Monday 11 September 2017
DYN06.03 : Data-Shapes Package နှင့် မိတ်ဆက်ခြင်း အပိုင်း(၂)
မင်္ဂလာပါ။
ဒီပို့ စ်မှာတော့ Revit နဲ့ Excel အကြား Information တွေ အပြန်အလှန် ချိတ်ဆက်ပုံ၊ ဖလှယ်ပုံကို Dynamo Code  အသုံးပြုပုံပြီး တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ End-user တွေ အသုံးပြုရလွယ်ကူစေမယ့် Code ဖြစ်ဖို့ လည်း လိုအပ်တာကြောင့် Data-Shapes Package ထဲက Node တွေကိုလည်း တွဲဖက်အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ဘာ Add-ins မသုံးဘူး ဆိုရင် Revit နဲ့ Excel ကြားမှာ Information တွေကို အပြန်အလှန် ချိတ်ဆက်ဖို့ ၊ ဖလှယ်ဖို့  ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတခုပါပဲ။ တနည်းအားဖြင့်တော့ Revit Software ရဲ့ Limit လို့ ဆိုရမှာပါပဲ။ တခါ Add-ins တွေ သုံးကြပြန်တော့ လည်း အဲ့ဒီ Add-ins တွေမှာ Limit တွေထပ်ရှိနေပြန်ပါသေးတယ်။ ဥပမာ Revit ရဲ့ Family Parameter အားလုံးကို Excel ဆီ ပို့ လို့ မရတာ၊ Excel ဆီကို Export လုပ်တိုင်း Excel File အသစ်တည်ဆောက်ရတာ...စသဖြင့်သော အဆင်မပြေမှုတွေ၊ အပိုလုပ်ရတဲ့ ကြားခံ Process တွေပါပဲ။ နောက်ဆုံးတချက်ကတော့ Add-ins ဟာ Free မဟုတ်ကြတာပါပဲ။
ဒါဆို Dynamo ကရော ဘာတွေ လုပ်ပေးနိုင်ပါသလဲ။
Revit Project ထဲမှာရှိတဲ့ Element တွေရဲ့ Parameter အမျိုးအစားနဲ့  သူတို့ ရဲ့ Value တွေကို Excel ဆီပို့  နိုင်သလို Excel ဆီက Information တွေကိုလည်း အပြန်အလှန် အနေနဲ့ Import ပြန်လုပ်နိုင်ပါတယ်။ ဒါ့အပြင် တိကျတဲ့စည်းကမ်းချက်တွေ သတ်မှတ်ပြီး  Revit နဲ့ Excel အကြား Information တွေကို အပြန်အလှန် ချိတ်ဆက်နိုင်၊ ဖလှယ်နိုင်ပါသေးတယ်။
လက်တွေ့ အနေနဲ့  Data Exchange Process လေးတခုလောက် လုပ်ကြည့်ကြရအောင်။ ရိုးရှင်းတဲ့ အိမ်တလုံးထဲက Room တွေရဲ့ Information တွေကို Revit နဲ့ Excel အကြား အပြန်အလှန် ချိတ်ဆက်ကြည့်၊ ဖလှယ်ကြည့်ကြမယ် ဆိုပါဆို့ ။
ဒီ Room Schedule မှာ ပထမ Column (၃) ခုက Information တွေဟာ Revit က တိုက်ရိုက် Extract လုပ်ရမှာဖြစ်ပြီး ကျန်တဲ့ Column တွေအတွက် Information တွေကိုတော့ Excel မှာ ဖြည့်စွက်ဖို့  ပြင်ဆင်ပေးထားတာပါ။
ပထမဆုံး ဒီ Room Schedule ကို Excel ဆီ Export လုပ်နိုင်မယ့် Dynamo Code တခုရေးပါ့မယ်။
ဒီ Code မှာ အပိုင်း (၃) ပိုင်း ပါဝင်ပါ့မယ်။
၁။ Revit Project ထဲက Room Information တွေကို Extract လုပ်ခြင်း
၂။ Extract လုပ်ထားတဲ့ Room Information တွေကို Excel ဆီ Export လုပ်ခြင်း
၃။ User-friendly ဖြစ်စေဖို့ Code ကို ထပ်ဆောင်းမွမ်းမံရခြင်း ... ရယ်ဆိုပြီးတော့ ရှိပါမယ်။
Revit Project ထဲက Room Information တွေကို Extract လုပ်ခြင်း။
> Categories ထဲကနေ  Room ကိုရွေးပါတယ်။
> Room ထဲကမှ Element အားလုံးကို ရွေးထုတ်ပါတယ်။
> Room Element တွေရဲ့ Number, Name နဲ့  Area ဆိုတဲ့ Room Information တွေကို Extract လုပ်ပါတယ်။
> Parameter Type မတူတဲ့ Room Information တွေကို List လုပ်ပါတယ်။
> လက်ရှိအတိုင်း  Excel ဆီ ပို့ မယ်ဆိုရင် List တခုသည် Excel ရဲ့ Row တခုဖြစ်နေပါလိမ့်မယ်။
> List တခုတည်းမှာ Room တခုရဲ့ Type မတူတဲ့ Parameter တွေပါဝင်နေစေချင်ရင်တော့ ရှိနေတဲ့ List ကို Transpose  လုပ်ရပါမယ်။
> ဒီနေရာမှာ Room တွေရဲ့ List ကို Number အားဖြင့် စီချင်တယ် ဆိုပါဆို့ ။
> Room Element အားလုံးကို ရွေးထုတ်တဲ့ အချိန်တည်းက ကိုယ်စီချင်တဲ့ Number ဆိုတဲ့ Parameter ရဲ့ Value နဲ့ စီခဲ့ဖို့ လိုပါလိမ့်မယ်။ ဒီနေရာမှာ SwingNodes Package ရဲ့ List.SortByParameterValue ကို အသုံးပြုဖို့  သင့်တော်ပါတယ်။
အခုဆိုရင် Extract လုပ်ထားတဲ့ Room အလိုက် Information တွေဟာ Excel ဆီကို Export လုပ်ဖို့  အဆင်သင့်နီးပါးလောက် ဖြစ်နေပြီလို့  ဆိုနိုင်ပါတယ်။ တခုပဲ ဆုံးဖြတ်ဖို့ ရှိတာက Excel File အသစ်ဖန်တီးမှာလား။ ရှိနှင့်ပြီးသား ဒါမှမဟုတ် Format ပြင်ထားပြီးသား Excel File ထဲကို Information တွေ သွင်းမှာလား ... ဆိုတာပါပဲ။
Excel File အသစ်ဖန်တီးမယ် ဆိုရင်တော့ Information တွေအတွက် လိုအပ်တဲ့ Title တွေကို ထည့်ပေးလိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ အဲ့ဒီ Title တွေအတွက် List.AddItemToFront ကို အသုံးပြုပါမယ်။ (တကယ်လို့  ရှိနှင့်ပြီးသား ဒါမှမဟုတ် Format ပြင်ထားပြီးသား Excel File ထဲကို Information တွေ သွင်းမှာ ဆိုရင်တော့ ဒီအဆင့်ဟာ မလိုအပ်ပါဘူး။)
အခုဆိုရင်တော့ ပထမဆုံး Row မှာ Title တွေကို တွေ့ ရမှာဖြစ်ပြီး အောက်က Row တွေမှာတော့ Room Information တွေကို Room Number အလိုက် အစီအစဉ်တကျ ဖြစ်နေတာကို မြင်တွေ့ ကြရမှာပါ။
Extract လုပ်ထားတဲ့ Room Information တွေကို Excel ဆီ Export လုပ်ခြင်း။
ဒီနေရာမှာလည်း အခြေအနေ (၂)မျိုးအတွက် ပြင်ဆင်ရပါမယ်။  Excel File အသစ်ဖန်တီးဖို့ အတွက်ရယ်၊ တကယ်လို့  ရှိနှင့်ပြီးသား ဒါမှမဟုတ် Format ပြင်ထားပြီးသား Excel File ထဲကို Information တွေသွင်းဖို့  ရယ် ... ဆိုပြီးတော့ ဖြစ်နေပါ့မယ်။
Excel File အသစ်ဖန်တီးဖို့ အတွက်ရယ် ဆိုရင်တော့...
> FilePath ပေးတဲ့ အခါမှာ ကိုယ်အသစ်ဖန်တီးချင်တဲ့ Excel File ရဲ့ Name ကို .xls ဒါမှမဟုတ် .xlsx ဆိုတဲ့ Excel File ရဲ့ Extension ကိုပါ တွဲထည့်ပြီး ပေးဖို့  လိုအပ်ပါမယ်။ (ဥပမာ RoomData.xls ဒါမှမဟုတ် RoomData.xlsx).
