Monday 26 June 2017

DYN05.03 : Dynamo Code များနှင့် ကခုန်ခြင်း - အပိုင်း(၃)

သူ...
သူဟာ
ကျနော်တို့ ဘ၀ထဲကို အလင်းတန်းတွေ သယ်ဆောင်လာတယ်ပဲ ပြောရမလား။
ကျနော်တို့ ဦးရေဖျားထက် အလံဖြူတွေ လာလာစိုက်နေတယ်ပဲ ပြောရမလား။
ဘယ်လိုပဲပြောပြော အကန့် အသတ်တွေ၊ အတားအဆီးတွေကိုတော့ သူ့ ရဲ့ ပံ့ပိုးမှုတွေနဲ့  တဆင့်ချင်း တလှမ်းချင်းတော့ ကျော်ဖြတ်နိုင်ခဲ့တာပဲလေ။

နှလုံးသားကို ညွှို့ ယူ ဖမ်းစားတတ်သူတွေကတော့ သူ့ အကူအညီနဲ့ ပန်းပွင့်တွေ ဖန်ဆင်းတတ်ကြတယ်။ နတ်စီတဲ့ အိပ်မက်လှလှတွေ ဖန်တီးတတ်ကြတယ်။ :P

သူဟာ ကျနော်တို့ ဘ၀တွေအတွက်တော့ တန်ခိုးရှင်တယောက်လိုပါပဲ။
-------------------------------------------------------------------------------------

မိုးတွေတဖွဲဖွဲကျနေတဲ့ ကြားက အပူချိန်တွေမြင့်မားနေစဲ စက်ရုပ်မြို့တော်ရဲ့ အလုပ်နားရက်တခုမှာပေါ့။ အိမ်ချင်းက တဘလော့သာခြားပေမယ့် တလတခါတောင်မှာ မတွေ့ ဖြစ်ကြတဲ့ သူငယ်ချင်း အိမ်အလည်လာရင်း...
စကားတွေ ဖောင်ဖွဲ့ ရင်းက ... သူ့ ... အကြောင်းတွေဆီ ရောက်သွားပြီး ဒီဇာတ်လမ်းလေး စတင်ခဲ့တယ်...ဆိုပါတော့....။

ဒန်  ဒန့်  ဒန်
-----------------------------------------------------------------------------------
ဟိဟိ... ဘာမှဟုတ်ဘူး သက်လား... Dynamo Code တခုအကြောင်း ပြောမလို့  အစပျိုးတာ... :P

သူငယ်ချင်းက သူ့ အလုပ်ထဲက တချို့ Repetition ဖြစ်နေတဲ့ ကိစ္စတွေ၊ Manually လုပ်နေရတဲ့ တချို့  Process တွေအကြောင်း ပြောကြရင်းက Sheet Number တွေကို အလွယ်တကူ Rename/ Renumber  လုပ်ဖို့  နည်းလမ်းရှာရင်းက ဒီ ရိုးရှင်းတဲ့ Dynamo Code လေးကို ရှာဖွေတွေ့ ရှိခဲ့ကြတာပါ။

 Revit မှာက Sheet Number ကို ထပ်လို့ မရတာက Software Limit တခုဖြစ်နေတာရယ်ကြောင့် သက်ဆိုင်ရာ Authority တွေအတွက် ပြင်ဆင်တဲ့ အခါ ဒီ Sheet ကိုပဲ Duplicate လုပ်ပြီး Sheet Number ရဲ့ နောက်ဖက်မှာ Authority Name ကို Initial အနေနဲ့  BCA, URA, LTA,... စသဖြင့် ဖြည့်စွက်ပေးရလေ့ ရှိသတဲ့။

အတိုချုံးပြောရရင်တော့ Sheet Number ကို XXX/XX/XXX(BCA) လို့ ပေးထားတဲ့ Sheet တွေကိုပဲ  URA  ကို Issue လုပ်ချင်လာတဲ့အခါ Sheet Number တခုချင်းစီကို သွားပြီး Rename လုပ်နေရတာကို လွယ်ကူမြန်ဆန်တဲ့ နည်းလမ်းရှာရင်းက ဒီ Dynamo Code လေး ရေးဖြစ်ခဲ့တယ် ဆိုပါတော့။










ဒီ Code ရဲ့ ရည်ရွယ်ချက်ကတော့ ဖွင့်ထားတဲ့ Revit ဖိုင်ရဲ့ Sheet တွေရဲ့ Sheet Number တွေမှာ ပါဝင်နေတဲ့ Authority ရဲ့ Initial တွေကို ကိုယ် အစားထိုးချင်တဲ့ Authority ရဲ့ Initial တွေနဲ့  အစားထိုး Rename လုပ်ပေးတာပါပဲ။