည်းသက်သက် ဆိုရင်တော့ Simple Code တွေကိုသာ Run ဖို့ အဆင်ပြေနိုင်ပြီး User Input တွေ တွဲပါနေတဲ့ Code တွေကို End User တွေ လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့  ဆိုရင်တော့ Code ရေးသူတွေအနေနဲ့  User Interface (UI) တွေကို ဖန်တီးပေးနိုင်တဲ့ Node Package တွေကို အသုံးပြုဖို့ လိုအပ်လာပါလိမ့်မယ်။ ဒါမှလည်း End User တွေအတွက် User-friendly ဖြစ်မယ့် Code တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

UI တွေကို ဖန်တီးပေးနိုင်တဲ့ Node Package တွေကတော့ ...
- Data-Shapes
- Rhythm
... စတဲ့ Package တွေပဲ ဖြစ်ပါတယ်။ ကျနော်မသိတဲ့ တခြား Package တွေလည်း ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။

လာမယ့် Post ကျရင်တော့ Data-Shapes နဲ့  Rhythm Package တွေထဲက Node တွေရဲ့ အသုံးပြုပုံကို တင်ပြဆွေးနွေးသွားဖို့ ရည်ရွယ်ထားပါတယ်။