> SheetName ကိုလည်း သင့်တော်တဲ့ Name တခုပေးနိုင်ပါတယ်။
> startRow ကို Code Block သုံးပြီး 0 လို့ ပေးပါမယ်။
(ဆိုလိုတာကတော့ Excel ရဲ့ ပထမဆုံး  Row က စပြီး Information တွေသွင်းမယ် ဆိုတဲ့ သဘောပါ။)
> startCol ကို Code Block သုံးပြီး 0 လို့ ပေးပါမယ်။ 
(ဆိုလိုတာကတော့ Excel ရဲ့ ပထမဆုံး  Column က စပြီး Information တွေသွင်းမယ် ဆိုတဲ့ သဘောပါ။)
> Data ဆိုတဲ့ Input မှာ Extract လုပ်ထားတဲ့ Room Information တွေအတွက် ဖြစ်ပါတယ်။
> overWrite ကတော့ ရှိနှင့်ပြီးသား Excel File ဆိုရင် File တခုလုံးကို Overwrite လုပ်ပစ်မလား ဆိုတဲ့ True/ False ရွေးခြယ်မှုပါ။ File အသစ်ဖန်တီးတဲ့ Process အတွက်ကတော့ ဘာဖြစ်ဖြစ် ကိစ္စ မရှိလှပါဘူး။
တကယ်လို့  ရှိနှင့်ပြီးသား ဒါမှမဟုတ် Format ပြင်ထားပြီးသား Excel File ထဲကို Information တွေသွင်းဖို့  ရယ် ... ဆိုပြီးတော့ 
> FilePath ပေးတဲ့ ရှိနှင့်ပြီးသား Excel File ကို ရွေးချယ်လိုက်ရပါမယ်။
> SheetName နေရာမှာလည်း ရှိနှင့်ပြီးသား Excel File ရဲ့ Sheet Name အတိုင်း String အဖြစ် Input လုပ်ပေးရပါမယ်။ 
(Case Sensitive ဖြစ်တဲ့ အတွက် ကိုယ် Information တွေသွင်းမယ့် Sheet Name အတိုင်း ၏ သည် မရွေး ကိုက်ညီနေရပါမယ်။)
> startRow ကို ကိန်းဂဏန်း အဖြစ်ရေးသွင်းရာမှလည်း ရှိနှင့်ပြီးသား Excel File ရဲ့  Format အတိုင်း အံဝင်မယ့် Row Number ကို ရေးသွင်းရပါမယ်။
(Dynamo သဘောအရ အရေအတွက်တွေကို 0 က စရေတွက်တာကြောင့် အခု Row Number 4 ကနေ Information တွေစပြီး သွင်းမယ် ဆိုရင် 3 လို့ ကိန်းဂဏန်း (Number) အနေနဲ့  ရိုက်ထည့်ပေးရပါမယ်။
> startCol ကိုလည်း startRow အတိုင်း ဂရုတစိုက် ဆောင်ရွက်ဖို့ လိုအပ်ပါမယ်။
(Column Number B ကနေ Information တွေစပြီး သွင်းမယ် ဆိုရင် 1 လို့ ကိန်းဂဏန်း (Number) အနေနဲ့  ရိုက်ထည့်ပေးရပါမယ်။
> Data ကတော့ ပထမ Process အတိုင်း ဆောင်ရွက်ရုံပါပဲ။
> overWrite အနေနဲ့ က False ပေးရပါလိမ့်မယ်။ ဒါမှ ရှိနှင့်ပြီးသား Excel File ထဲက Revit ဆီက Data Extraction လုပ်ထားတဲ့ Data တွေမဟုတ်တဲ့  တခြားသော Data တွေကို Overwrite အလုပ်မခံရအောင်လို့  ပါ။
ခုဆိုရင်တော့ Revit က  Information တွေကို Excel ဆီ Exchange လုပ်နည်း Workflow (၂) ခုကို ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။
နောက်ဆုံး အနေနဲ့  End-user တွေအတွက် User-friendly ဖြစ်အောင် Dynamo Code တွေကို မွမ်းမံဖြည့်စွက်ပုံလေး ဆက်လက် တင်ပြဆွေးနွေး သွားမှာ ဖြစ်ပါတယ်။
User-friendly ဖြစ်စေဖို့ Code ကို ထပ်ဆောင်းမွမ်းမံရခြင်း။
ဒီအဆင့်မှာတော့ Dynamo Code ရေးသူအနေနဲ့  မိမိအတွက်ထက် Dynamo ဆိုတာကို လုံးဝမထိတွေ့  ဖူးသေးတဲ့ End-user တွေအတွက်ကို အဓိကထား စဉ်းစားပြီး  Code တွေကို ရေးဖို့ လိုအပ်လာပါမယ်။ နောက်ဆုံး တင်ပြဆွေးနွေးခဲ့တဲ့ Code (Revit To Excel) ကို အခြေခံပြီး ဆွေးနွေးကြည့်ကြရအောင်။
> ပထမဆုံး အနေနဲ့ Extract လုပ်ချင်တဲ့ Room ဆိုတဲ့ Category ကို ရွေးခြယ်ဖို့ 
> File Path ပေးပြီး Excel File အသစ်ဖန်တီးဖို့ ၊ ဒါမှမဟုတ် ရှိပြီးသား Excel File ကို File Path ပေးဖို့ 
> အသစ်ဖန်တီးမယ့် Excel File ရဲ့ Sheet Name ကို အမည်ပေးဖို့ ၊ ဒါမှမဟုတ် ရှိပြီးသား Excel File ရဲ့ Sheet Name အတိုင်း String အဖြစ် Input လုပ်ပေးဖို့ 
> Start Row နဲ့  Start Column နံပါတ်တွေကို သတ်မှတ်ဖို့ 
... စတဲ့ User Input တွေဟာ လက်ရှိ Code အတိုင်း ဆိုရင် Dynamo ဆိုတာကို လုံးဝမထိတွေ့  ဖူးသေးတဲ့ End-user တွေအတွက် တကယ့်အခက်အခဲ တခုပါပဲ။ End-user တွေအနေနဲ့  ဒီအခက်အခဲကို အလွယ်တကူ ပြေလည်စေဖို့ အတွက်ကတော့ Dynamo Code ရေးသူတွေ အနေနဲ့ Node အပိုလေးတွေ ထပ်မံဖြည့်စွက်ပေးဖို့  လိုအပ်လာပါတော့တယ်။ အဲ့ဒီအတွက် Data-Shapes Package ဟာ မလွဲမသွေ လိုအပ်လာမှာ ဖြစ်ပါတယ်။
၁။ Category ကို ရွေးခြယ်ခြင်း။ 
၂။ File Path ပေးခြင်း။  
UI.FilePath Data ကို အသုံးပြုထားပါတယ်။ သူ့ မှာ Input (၃) ခုရှိပြီး Input Name တခုကိုသာ သိသာအောင် ဖော်ပြပေးဖို့ လိုအပ်ပါတယ်။
၃။ Sheet Name ကို အမည်ပေး ခြင်း။
UI.TextBox Data ကို အသုံးပြုထားပါတယ်။ သူ့ မှာ Input (၂) ခုရှိပြီး Input Name တခုကိုသာ သိသာအောင် ဖော်ပြပေးဖို့ လိုအပ်ပါတယ်။
၎။ Start Row/ Start Column နံပါတ်ကို သတ်မှတ်ခြင်း။
UI.TextBox Data ကို အသုံးပြုထားပါတယ်။ သူ့ မှာ Input (၂) ခုရှိပြီး Input Name တခုကိုသာ သိသာအောင် ဖော်ပြပေးဖို့ လိုအပ်ပါတယ်။ 
Dynamo ကို မထိတွေ့ ဖူးသေးတဲ့ End-user အတွက် Dynamo ရဲ့ 0 ကနေ စပြီး ရေတွက်တဲ့ List ရဲ့ သဘောသဘာဝကို နားလည်မှာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ UI Dialog Box မှာ Start Row/ Start Column အတွက် နံပါတ်ကို သတ်မှတ်ရတဲ့ အခါမှာ သူသိနှင့်ပြီးသား ကိန်းဂဏန်း ရေတွက်ပုံနဲ့  ကိုက်ညီနေစေဖို့  အတွက် Formula (x-1) တခု ကြားခံပေးထားလိုက်တာ ဖြစ်ပါတယ်။
(ဥပမာ Excel ရဲ့ Row No. 4 ကနေ Information တွေ စ ထည့်ချင်ရင် သူ့ အနေနဲ့  သမရိုးကျအတိုင်း 4 ကို ရိုက်ထည့်ရုံပါပဲ။ Column No. C ကနေ Information တွေ စ ထည့်ချင်ရင်လည်း 3 ကို ရိုက်ထည့်ရုံပါပဲ) 
၅။ Dynamo Code နှင့် ချိတ်ဆက်ပေါင်းစည်းခြင်း
အခုဆိုရင်တော့ ဒီ Dynamo Code ဟာ End-user အတွက် User-friendly ဖြစ်တဲ့ Code တခုဖြစ်သွားပါပြီ။ ဒီ Dynamo Code ကို အသုံးပြုမယ်ဆိုရင်
၁။ Revit 2017.2 နဲ့ အထက် ရှိရပါမယ်။ ဒါမှ Dynamo Player ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
၂။ Dynamo 1.2.1 နဲ့ အထက် ရှိရပါမယ်။
၃။ Data-Shapes Package  ရှိရပါမယ်။
 Dynamo Player အသုံးပြုပုံကိုတော့ အောက်က Video Link တွေကနေ လေ့လာနိုင်ပါတယ်။
1. Rename/ Renumbering and Cleaning of Parameter Value of Selected Category
2. Creating/ Adding Worksets Into Revit Project thru Excel
Friday 1 September 2017
DYN06.02 : Data-Shapes Package နှင့် မိတ်ဆက်ခြင်း အပိုင်း(၁)
Data-Shapes Package ဆိုတာက Dynamo ထဲမှာ ထပ်ဆောင်းပြီး install လုပ်ရတဲ့ Package မျိုးလို့  အကြမ်းဖျင်း နားလည်ထားရင်ပဲ လုံလောက်မယ်ထင်ပါတယ်။ Dynamo ကို ထဲထဲဝင်ဝင် သုံးစွဲလာတာနဲ့  အမျှ ဒီလို Additional Package တွေရဲ့ အသုံးဝင်ပုံ၊ အသုံးပြုပုံတွေကိုလည်း ရင်းနှီးလာမှာ ဖြစ်လို့ ပါပဲ။
Dynamo ကို Revit အတွက် Automation Tool အဖြစ်အသုံးပြုကြတဲ့ အခါ ဒီလို Additional Package တွေဟာ ကိုယ့်ရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး လိုအပ်နေမှာပါပဲ။ တခါတခါလည်း Package တခုနဲ့  တခုအကြားဖြစ်စေ၊ Package တခုတည်းအတွင်းမှာဖြစ်စေ Conflict ဖြစ်တာတွေလည်း တွေ့  မြင်ရတတ်ပါတယ်။ အဲ့ဒီအခါကျရင်တော့ လိုအပ်သလို Package တွေကို uninstall လုပ်တာတို့ ၊ Dynamo တခုလုံးကို uninstall လုပ်ပြီး reinstall ပြန်လုပ်ရတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။
ဒီလို Package တွေအများကြီးထဲကမှ ဒီ Data-Shapes Package ကိုကွက်ပြီး အကျယ်တ၀င့် ဆွေးနွေးရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ သူ့ ရဲ့ UI (User Interface) Node တွေကြောင့်ပဲ ဖြစ်ပါတယ်။ End-user အတွက် User-friendly ဖြစ်စေဖို့ အတွက် Dynamo Code တွေကို ဖန်တီးကြတဲ့ အခါမှာ သူ့ ရဲ့ UI Node တွေဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေလို့ ပါပဲ။
Data-Shapes Package ရဲ့ UI နဲ့  ပတ်သက်တဲ့ Node တွေကတော့ အောက်ဖော်ပြပါ ပုံအတိုင်းပဲ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ Node တွေထဲကမှ ပထမဆုံးသော Node ဖြစ်တဲ့ UI.MultipleInputForm ဆိုတဲ့ Node အကြောင်းကို အရင်ဆုံး ဆွေးနွေးတင်ပြချင်ပါတယ်။
 Dynamo ရဲ့ Working Space ထဲကို အဲဒီ UI.MultipleInputForm ဆိုတဲ့ Node လေးချပြီး သူ့ ရဲ့အပေါ် Casa လေး တင်လိုက်မိရင်ပဲ အထက်ဖော်ပြပါ ပုံအတိုင်း အသုံးပြုပုံ Hints တွေကို မြင်တွေနိုင်ပါတယ်။
ဒီ Node ဟာဆိုရင် Imput (9) မျိုးကို လက်ခံနိုင်ပါတယ်။
၁။ "String" လို့ ခေါ်တဲ့ Text လို key-in လုပ်ရတဲ့ Info တွေ
၂။ "Boolean" လို့ ခေါ်တဲ့ True/ False Option တွေ
၃။ "File Path" ရွေးလို့ ရနိုင်တဲ့ Function တွေ
၎။ "Directory Path" ရွေးလို့ ရနိုင်တဲ့ Function တွေ
၅။ Revit ရဲ့ Model Element တွေကို Select လုပ်လို့ ရတဲ့ Function တွေ
၆။ Revit ရဲ့ Element Face တွေကို Select လုပ်လို့ ရတဲ့ Function တွေ
၇။ Revit ရဲ့ Element Edge တွေကို Select လုပ်လို့ ရတဲ့ Function တွေ
အောက်မှာကျန်နေတဲ့ ၂ ခုကတော့ နောက်ထပ်  Node တွေဖြစ်တဲ့ UI.DropDown Data UI.ListView Data တို့ နဲ့  တွဲဖက်ပြီး ရွေးချင်တဲ့ Info တွေကို DropDown List ကသော်လည်းကောင်း၊ ListView ကသော်လည်းကောင်း ရွေးချယ်လို့ ရတဲ့ Function တွေပဲ ဖြစ်ပါတယ်။
အောက်က Video မှာ "String"နဲ့  "Revit element selection" အသုံးကို တင်ပြဆွေးနွေးထားပါတယ်။
လာမယ့် ပို့ စ်ကျရင်တော့ "File Path"  နဲ့  တခြား အသုံးတွေကို ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
တကယ်လို့ သာ Revit 2018.1 သုံးမယ် ဆိုရင်တော့ "File Path" တို့  "Boolean" တို့ တွေဟာ Dynamo Player ရဲ့ Built-in Function တွေအနေနဲ့  ပါဝင်လာတာမို့  UI အနေနဲ့ သီးသန့် ဖန်တီးပေးဖို့  မလိုအပ်တော့ပါဘူး။ ဒါပေမယ့် တခြား Input တွေအတွက်တော့ UI Node တွေဟာ လိုအပ်နေအုံးမယ် ဆိုတာကိုလည်း သိထားစေချင်ပါတယ်။
Saturday 8 July 2017
DYN06.01 : Dynamo Player နှင့် မိတ်ဆက်ခြင်း
Dynamo Player ရယ်လို့  ပြောလိုက်ရင် သာမန် Revit User တွေအတွက်တော့ နည်းနည်း ထူးဆန်းနေကြမှာပါပဲ။ ကျနော်တို့ လို Dynamo ခြေဆော့လက်ဆော့ ရှိသူတွေအတွက်တော့ သိထားသင့် တတ်ထားသင့်တဲ့ Tool တခုလို့  ဆိုရမှာပါ။
ပထမဆုံးအနေနဲ့  Dynamo ဆိုတာ Visual Programming Script/ Tool ရယ်လို့ သိထားကြပြီးပြီ လို့ မျှော်လင့်ပါတယ်။
ဆိုတော့ကာ ... သာမန်အားဖြင့် ရေးပြီးသား Dynamo Code တွေကို အသုံးပြုဖို့  ဆိုတာ End User အနေနဲ့  အဲ့ဒီ Dynamo Code တွေကို ဖွင့်ရမယ်။ ပြီးရင် လိုအပ်တဲ့ Input တွေကို ဖြည့်ရမယ်။ နောက်ဆုံးအနေနဲ့  Run Button ကို နှိပ်ရမယ်။
ဆိုတော့ကာ ... End User တွေဟာ Dynamo ရဲ့ အခြေခံသဘောတရားတွေ၊ လုပ်ဆောင်ချက်တွေကို နားလည်နေဖို့  လိုလာပြန်တယ်။ ဒါ့အပြင် End User တွေကြောင့် ရေးပြီးသား Dynamo Code တွေလည်း မတော်တဆ ဆိုသလို ပျက်စီးသွားတတ်တာတွေလည်း ဖြစ်နိုင်နေသေးပြန်တယ်။ End User တိုင်းကို Dynamo မတတ်မနေရ... လို့ လုပ်ရအောင်ကျပြန်တော့လည်း ပုံမှန် Authoring Tool တွေလို စိတ်ဝင်စားဖို့  ကလည်း မဖြစ်နိုင်ပြန်ဘူး။
ဒါကြောင့်ပဲ ရေးပြီးသား Dynamo Code တွေကို အားလုံးအတွက်လည်း အသုံးတည့်အောင်၊ ပြီးတော့ User-friendly လည်း ဖြစ်မယ့် Tool တခုခုကို ကျနော်တို့  မျှော်လင့်ခဲ့ကြတယ်။
အရင်ဆုံး Dyno Browser ဆိုတဲ့ Tool တခု ပေါ်လာတာ တွေ့ ရပါတယ်။ Dynamo ကို ဖွင့်စရာမလိုပဲ Dyno Browser ထဲမှာ ရှိနေတဲ့ Dynamo Code တွေကို Double-click နှိပ်ပြီး Run လိုက်ရုံပါပဲ။ Input တွေနဲ့  တွဲပြီး သုံးရတဲ့ Dynamo Code တွေ အတွက်ကျတော့ ထပ်ဆင့်ပြင်ဆင်မှုတွေ လုပ်ပေးရပါတယ်။
ဒီလိုနဲ့  Autodesk Revit 2017 ထွက်လာပြီး သိပ်မကြာခင်မှာပဲ Revit 2017.2 ထပ်ထွက်လာပြီး သူနဲ့ အတူ Dynamo Player ဆိုတဲ့ Tool တခုပါ တွဲပါလာတာပါတော့တယ်။
Dynamo Player ဆိုတာ ဘာလဲ
Dynamo Code တွေကို Dynamo(Visual Programming) Knowledge ရှိစရာ မလိုပဲ End User တိုင်း အလွယ်တကူ အသုံးပြုနိုင်အောင် စီစဉ်ဖန်းတီးပေးထားတဲ့ User-friendly Tool တခုလို့  ဆိုနိုင်ပါတယ်။
Dynamo Player ချည်းသက်သက် ဆိုရင်တော့ Simple Code တွေကိုသာ Run ဖို့ အဆင်ပြေနိုင်ပြီး User Input တွေ တွဲပါနေတဲ့ Code တွေကို End User တွေ လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့  ဆိုရင်တော့ Code ရေးသူတွေအနေနဲ့  User Interface (UI) တွေကို ဖန်တီးပေးနိုင်တဲ့ Node Package တွေကို အသုံးပြုဖို့ လိုအပ်လာပါလိမ့်မယ်။ ဒါမှလည်း End User တွေအတွက် User-friendly ဖြစ်မယ့် Code တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
UI တွေကို ဖန်တီးပေးနိုင်တဲ့ Node Package တွေကတော့ ...
- Data-Shapes
- Rhythm
... စတဲ့ Package တွေပဲ ဖြစ်ပါတယ်။ ကျနော်မသိတဲ့ တခြား Package တွေလည်း ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။
လာမယ့် Post ကျရင်တော့ Data-Shapes နဲ့  Rhythm Package တွေထဲက Node တွေရဲ့ အသုံးပြုပုံကို တင်ပြဆွေးနွေးသွားဖို့ ရည်ရွယ်ထားပါတယ်။
Monday 26 June 2017
DYN05.03 : Dynamo Code များနှင့် ကခုန်ခြင်း - အပိုင်း(၃)
သူ...
သူဟာ
ကျနော်တို့ ဘ၀ထဲကို အလင်းတန်းတွေ သယ်ဆောင်လာတယ်ပဲ ပြောရမလား။
ကျနော်တို့ ဦးရေဖျားထက် အလံဖြူတွေ လာလာစိုက်နေတယ်ပဲ ပြောရမလား။
ဘယ်လိုပဲပြောပြော အကန့် အသတ်တွေ၊ အတားအဆီးတွေကိုတော့ သူ့ ရဲ့ ပံ့ပိုးမှုတွေနဲ့  တဆင့်ချင်း တလှမ်းချင်းတော့ ကျော်ဖြတ်နိုင်ခဲ့တာပဲလေ။
နှလုံးသားကို ညွှို့ ယူ ဖမ်းစားတတ်သူတွေကတော့ သူ့ အကူအညီနဲ့ ပန်းပွင့်တွေ ဖန်ဆင်းတတ်ကြတယ်။ နတ်စီတဲ့ အိပ်မက်လှလှတွေ ဖန်တီးတတ်ကြတယ်။ :P
သူဟာ ကျနော်တို့ ဘ၀တွေအတွက်တော့ တန်ခိုးရှင်တယောက်လိုပါပဲ။
-------------------------------------------------------------------------------------
မိုးတွေတဖွဲဖွဲကျနေတဲ့ ကြားက အပူချိန်တွေမြင့်မားနေစဲ စက်ရုပ်မြို့တော်ရဲ့ အလုပ်နားရက်တခုမှာပေါ့။ အိမ်ချင်းက တဘလော့သာခြားပေမယ့် တလတခါတောင်မှာ မတွေ့ ဖြစ်ကြတဲ့ သူငယ်ချင်း အိမ်အလည်လာရင်း...
စကားတွေ ဖောင်ဖွဲ့ ရင်းက ... သူ့ ... အကြောင်းတွေဆီ ရောက်သွားပြီး ဒီဇာတ်လမ်းလေး စတင်ခဲ့တယ်...ဆိုပါတော့....။
ဒန်  ဒန့်  ဒန်
-----------------------------------------------------------------------------------
ဟိဟိ... ဘာမှဟုတ်ဘူး သက်လား... Dynamo Code တခုအကြောင်း ပြောမလို့  အစပျိုးတာ... :P
သူငယ်ချင်းက သူ့ အလုပ်ထဲက တချို့ Repetition ဖြစ်နေတဲ့ ကိစ္စတွေ၊ Manually လုပ်နေရတဲ့ တချို့  Process တွေအကြောင်း ပြောကြရင်းက Sheet Number တွေကို အလွယ်တကူ Rename/ Renumber  လုပ်ဖို့  နည်းလမ်းရှာရင်းက ဒီ ရိုးရှင်းတဲ့ Dynamo Code လေးကို ရှာဖွေတွေ့ ရှိခဲ့ကြတာပါ။
 Revit မှာက Sheet Number ကို ထပ်လို့ မရတာက Software Limit တခုဖြစ်နေတာရယ်ကြောင့် သက်ဆိုင်ရာ Authority တွေအတွက် ပြင်ဆင်တဲ့ အခါ ဒီ Sheet ကိုပဲ Duplicate လုပ်ပြီး Sheet Number ရဲ့ နောက်ဖက်မှာ Authority Name ကို Initial အနေနဲ့  BCA, URA, LTA,... စသဖြင့် ဖြည့်စွက်ပေးရလေ့ ရှိသတဲ့။
အတိုချုံးပြောရရင်တော့ Sheet Number ကို XXX/XX/XXX(BCA) လို့ ပေးထားတဲ့ Sheet တွေကိုပဲ  URA  ကို Issue လုပ်ချင်လာတဲ့အခါ Sheet Number တခုချင်းစီကို သွားပြီး Rename လုပ်နေရတာကို လွယ်ကူမြန်ဆန်တဲ့ နည်းလမ်းရှာရင်းက ဒီ Dynamo Code လေး ရေးဖြစ်ခဲ့တယ် ဆိုပါတော့။
ဒီ Code ရဲ့ ရည်ရွယ်ချက်ကတော့ ဖွင့်ထားတဲ့ Revit ဖိုင်ရဲ့ Sheet တွေရဲ့ Sheet Number တွေမှာ ပါဝင်နေတဲ့ Authority ရဲ့ Initial တွေကို ကိုယ် အစားထိုးချင်တဲ့ Authority ရဲ့ Initial တွေနဲ့  အစားထိုး Rename လုပ်ပေးတာပါပဲ။
Saturday 6 May 2017
BIM01.02 : ထွေရာလေးပါး BIM စကားဝိုင်း - အပိုင်း(၂)
အချိန်ကား ကဆုန်လပြည့်ကျော် (၂) ရက်၊ တနင်္လာနေ့ ။
စလုံးက တချို့ တွေ ရုံးတက်ရပြီး တချို့ တွေရုံးပိတ်တဲ့နေ့ ပေါ့။ ကိုယ်တွေကတော့ ကံကောင်းစွာနဲ့ ပဲ အိမ်မှာနှပ်နေတယ် ဆိုပါတော့။
မြောက်ပြန်လေကလည်း ကိုယ်တွေလို ရုံးမတက်ရတဲ့ သူတွေကို ဂုဏ်ပြုချင်လို့ ပဲလားတော့ မသိဘူး။ တဖြူးဖြူးနဲ့ ကို တိုက်နေတော့တာပဲ။
တယောက်တည်း ယောင်ချာချာနဲ့  ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားရင်းက
တလောက ရန်ကုန်ကနေ ၀ယ်လာတဲ့ ဆရာဦးဆန်းလွင်ရဲ့” ရတနာ(၃)ပါးကို ယုံကြည် ကိုးကွယ် ဆည်းကပ်လာသူတယောက် အကြောင်း” ဆိုတဲ့ စာအုပ်ကို ဖတ်ဖို့  စိတ်ကူးလိုက်မိတယ်။ မကြာပါဘူး ဖုန်းကနိုတီတွေ တက်လာနေတာနဲ့  စာအုပ်လေး ဘေးချရင်း Facebook ပေါ် လက်ရောက်သွားတယ်ဆိုပါတော့။
အဲဒီမှာတင် Facebook ပေါ်က ဘော်ဒါဘော်ကျွတ်တွေကို ထောပနာပြု သြဘာပေးရင်းက ချက်ဘောက်ကနေ မေးခွန်းလေးတချို့ က တက်လာပါလေရော။
ညီငယ် :
အကို
အကိုတို့စလုံးမှာဘွဲ့ယူခဲ့တယ် ဆိုတော့ ကျွန်တော် တခုမေးလို့ ရမလားမသိဘူး။
ကျွန်တော် :
မေးလို့ရပါတယ် ညီ။ အကိုတို့ ယူခဲ့တာ ဘွဲ့မဟုတ်ပါဘူး ဒီပလိုမာပါ။ ပြီးတော့ BCA က ဘွဲ့ကို တိုက်ရိုက်ပေးလို့မရဘူးထင်တယ်။ သူက Institute လည်းမဟုတ်၊ University လည်းမဟုတ်ဘူးဆိုတော့လေ။ ဘွဲ့အတန်းတွေဆို တခြား တက္ကသိုလ်တွေနဲ့  Joint လုပ်ပြီး ဖွင့်တာပဲ  တွေ့  ရတယ်။
ညီငယ် :
BCA ကပေးတာလား အကို။
ကျွန်တော် :
ဟုတ်တယ်။
ညီငယ် :
အဲလိုရဖို့ဆိုရင်အရင်ဦးဆုံးဘာပြင်ဆင်ထားရမလဲ အကို။
ကျွန်တော် :
အရင်ဆုံး English Screening Test ကို အောင်အောင် ဖြေရတယ်။ ပြီးတော့ ကိုယ်တက်ချင်တဲ့ Course အတွက် လိုအပ်တဲ့ တခြား Criteria တွေနဲ့ လည်း ပြည့်စုံဖို့ တော့ လိုတယ်။
ဥပမာ SDip BIM အတွက်ဆိုရင် အနည်းဆုံး Authoring/Modeling Software တခုခုကို တတ်မြောက်ကြောင်း Certificate of Completion တွေကို ပြရတယ်။ Autodesk Software ဆိုရင်လည်း Autodesk ရဲ့ Authorized Training Center ကပေးတဲ့ Certificate ဖြစ်ဖို့ တော့ လိုတယ်။ မဟုတ်ရင် BCA ကဖွင့်တဲ့ BIM Modeling Course ကို Bridging Course အနေနဲ့  အရင်တက်ရတယ်။ အဲ့ Course ရဲ့ Certificate of Completion ကိုပြနိုင်မှ တက်ခွင့်ပေးတယ်။ ခုနောက်ပိုင်း အပြောင်းအလဲ ရှိမရှိ တော့ သိပ်မသေချာဘူး။
ညီငယ် :
BIM အတွက်သီးသန့်သဘောမျိုးရှိလား အကို။
ကျွန်တော် :
အကိုတို့ တက်ခဲ့တဲ့ Course ကိုက Specialist Diploma in BIM Course တဲ့။
BIM ကိုပဲ သီးသန့်သင်တာ ညီ။
ညီငယ် :
အဲဒါစာတမ်းပြုစုရလား။
ကျွန်တော် :
စာတမ်းရယ်တော့ မဟုတ်ဘူး။ Group အလိုက် Project လုပ်ရတယ်။ အဲ့ Project ကို Report အနေနဲ့ရေးပြီးတင်ရတယ်။ အဲ့ဒါကတော့ တဦးချင်းစီ အနေနဲ့ ပေါ့။
ပြီးတော့ အဲ့ Project လုပ်ခဲ့ပုံကို Group အလိုက် Presentation လုပ်ပြီး ရှင်းပြရတယ်။ ကိုယ့် Project ထဲမှာ ဘယ်လို BIM Uses တွေကိုအသုံးပြုထားတယ်။ ဘယ်လောက်အထိ Project ရဲ့ အောင်မြင်မှုအပေါ်မှာ အထောက်အပံ့ ဖြစ်စေတယ်။ ဘယ်လို အကျိုးကျေးဇူးတွေကို တွေ့ မြင် ခံစားရတယ်။ စသဖြင့်ပေါ့။
အဲ့လောက်ပါပဲ။
Module အနေနဲ့(၈)ခုရှိတယ်။
ခုနကပြောတဲ့ ဟာအားလုံးကို Module တခုအနေနဲ့ လုပ်ရတာပါ။
ညီငယ် :
တခါက Facebook က အကိုတယောက် Share တာဖတ်ဖူးတယ်။
Project လုပ်ပြီး Report တင်တဲ့နေရာပြိုင်ပွဲသဘောလိုမျိုးရှိတယ်ဆိုတာ။
ကျွန်တော် :
ပြိုင်ပွဲရယ်တော့ မဟုတ်ပါဘူး။
BIM Competition က သတ်သတ်ရှိတယ်။ BCA ကပဲ ကြီးမှူးပြီးတော့
တနှစ်တခါလုပ်တာ။ Singapore Construction Productivity Week (scpw) Event ကျရင် Seminar တွေ၊ ဆောက်လုပ်ရေး ပစ္စည်းပြပွဲတွေနဲ့  အတူ BIM Competition Award တွေကို ချီးမြှင့်ကြတာ။
ညီငယ် :
အဲဒီမှာဆို ပြိုင်ပွဲရှိတယ်ပေါ့။
ကျွန်တော် :
အရင်နှစ်တွေကတော့ Company တွေဝင်ပြိုင်ကြတယ်။ အခုနောက်ပိုင်း ကျောင်းသားတွေအတွက်ပဲ ရှိတော့တယ်ထင်တယ်။
ညီငယ် :
ကျွန်တော်BIM နဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တယ် အကို။
ဘယ်လိုလုပ်ရမလဲ။
ကျွန်တော် :
ငါတောင်ရေးရေးရယ် 😂😂
ညီငယ် :
ကျွန်တော်ပြောချင်တာက
ကျွန်တော်ဘန်ကောက်ရောက်နေတဲ့၂နှစ်အတွင်း
အတွေ့အကြုံးရှာရင်း BIM ကိုလေ့လာမယ်။
အကို လမ်းညွန်ပေးပါလား။
ကျွန်တော် :
လေ့လာတာ ကောင်းတာပေါ့။ ခက်တာက စာတွေ့နဲ့တင်မလုံဘူး ညီ။
အလုပ်နဲ့တွဲလုပ်ရမှ ထိရောက်တာ။
အကိုတောင် ၂၀၁၂ ကတည်းက အဲ့ ဘင်ဆိုတာကို လုပ်နေတာပဲ။ အလုပ်ထဲမှာ Apply လုပ်ရတာ တနှစ်လောက်ပဲ ရှိသေးတယ်။
ကျောင်းတက်နေတုန်း ဆိုရင်တော့ ကျောင်းစာနဲ့ တွဲပီးလေ့လာပေါ့။
BIM ဆိုတာကြီးကို တတ်ရမယ် ဆိုတဲ့ စိတ်တော့ မထားစေချင်ဘူး။ ကိုယ်လျှောက်လှမ်းဖို့ ရွေးချယ်ထားတဲ့ Ttrade ...ဥပမာ Archi ဆိုလဲ Archi, Struc ဆိုလဲ Struc... ကို Strong ဖြစ်အောင် လုပ်စေချင်တယ်။
၂၀၁၀ လောက်က လူသိများလက်ခံလာတဲ့ BIM ဆိုတာက IT နည်းပညာတွေ အရမ်းထွန်းကားလာတဲ့အပေါ်မှာ အခြေပြုပြီး AEC ရဲ့ ယန္တယားကြီး အဆင့်မြှင့်တင်ဖို့ ဖြစ်လာခဲ့တာ။
အထောက်အကူပြု Platform သက်သက်လို့  အကြမ်းဖျင်း ဆိုနိုင်တယ်။
သူမရှိလည်း အဆောက်အဦးတွေက ဆောက်မြဲ ဆောက်နေရမှာ။
သူရှိလာတော့ သူ့ကို အသုံးချပြီး ပိုပြီးမြန်ဆန်၊ ပိုပြီးလွယ်ကူ၊ ပိုပြီး တိကျသေချာတဲ့ ရလဒ်တွေကို ဖန်တီးနိုင်ကြတယ်။
ဒါပေမယ့် သူချည်း သက်သက်ဆို ဘာမှ မဟုတ်ဘူး။
နောက်ဆိုရင် BIM ဆိုတာ မပတ်သက်ချင်ရင်တောင်မှ ပတ်သက်နေရတော့မယ့် အရာတခု ဖြစ်လာတော့မှာ။
ကိုယ့် Trade ကို Master ဖြစ်နေအောင်ကြိုးစားရင်း တဖက်ကလည်း ခုလို အထောက်အကူပြု နည်းပညာတွေ၊ Platform တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်အောင် ကြိုးစားပေါ့။ အကို သိသလောက်ကတော့ အတတ်နိုင်ဆုံး ရှင်းပြပေးမှာပါ။
BIM က ဘာနဲ့တူသလဲ ဆိုရင် စားပွဲဝိုင်းတခုနဲ့ သဏ္ဌာန် တူတယ်။ သာမန်စားပွဲတော့မဟုတ်ဘူးပေါ့ကွာ။ အဆင့်မြင့် IT နည်းပညာတွေနဲ့ ဖန်တီးထားတဲ့ စားပွဲဝိုင်းတခုပေါ့။
အဲ့ဒီစားပွဲဝိုင်း ပတ်ပတ်လည်မှာ လုပ်ငန်းနဲ့ ပတ်သက်နေတဲ့ လူတန်းစားမျိုးစုံက ပတ်လည်ဝိုင်းနေမယ်။
ဒီလုပ်ငန်းကြီး အလျှင်အမြန်နဲ့ ကုန်ကျစရိတ် အသင့်တင့်ဆုံးနဲ့ အချိန်မီ ပြီးစီးအောင်မြင်ဖို့အတွက် အားလုံးက သူတို့ရဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတာတွေ၊ အတတ်ပညာတွေ၊ အယူအဆတွေ ကို နည်းလမ်းကိုယ်စီနဲ့ တင်ပြကြမယ်။ အဲ့ဒီတင်ပြချက် Input တွေကို ကျန်တဲ့ Stakeholder/ Team Member တွေကလည်း နားလည်ကြတယ်။ အဲ့လိုနာလည်ရခြင်းဟာ အဲ့ဒီစားပွဲဝိုင်းကြီးက သတ်မှတ်ထားတဲ့ Language တခုကြောင့်ပဲ။
ငါ့ညီ နားလည်မလားတော့ မသိဘူး။
အဲ့ဒီ Language ဟာ BIM Process တွေပဲ။
အဲ့ဒီအတွက် ဒီစားပွဲဝိုင်းမှာ စည်းကမ်းတွေ ထုတ်ထားရတယ်။ ဒီစားပွဲဝိုင်းပတ်ပတ်လည်မှာ ပါဝင်နေကြတဲ့ မည်သူမဆို ကိုယ်နဲ့ သက်ဆိုင်တဲ့ အဆို ထင်မြင်ယူဆချက် တွေကို Input လုပ်တဲ့အခါ ကျန်တဲ့သူ့ထက် ရာထူးအဆင့် နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ က
သူ့ Input ကို လက်ခံရမယ်၊ ဝေမျှရမယ်၊ အကြံပေးရမယ် လိုအပ်ချက်တွေ ဖြည့်စွက်ရမယ်။
ဒါကို Collaboration လုပ်တယ် ခေါ်တာပေါ့ကွာ။
တယောက်ရဲ့ Input နဲ့ တခြား တယောက်ရဲ့ Input အကြား မှာ အငြိအစွန်းမရှိစေဖို့ အတွက်၊ ဖြစ်လာရင်လည်း အဲ့ဒီ အငြိအစွန်းကို ဖြေလျော့ဖို့အတွက် နည်းလမ်းတွေ ရှာကြရတယ်။ အဲ့ဒါကိုတော့ Coordination လုပ်တယ် ခေါ်တာပေါ့။
အဲ့ဒီလို မတူညီတဲ့ Input တွေကို လုပ်ငန်းအတွက် အတူတကွပေါင်းစည်းပြီး လုပ်ငန်းကြီး အလျှင်အမြန်အောင်မြင်အောင် ဆောင်ရွက်ခြင်းကိုတော့ Integration လုပ်တယ်လို့ ဒီလိုပဲ အကြမ်းဖျင်း နားလည်ထားတယ်။
အဲ့တော့ ဒီစားပွဲဝိုင်းကြီးက သတ်မှတ်ထားတဲ့ Language ကိုအသုံးပြုပြီး Stakeholder/ Team Member အချင်းချင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးမယ်၊ အကြံပြုမယ်။ လုပ်ငန်းမှာ ကြုံလာမယ့် အခက်အခဲတွေကို ကြိုတင်မှန်းဆပြီး အကြံပြုကြမယ်။ အဲ့အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ ဆိုတဲ့ plan တွေဆွဲကြမယ်။ အဲ့ဒီလိုတွေလုပ်လို့ရအောင် ဒီစားပွဲကြီးက လိုအပ်တဲ့ နည်းပညာတွေကို ပံ့ပိုးပေးထားမယ်။
အဲ့ဒါ BIM ရဲ့ သဘောသဘာဝပဲလို့ အကိုယူဆတာပဲ။ သူများတွေယူဆတာနဲ့တော့ တူချင်မှ တူမှာပေါ့ကွာ။
ခေါင်းရှုပ်သွားပြီလားတော့ မသိဘူး။ 😜
ညီငယ် :
မရှုပ်ပါဘူး အကို ကျွန်တော်နားလည်တယ်။
အကိုပြောတဲ့စကားဝိုင်းက VDC ရဲ့သဘောတရားပေါ့နော်။
ကျွန်တော် :
BIM ဆိုတဲ့နေရာမှာက Little BIM နဲ့ Big BIM ရယ်ဆိုပြီး ပြောလို့ရတယ်။ အခု Revit ကိုသုံးပြီး Information Modeling လုပ်နေကြတာကို BIM လုပ်နေတယ်လို့ပြောရင် ငြင်းလို့မရဘူး။ ဘာလို့ဆို Modeling ကို Information နဲ့ Attach လုပ်ထားရင် BIM မည်တာပဲလေ။ သာမန် Modeling ထက်သာလွန်ထက်မျက်တဲ့ Intelligent ဖြစ်တဲ့ Modeling ကို ဖန်တီးနေလို့လေ။ သူကနေ AEC လုပ်ငန်းကြီးတလျှောက်လုံးအတွက် လိုအပ်တဲ့ info တွေကို စပွားဖန်တီးသယ်ဆောင်နိုင်လို့ပဲ။ ပြီးတော့ အဲ့ဒီ Info တွေကို Software Platform တခုကနေ တခြားတခုကို Exchange လည်း လုပ်နိုင်တယ်။ ပြောရရင်တော့ Little BIM ရဲ့ Process ကို Support လုပ်နိုင်တယ်။ သူ့မှာလည်း Modeling အပြင် Management ကိုပါ ဂရုပြုလုပ်ဆောင်ရတာပဲ။ ဒါပေမယ့် သူ့ရဲ့ လုပ်ဆောင်မှုကတော့ ဘောင်နဲနဲကျဉ်းတာပေါ့။
Big BIM မှာကျတော့ လုပ်ဆောင်ချက်တွေက ပိုပြီး ကျယ်ပြန့်သွားပြီ။ သူ့အတွက် လုပ်ဆောင်ရတဲ့ Management Process ကလည်း ပိုပြီး များပြားလာတယ်။ သုံးရတဲ့ Tools တွေကလည်း ပိုများလာတာကိုး။ Integration Process အကြီးစားကြီးဖြစ်လာတယ်။ အကိုပြောတဲ့ စားပွဲဝိုင်းကြီးက ပိုပြီးလည်း မြိုင်ဆိုင်လာတယ်လို့ ဆိုရမယ်။
အဲ့ဒီကနေပြီးတော့ Big BIM Process တွေဟာ Construction Management/ Project Management Process တွေနဲ့ပါ Integrate လုပ်နိုင်တဲ့ အဆင့်ကို တက်လှမ်းလာတဲ့အခါမှာ VDC ဆိုတာကြီး ဖြစ်လာတော့တာပဲ။
နောက်ဆုံးရည်မှန်းချက်ကတော့ IPD လို့ခေါ်တဲ့ Integrated Project Delivery (IPD) လုပ်ဖို့အတွက်ဖြစ်လာခဲ့တော့တာပဲ။ BIM ကိုစတင်ခဲ့ကတည်းက အဲ့ဒီ IPD လုပ်နိုင်ဖို့အတွက် ရည်မှန်းခဲ့ကြပေမယ့် အဟန့်အတား (Obstacle တွေအများကြီးကို ကျော်ဖြတ်နေကြရတော့ သူတို့သွားချင်တဲ့ IPD ကို လွယ်လွယ်နဲ့ မရောက်နိုင်တာလည်း ပါတာပေါ့။ ပြီးတော့ နည်းပညာရဲ့အထောက်အပံ့တွေကလည်း သိပ် အဆင်သင့် မဖြစ်ကြသေးဘူးလေ။ အဲ့ဒါအပြင် Stakeholder/ Team Member တွေအားလုံးက ဒီ Process ရဲ့ Function တွေနဲ့ အကျွမ်းတဝင်မရှိခဲ့သေးတာ၊ Benefit တွေအပေါ်မှာ ယုံကြည်မှုအားနည်းနေခဲ့ သေးတာတွေလည်း ပါတာပေါ့။
အခုတော့ Stakeholder/ Team Member အတော်များများက BIM ရဲ့ အနှစ်သာရကို ယုံကြည်လာနေကြပါပြီ။ တချိန်တည်းမှာနည်းပညာတွေရဲ့ အထောက်အပံ့စွမ်းအားတွေကလည်းတနေ့ ထက်တနေ့  အံ့မခန်း တိုးတက်လာတယ်လေ။ ပြီးတော့ BIM ရဲ့ အကျိုးကျေးဇူးတွေကိုလည်း မျက်မြင် သိရှိလာကြပြီ။
ပြောရရင် လူတွေ ဒီ Integrated Process ကြီးကို သက်ဝင် ယုံကြည်လာကြပြီ လို့ ဆိုနိုင်တယ်။ ဒါတောင် သံသယတွေကတော့ ကြားခံနေဆဲပဲ။
တချို့ကတော့ Technological Revolution လို့ ဆိုကြသလို တချို့ကလည်း Technological Evolution လို့ ယုံကြည်ကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လုပ်ရိုးလုပ်စဉ်တွေကနေ သွေဖယ်ကျော်လွှားပြီး Change ဆိုတာကိုတော့ မလွဲမသေလုပ်ဆောင်ကြရမယ် ဆိုတာကတော့ အသေအချာ ပြောလို့ရတယ်။ မဟုတ်ရင် ဓလေ့ထုံးစံအဟောင်းတွေရဲ့ လွှမ်းမိုးမှုကနေ ဖောက်ထွက်ကျော်လွှားနိုင်ဖို့ သိပ်မလွယ်လှဘူး။
ငါ့ညီနဲ့ ချက်တော့မှ အကိုလည်း ကြီးကြီးကျယ်ကျယ်တွေ ပြောတတ်လာသလိုပဲ 😝😝
ညီငယ် :
ရပါတယ် အကို
ကျွန်တော်လည်း အကိုနဲ့တွေ့မှပိုနားလည်သွားတယ်။
ကျွန်တော် :
စိတ်ထဲမှာ အဲ့အကြောင်းတွေ ပို့စ်အနေနဲ့ ရေးဖြစ်ဖို့ စဉ်းစားသေးတယ်။ ဘယ်ကစရမလဲ အစရှာမရ ဖြစ်နေတာ။
ညီငယ် :
အကို
Stakeholder/ Team Member တွေက Sub-con တွေကိုပြောတာလား။
ကျွန်တော် :
Stakeholder/ Team Member ဆိုတာ ပရော့ဂျက်ထဲ ပါဝင်ပတ်သက်သူ အားလုံးကို ဆိုလိုတာပါ။
အောက်ခြေ Modeler ကအစ Client အဆုံးပေါ့။
တနေ့တော့ ငါ့ညီနဲ့ ဆွေးနွေးခဲ့တာလေးတွေကို ပို့စ်တခုအနေနဲ့ တင်ပါအုံးမယ်။ ဒါမှလည်း တခြားသူတွေရဲ့ Opinion တွေပါ သိရမှာ။ အကိုပြောတာတွေက မှန်ချင်မှလည်း မှန်မှာကိုး။
ညီငယ် :
အခြားသောသူတွေရဲ့ Opinion တွေများများရမှညီတို့ ဒီစနစ်ဟောင်းကိုဖောက်နိုင်မှာ။
ကျွန်တော်ကချာတိတ်ပဲရှိသေးတယ်ဆိုတော့ဒီစကားမပြောသင့်မှန်းသိပါတယ်အကို။
တနေ့စက်မှုတော်လှန်ရေး ဖြစ်သလို။
BIM တော်လှန်ရေးတွေပေါ့နော်။
ကျွန်တော် :
တော်လှန်ရေး ဆိုတာက တော်လှန်ပြီးရင် သူ့အလုပ်က ပြီးဆုံးသွားတာ။ ဆင့်ကဲဖြစ်စဉ်ကျတော့ တစိုက်မတ်မတ် တိုးတက်ဖြစ်ထွန်းအောင် လုပ်နေရတာလေ။
ညီငယ် :
ဟုတ်ကဲ့ အကို
ကျွန်တော် :
အဲ့တော့ အကို့သဘောဆိုရင်တော့ Evolution ကို ပိုပြီးသဘောကျတယ်။
ညီငယ် :
Evolution က အမှန်တကယ်လိုအပ်တယ်လေ။နောက် ၃နှစ် နေဘာ Software ထွက်လာမှန်းမှ မသိသေးတာ။
ကိုရဲဇော်လင်း ရေးထားတဲ့ Post မှာလိုပေါ့။ IIM Modeling ရနေပြီမဟုတ်လား အကို။
ကျွန်တော် :
အဲ့ဒါတော့ အမှန်ပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က စလို့ BIM ဆိုတာ ဖြစ်လာပေမယ့် မျက်မှောက်ခေတ်မှာ VDC က ခေါင်းပြူဦးမော့လာပြီလေ။ နောက်ထပ် လာမယ့်ဆယ်စုနှစ်တခုမှာ VDC ထက် ပိုပြီး ထက်မျက်တဲ့၊ အကျိုးရှိတဲ့ Process တွေက ပေါ်လာအုံးမှာပဲ။
BIM01.01 : ထွေရာလေးပါး BIM စကားဝိုင်း - အပိုင်း(၁)
Facebook ပေါ်မှာ သိကျွမ်းခင်မင်ခွင့်ရခဲ့တဲ့ ညီငယ်တယောက်နဲ့  အလာဘ သလာဘပြောဖြစ်ခဲ့တဲ့ ထွေရာလေးပါး BIM တွေကိုတခြား ညီအကိုမောင်နှမ သူငယ်ချင်းတွေကိုပါ ပါဝင်ဆွေးနွေးစေချင်တာနဲ့  ဆန္ဒနဲ့  ဒီပိုစ်လေး တင်ဖြစ်လိုက်ပါတယ်။
ကနဦး ပြောလိုတာကတော့ ကျွန်တော်ဟာ BIM ဂရုတယောက် မဟုတ်သေးတဲ့ အညတရ ဘင်မာတယောက် ဆိုတာပါပဲ။ ဒီ BIM ခရီးကို 2012 လောက်က စတင်ခဲ့ပေမယ့် ကံတရားရဲ့ မျက်နှာသာ အပေးခံရမှု အားနည်းခဲ့တာရယ်၊ ကိုယ်ကိုယ်တိုင်က ၀ီရိယနည်းတာရယ်ကြောင့် ရောက်သင့်သလောက် ခရီးမတွင်ခဲ့ဘူး လို့  ဆိုရမှာပါပဲ။
ဘာပဲဖြစ်ဖြစ် အခုလို သိချင်တတ်ချင်တဲ့ ညီအကိုတွေနဲ့ ဆုံရပြန်တော့လည်း ကိုယ်သိထား သင်ထားတာတွေအပြင် ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကိုပါ မျှဝေနေခဲ့မိတယ်။ အမှန်နဲ့  အမှား ဒွိဟလောကကြီးထဲ ကိုယ်ထင်ထား သိထားတာတွေဟာ အမှန်တွေချည်းပဲ လို့  မဆိုနိုင်ပါ။ အဲ့ဒီအတွက် ထောက်ပြဝေဖန် အကြံပြု ဆွေးနွေးမှုတွေကလည်း အမှန်တကယ်ပဲ လိုအပ်လာပါတယ်။ ကျွန်တော့်အတွက်ရော ကျွန်တော့်ကို မေးမြန်းဆွေးနွေးနေတဲ့ ညီငယ် အတွက်ရောပေါ့။ ဒါနဲ့  ဒီပိုစ်လေးကို တင်ဖြစ်ခဲ့တယ် ဆိုပါတော့။
ညီငယ် :
အကို Navisworks က Hard Clash နဲ့ Soft Clash ကို Check လုပ်ဖို့ပဲလား။
အခြားဘာလုပ်လို့ရသေးလဲ အကို။
ကျွန်တော် :
Navisworks ရဲ့ အဓိကရည်ရွယ်ချက်ကတော့ Clash Detection အတွက်ပေါ့။ Clash ဆိုတော့ Hard ကော Soft ကော အကျုံးဝင်တာပေါ့။
အဲ့ဒါအပြင်...
4D timeline ဆွဲလို့ရတယ်။
Quantification ထုတ်လို့ရတယ်။
Render လုပ်လို့ရတယ်။
Walkthru Animation နဲ့ Object Animation အနဲအကျဉ်း လုပ်လို့ရတယ် ညီ။
ညီငယ် :
4D Timeline က Footing တခုကို ဘယ်လောက်အချိန်နဲ့ပြီးမှာလဲ။ ပြီးရင် Floor တွေက တဆင့်ချင်းစီလာတာကိုပြောတာလား အကို။
Phase နဲ့တူလား အကို။
ကျွန်တော် :
ဟုတ်တယ်ညီ
Construction လုပ်ငန်းတွေကို အချိန်နဲ့တပြေးညီ ဘာတွေကို ဘယ်အချိန်မှာ လုပ်မယ် ဆိုတဲ့ Schedule ကို Model နဲ့ ချိတ်ပြီး Animation ဆန်ဆန် လုပ်တာ။
MS Project တို့ Primavera တို့မှာက Schedule Chart တွေပဲထွက်တော့ ဒီလောကထဲက လူတွေလောက်ပဲ နားလည်ကြတာ။ ပြီးတော့ လစ်ကွက်ဟာကွက်တွေက အလွယ်တကူမမြင်နိုင်ဘူးလေ။
4D နဲ့ ပြလိုက်တော့ တော်ရုံလူပျိန်းတောင် ဘာပြီးရင် ဘာလုပ်မယ် ဆိုတာကို တန်းမြင်နိုင်တယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို Design Stage မှာတင် လွယ်လွယ်ကူကူ ဆုံးဖြတ်န်ုင်တယ်။
တို့စက်ရုံတွေဆို ပိုဆိုးတာပေါ့။ တချို့ Equipment တွေက အကြီးကြီးတွေ။ သူတို့ကို Construction ပြီးမှ နေရာချလို့ မရဘူး။ Under Construction က Timeline ရဲ့ Point တခုမှာ ချရတာ။
Phase ရဲ့သဘောက လုပ်ငန်းကြီးကို အပိုင်းအလိုက်ခွဲထားတဲ့ သဘောပဲ။ ဒီအပိုင်းကို ဒီ Period မှာ ပြီးအောင်လုပ်မယ်။ ဒီအပိုင်းကိုတော့ နောက် Period မှာ လုပ်မယ်ဆိုတဲ့ သဘောမျိုး ပါတယ်။
4D Timeline ကျတော့ အဲ့ဒီ Phase တခုချင်းစီရဲ့ အောက်မှာရှိနေတဲ့ Parallel အနေနဲ့  Run နေတဲ့ လုပ်ငန်းတွေကို ဖြစ်စေ၊ တခုပြီးမှ နောက်တခု လုပ်လို့ ရမယ့် လုပ်ငန်းတွေကိုဖြစ်စေ သူ့  အချိန်ဇယား အတိုင်း အံဝင်ဂွင်ကျ ဖြစ်နေစေဖို့ အတွက် တတ်သိနားလည်တဲ့ ပညာရှင်တွေက Project Schedule တွေ၊ Construction Sequence တွေကို ရေးဆွဲကြတယ်။ ပြီးတော့ လုပ်ငန်းထဲမှာ ပါဝင်ပတ်သက်နေတဲ့ Stakeholder တွေရဲ့ အကြံပြု ဆွေးနွေးဖြည့်စွက်ချက်တွေ အပေါ်မှာ အပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီး အဖြစ်သင့်ဆုံး ရလဒ်တွေ၊ ဆုံးဖြတ်ချက်တွေကို ဖော်ဆောင်ကြရတယ်။ ဒီနေရာမှာ BIM ရဲ့ 4D Timeline က မတူညီတဲ့ အဖွဲ့ အစည်းတွေကြား၊ မတူညီတဲ့ ထင်မြင်ယူဆ အကြံပြုချက်တွေကြားမှာ ပေါင်းကူးဆက်သွယ် ကူညီအဖြေရှာပေးတဲ့ Tool တခုအဖြစ် ရပ်တည်ပေးလာနိုင်တယ်။
4D Timeline ဟာ BIM ရဲ့ Uses တွေထဲက တခု လို့  ဆိုရမှာပေါ့ကွာ။
ညီငယ် :
ခုလိုဖြေကြားပေးတာ ကျေးဇူးပါ အကို။
ကဆုန်လပြည့်ဥပုသ်နေ့မှာကျန်းမာရွှင်လန်းကြပါစေ။
အကို ဥပုသ်စာင့်နေတယ်ထင်တယ်။
ကျွန်တော် :
စောင့်ပါဘူး ညီ။ တရားဘာဝနာ အားထုတ်ဖို့ က ငယ်နေသေးသလားလို့ …😜😜
Monday 1 May 2017
DYN05.02 : Dynamo Code များနှင့် ကခုန်ခြင်း - အပိုင်း(၂)
မင်္ဂလာပါ။
ပြီးခဲ့တဲ့ Post မှာတုန်းက Revit ထဲမှာ ဖန်တီးထားတဲ့ Element တွေရဲ့ Information တွေကို Dynamo မှာ Extraction လုပ်ပုံ၊ ပြီးတော့ MS Excel ဆီ Data Exchange လုပ်ပုံတွေကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဒီ Post မှာတော့ Dynamo ကို အသုံးပြုပြီး MS Excel ဆီက Information တွေကို Revit ရဲ့ Element တွေနဲ့  ချိတ်ဆက် အလုပ်လုပ်ပုံကို တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ပထမ Video မှာတော့  အရင်ဆုံး MS Excel ထဲမှာ ဖန်တီးထားတဲ့ Room တခုရဲ့ Information တွေကို Dynamo မှာ Extract လုပ်ပုံအဆင့်ဆင့်ကို တင်ပြဆွေးနွေးထားပါတယ်။ ပြီးတော့မှ Revit ထဲက Room ရဲ့ Parameter တွေနဲ့  ချိတ်ဆက်ပြီး Room Schedule ကို Update လုပ်ပုံကို တင်ပြဆွေးနွေးထားပါတယ်။ ဒီ Process ရဲ့ အားနဲချက်ကတော့ Revit ထဲက Element တွေရဲ့ Parameter နဲ့ MS Excel ထဲမှာ ဖန်တီးထားတဲ့ Information တွေအကြားမှာ မှန်မှန်ကန်ကန် ချိတ်ဆက်နိုင်တဲ့ Link တခု လွတ်နေတာပါပဲ။ MS Excel ထဲမှာ Information အမျိုးအစားတခုအပေါ် အခြေခံပြီး Sorting လုပ်လိုက်တဲ့အခါမှာ Revit ရဲ့ Parameter တွေဟာ ကမောက်ကမတွေ ဖြစ်သွားပါမှာ ဖြစ်ပါတယ်။
ဒီ Process ကို သုံးမယ်ဆိုရင် အရင်ဆုံး Information ကို Revit ကနေပဲ စပြီး (Write to Excel) ထုတ်သင့်ပါတယ်။ အဲ့ဒီလို ထုတ်တဲ့ အခါမှာလည်း Element ID ကိုပါ ထည့်ပေးလိုက်ဖို့  လိုအပ်ပါမယ်။ အဲဒီ Revit ကနေ ထုတ်လိုက်တဲ့ Information တွေကို MS Excel မှာ ဖွင့်ကြည့်တဲ့ အခါမှာ Information တွေ  Element ID ရဲ့ Value အလိုက် စီပေးထားတာကို မြင်တွေ့ ကြရမှာပါ။ 
MS Excel ထဲမှာ လိုအပ်ချက်တွေ Fill in လုပ်ပြီး Revit ဆီ ပြန်မပို့ ခင် စစ်ဆေးရမှာက Element ID တွေကို Smallest to Largest အတိုင်း Sorting ပြန်လုပ်ပေးဖို့ ပါပဲ။ ပြီးတော့ MS Excel ရဲ့ Row တွေဟာ Information တွေ တခုနဲ့ တခုအကြားမှာ Empty Row တွေရှိနေလို့ မရပါဘူး။
ဒါကြောင့်ပဲ ဒုတိယ  Video ကို ဖန်တီးလိုက်ရပါတယ်။
ဒီ Video မှာတော့ Bakery Package ထဲက Search One List Based on Second List and Get Values ဆိုတဲ့ Node ကို ထည့်သွင်း အသုံးပြုထားပါတယ်။
 ဒီ Node မှာ Input (၄) ခု ပါဝင်နေပြီး ပထမ တခုဖြစ်တဲ့ listOfValuesToFind ကတော့ Revit Element တွေထဲက ကိုယ် Handle လုပ်ချင်တဲ့ Parameter တွေရဲ့ Value တွေကို ချိတ်ဆက်ဖို့ ပါ။
ဒုတိယတခုဖြစ်တဲ့ listToSearchForValues ဆိုတာကတော့  ပထမ Input Value တွေနဲ့  တူညီတဲ့ Information တွေကိုရှာဖို့ အတွက် MS Excel ထဲက Revit Handle လုပ်မဲ့ Parameter တွေနဲ့ အမျိုးတူတဲ့ List ကို ချိတ်ဆက်ဖို့ ပါ။
နောက်ဆုံးတခုဖြစ်တဲ့ listToGetValuesFrom ဆိုတာကတော့ ပထမ Input Value တွေနဲ့ ဒုတိယ Input Value တွေ တူညီတယ် ဆိုရင် Follow up လုပ်ခိုင်းရမယ့် MS Excel ထဲက Information List တခုကို ချိတ်ဆက်ဖို့ ပါ။
တတိယတခု အတွက်ကတော့ String Input အနေနဲ့  Place Null လို့  ရိုက်ပြီး ချိတ်ဆက်ပေးရုံပါပဲ။ အကြောင်းကတော့ ပထမ Input Value တွေနဲ့  တူညီတဲ့ Information တွေကိုရှာမတွေ့ တဲ့အခါ Error/ Warning မတက်အောင် ကာထားတဲ့ သဘောပါပဲ။ (ဥပမာ Empty Row တွေလိုမျိုးတွေတွေ့ တဲ့အခါမျိုးပေါ့။)
ဒီ ဒုတိယ  Video ထဲက Code ကို အသုံးပြုမယ် ဆိုရင်တော့ Excel မှာ Table တွေကို စိတ်တိုင်းကျ လွတ်လပ်စွာ ရေးဆွဲနိုင်ပါတယ်။ Exchange လုပ်ချင်တဲ့ အခါကျမှသာ Revit ရဲ့ Handle လုပ်ချင်တဲ့ Parameter တွေအပေါ် အခြေပြုပြီး Excel ထဲက Information တွေကို  Extract လုပ်နိုင်ပါကြောင်း....
အောက်က Link (၂)ခုကနေလည်း ဒေါင်းယူနိုင်ကြပါတယ်။
http://www.mediafire.com/file/ynee2vcxq1nd2bp/ExcelVsDynVsRevit001.wmv
http://www.mediafire.com/file/j6fxn611f3j181x/ExcelVsDynVsRevit002.wmv
Sunday 30 April 2017
BIM00.01 - BIM Software တွေအတွက် System Requirements
မင်္ဂလာပါ...
ဒီ Post မှာ အဓိက တင်ပြချင်တဲ့ အကြောင်းအရာကတော့ BIM လောကထဲ ကျင်လည်ကြမယ့် ညီအကို မောင်နှမတွေ မေးလေ့ရှိကြတဲ့ Common Question လေးတခုအကြောင်းပါပဲ။
ဘယ်လို Laptop/ Desktop မျိုးဟာ BIM သမားတွေအတွက် အသင့်တော်ဆုံးလဲ....တဲ့
Budget အကန့် အသတ်သာ မရှိဘူး ဆိုရင်တော့ Workstation အမျိုးအစားတွေကိုပဲ သုံးစွဲကြဖို့  တိုက်တွန်းမိမှာပါပဲ။ ဘာလို့ လဲ ဆိုတော့...
Processor အားဖြင့် ကြည့်ရင်လည်း အနိမ့်ဆုံး Quad Core ကစကြပြီး အမြင့်ဆုံး 22 Core လောက်အထိ ရှိကြတာ ဆိုတော့ Multi-tasking အတွက်က စိတ်ပူစရာကို မလိုတော့တာ။
RAM (Random Access Memory) အားဖြင့် ကြည့်မယ် ဆိုရင်လည်း အမြင့်ဆုံး Slot က 16ခုအထိ ရနိုင်တာ ဆိုတော့ တွက်သာ ကြည့်ပေတော့ဗျာ။ Market ထဲမှာ အမြင့်ဆုံး 16GB ပဲရတယ်ထားအုံးတော့။ RAM 256GB ရနေပြီလေ။
Graphic Card အနေနဲ့  ဆိုရင်လည်း Nvidia Quadra P-series တွေတောင် ထွက်နေကြပြီ။
တခုပဲ...အဲ့ဒီ High-End System တွေထည့်ပြီး Run ဖို့ ဆိုရင်တော့ တော်ရုံ Cooling System တွေနဲ့ တော့ ရနိုင်မယ် မထင်ဘူး။
တကယ်တော့ Workstation အမျိုးအစားတွေကို လုပ်ငန်းသုံးအနေနဲ့ ထုတ်ထားကြတာမို့  ဈေးကလည်း ခေါင်ခိုက်နေမှာပါပဲ။ Personal အနေနဲ့  ဆိုရင်တော့ ROI (Return of Investment) ထည့်သွင်းစဉ်းစားပြီးမှ သုံးသင့် မသင့်ကို ဆုံးဖြတ်သင့်ပါတယ်။
မစားရ ၀ခမန်းတွေ ရေးနေတာနဲ့  လိုရင်းမရောက်ဘူး ဖြစ်နေတယ်။
BIM Authoring Software ဆိုတာနဲ့  အများစု ပြေးမြင်မိမှာကတော့ Autodesk ရဲ့ Revit ပဲ ဖြစ်မယ်ထင်ပါတယ်။ တခြားသော BIM Authoring Software တွေ ရှိနေလင့်ကစား Autodesk ရဲ့ Revit ကတော့ လူသိများစဲ၊ လူအသုံးများစဲ ဆိုတာ ငြင်းလို့ ရမယ် မထင်ပါဘူး။ အခုဆိုရင် Revit 2018 ကလည်း ထွက်လာပြီမို့  သူ့ ကိုယ်အခြေခံပြီးပဲ System Requirements တွေကို တင်ပြပေးလိုက်ပါတယ်။ System Requirements ကို အမျိုးအစား (၃)မျိုးနဲ့  မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။
1) Minimum : Entry-level Configuration
2) Value : Balance Price and Performance
3) Performance : Large, Complex Model
ဒါ့အပြင် Revit အတွက် Autodesk ကနေ Recommend လုပ်ထားတဲ့ Graphic Card စာရင်းကိုပါ တင်ပြပေးထားပါတယ်။ အဲ့ဒီစာရင်းထဲက Graphic Card အမျိုးအစားတွေဟာ Workstation အမျိုးအစား တွေမှာပဲ မြင်တွေ့ နိုင်တာဖြစ်ပါတယ်။
PC တလုံး ၀ယ်တော့မယ် ဆိုရင် အရင်ဆုံး စဉ်းစားရမယ့် အချက်တွေကတော့
၁။ ဘာအတွက် အသုံးပြုဖို့ လဲ
၂။ Budget ဘယ်လောက် သုံးမှာလဲ
၃။ ၀ယ်မယ့် PC ဘယ်နှနှစ်လောက် အများဆုံး သုံးမှာလဲ
... စသဖြင့် မေးဖို့  လိုအပ်ပါတယ်။
ဘာအတွက် အသုံးပြုဖို့ လဲ
ကိုယ်ဝယ်မယ့်  PC ကို ဘာအတွက် အသုံးပြုဖို့ လဲဆိုတာကို အရင်သုံးသပ်ဖို့ လိုပါတယ်။ ဈေးလေး သက်သာလို့ ၊ ဒီဇိုင်းလေး ဆန်းလို့  ဆိုပြီး PC တလုံး ၀ယ်ထားမိပြီးကာမှ AutoCAD လေး သုံးချင်လာတာတို့ ၊ 3D Software တွေသုံးချင်လာတာတို့ ဖြစ်တဲ့အခါ အတော်လေး စိတ်ဒုက္ခရောက်ကြရပါတယ်။ စက်အသစ် ထပ်ဝယ်ပြန်တော့လည်း လက်ရှိစက်က အပိုဖြစ်သွားမယ်။ ပြန်ရောင်းရင်လည်း သုံးချိုး နှစ်ချိုးရရင် ကံကောင်းပဲ။ IT ပစ္စည်းတွေက ဘယ်တော့မှ ဈေးတက်လာတယ်ရယ်လို့  မရှိဘူးလေ။
Budget ဘယ်လောက် သုံးမှာလဲ
ဒါကလည်း အရေးကြီးတာပဲ။  Budget တွေအများကြီးသုံး၊ အမြင့်ဆုံး Spec တွေဝယ်ပြီး Facebook လောက်သုံး၊ Word/ Excel လောက်သုံး၊ Movie လောက်ပဲ ကြည့်နေမယ် ဆိုရင်လည်း အလကားပဲ။ Budget နဲနဲ နဲ့  ပေါချောင်ကောင်း ၀ယ်ပြီးကာမှ ဟိုဟာ လုပ်မရ၊ ဒီဟာ သုံးမရ ဆိုပြန်ရင်လည်း အဆင်မပြေပြန်ဘူး။
ဝယ်မယ့် PC ဘယ်နှနှစ်လောက် အများဆုံး သုံးမှာလဲ
PC တလုံးဟာ အနဲဆုံး (၃) နှစ်ကနေ (၅) နှစ်လောက်အထိတော့ အသုံးပြုဖို့ မှန်းထားသင့်တယ်။ အဲ့ဒီကာလအတွင်းမှာ အဲ့ဒီ PC ဘာတွေလုပ်မယ် ဆိုတာကိုလည်း ကြိုတင်ပြီး စဉ်းစားထားသင့်တယ်။ ဒါမှလည်း PC အတွက် ကိုယ်သုံးလိုက်ရတဲ့ Budget ဟာ အကျိုးမဲ့ မဖြစ်မှာပေါ့။
CAD/BIM လောကထဲ ကျင်လည်နေသူတယောက်အနေနဲ့  အကြံပြုချင်တာကတော့
၁။ Laptop နဲ့  Desktop ဆိုရင်  Desktop ကို ဦးစားပေးစဉ်းစားပါ။ Desktop မှာက Part တခုချင်းစီကို Upgrade လုပ်ဖို့ အခွင့်အရေးရှိသလို Spec ခပ်မြင့်မြင့်တွေကို ဈေးသက်သက်သာသာနဲ့  ရနိုင်တယ်။ မတတ်သာတော့မှ Laptop ကိုရွေးပါ။
၂။ Processor အနေနဲ့ ဆိုရင်တော့ အနဲဆုံး Quad Core လောက်က စပြီး စဉ်းစားစေချင်ပါတယ်။ Software တွေဟာ အသစ်ထွက်တိုင်းထွက်တိုင်း တောင်းတဲ့ Spec တွေဟာ မြင့်သထက်မြင့်လာတာ သဘာဝမို့ ပါ။ ပြီးတော့ Multi-tasking အတွက်ကိုပါ ထည့်စဉ်းစားရမှာ မို့ လို့ ပါ။
၃။ RAM အနေနဲ့ ကတော့ အနဲဆုံး 16GB လောက်က စစဉ်းစားသင့်ပါတယ်။ BIM Software တွေဟာ Calculation တွေအများကြီး လုပ်ကြရတာမို့  RAM များလေကောင်းလေပါပဲ။
၎။ Graphic Card အနေနဲ့  ဆိုရင်တော့ Autodesk က Recommend လုပ်တဲ့ Card အားလုံးဟာ Workstation တွေအတွက်ချည်းပဲ။ ဒါပေမယ့် Personal သုံးဖို့ နဲ့  Market ထဲ သင့်တင့်တဲ့ ဈေးနဲ့ ရနိုင်တာကတော့ GeForce GTX Series တွေပဲ။ Graphic Card ကိုရွေးတဲ့နေရာမှာလည်း ကိုယ်က ဘယ်လို Software တွေကို အသုံးပြုမှာလဲ ဆိုတာနဲ့ တော့ ဆိုင်နေပြန်ပါတယ်။
CAD Software လောက်၊ BIM Authoring Software လောက်ပဲ သုံးဖို့ ရည်ရွယ်ရင်တော့ GeForce GTX Series အနိမ့်စားတွေကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Lumion လို Graphic အသားပေးတဲ့ Software လို၊ Fuzor လို Graphic အသားပေးတဲ့ Revit Add-in လို သုံးဖို့ ရည်ရွယ်ရင်တော့ အနိမ့်ဆုံး GeForce GTX970 လောက်လိုအပ်ပါလိမ့်မယ်။
တကယ်လို့  VR (Virtual Reality) အတွက်ပါ ထည့်စဉ်းသားမယ် ဆိုရင်တော့ GeForce GTX1060 က Minimum Requirement လောက်ဖြစ်နေပြန်ပါတယ်။ VR ကလည်း Future PC Usage အနေနဲ့  ထည့်သွင်းစဉ်းစားရမယ့် အချက်တခုဖြစ်နေပါတယ်။
(ဖြစ်နိုင်ရင်တော့ GeForce GTX1060 (6GB) ဆိုပိုပြီး အဆင်ပြေတာပေါ့။ ကျနော့်အနေနဲ့  Nvidia GeForce ကို အခြေခံပြီး ဖတ်မှတ်မိသမျှကိုသာ တင်ပြရခြင်း ဖြစ်ပါတယ်။ Nvidia GeForce နဲ့ အပြိုင် AMD RX Series တို့ ၊ Intel(R) HD တို့  လည်း ဈေးကွက်ထဲမှာ ရှိနေပါသေးတယ်။)
အချုပ်အားဖြင့်တော့ PC ၀ယ်ချင်တဲ့သူတယောက်အတွက် ကိုယ်အသုံးပြုချင်နဲ့  Uses နဲ့  ကိုယ်အသုံးပြုသင့်တဲ့ Budget အကြား အသင့်တင့်ဆုံး Leverage လုပ်ပြီး အသင့်တင့်ဆုံးသော Spec ပါတဲ့ PC တခုကို ရွေးချယ်ရတာပါပဲ။
ကျနော့်အနေနဲ့ Laptop တခုကို Budget S$1500 to S$2500 အတွင်းကနေ ရွေးရမယ် ဆိုရင်တော့ HP တို့  Dell တို့ ထက်စာရင် Asus တို့  Lenovo တို့  MSI တို့ ထဲကပဲ ရွေးချယ်မိလိမ့်မယ်ထင်တယ်။ ဘာလို့ လဲဆိုတော့ ကိုယ်သတ်မှတ်ထားတဲ့ Budget အတွင်းကနေ Spec ခပ်မြင့်မြင့်နဲ့ Laptop ရနိုင်တာ သူတို့ ပဲရှိတယ်။ ပြီးတော့ Laptop တွေမှာ အပူလွှတ်ထုတ်တဲ့ Exhaust Fan အပေါက်တွေဟာ Laptop ရဲ့ အနောက်ဖက်ထွက်တဲ့ အမျိုးအစားတွေကိုပဲ ရွေးခြယ်သင့်ပါတယ်။ Exhaust Fan အပေါက်တွေဟာ အောက်ထွက်ဖြစ်နေရင်တော့ စက်ရဲ့ အပူထုတ်နှုန်းဟာ မြင့်မားလွယ်ပြီး Long Hour အသုံးပြုဖို့ အတွက် ခက်ခဲပါလိမ့်မယ်။
ဒီရေးသားချက်တွေ အားလုံးဟာ ကျနော့်ရဲ့ ကိုယ်တွေ့ ၊ အပေါင်းအသင်းတွေရဲ့ အတွေ့ အကြုံတွေကနေ ကောက်နှုတ်ထားတာမို့ အမှန်ချည်းပဲရယ်လို့ တော့ မယူဆစေချင်ပါဘူး။ PC ၀ယ်မယ့် သူတယောက်၊ ပြီးတော့ BIM လောကသားတယောက် ဖြစ်မယ်ဆိုရင်တော့ ဒီ Post ဟာ အစိတ်အပိုင်းတခုအနေနဲ့ အထောက်အကူပြုနိုင်လိမ့်မယ်လို့ တော့ မျှော်လင့်မိပါတယ်။
Sunday 9 April 2017
DYN05.01 : Dynamo Code များနှင့် ကခုန်ခြင်း - အပိုင်း(၁)
မင်္ဂလာပါ ပရိတ်သတ်ကြီးရေ...
ဒီ Post ကနေစတင်ပြီး Dynamo Code တွေကို Autodesk Revit 2016 နဲ့ တွဲဖက်ပြီး အသုံးပြုပုံတွေကို ကျနော်နဲ့ အတူ လေ့လာသွားကြရမှာ ဖြစ်ပါတယ်။ ဘာကြောင့် Autodesk Revit 2016 ကို အသုံးပြုရသလဲ ဆိုတော့ Dynamo 1.0.0 နဲ့  အထက် တွေဟာ Autodesk Revit 2016 မှာပဲ အဆင်ပြေပြေ Run နိုင်တာကြောင့်ပါပဲ။
ဒါ့အပြင် Dynamo ထဲမှာ ထပ်ဆင့် ထည့်သွင်းအသုံးပြုကြရတဲ့ Developer တွေဖန်တီးပေးထားကြတဲ့ အဆင့်မြင့် လွယ်ကူတဲ့ Code Package တွေဟာဆိုရင်လည်း Dynamo 1.0.0 နဲ့  သူ့ ထက် မြင့်တဲ့ version တွေမှာသာ အလုပ်လုပ်လေ့ရှိတဲ့ သဘောတွေကလည်း  Autodesk Revit 2016 လောက်ကို အသုံးပြုဖို့  တိုက်တွန်းနေပြန်ပါတယ်။ အခုလောလောဆယ် (Apr 2017 အထိ) Dynamo 1.2.1 ဟာ Update အဖြစ်ဆုံး version ဖြစ်ပြီး အနိမ့်ဆုံး Autodesk Revit 2016 နဲ့ မှ အဆင်ပြေမှာ ဖြစ်ပါတယ်။
ဒီ Post ကနေစလို့  Autodesk Revit 2016 နဲ့ အတူ Dynamo 1.2.1 ကို တွဲဖက်အသုံးပြုပြီး တင်ပြဆွေးနွေးသွားဖို့  စီစဉ်ထားပါတယ်။
Dynamo ရဲ့ Latest Version တွေကို http://dynamobim.org/download/ အောက်ကနေ တိုက်ရိုက် ရယူနိုင်ပါတယ်။
 Dynamo ရဲ့ User Interface နဲ့ အတူ Select Faces, Select Edges နဲ Select Model Elements အသုံးပြုပုံတွေကို RevitVsDynamo_001 မှာ ဆွေးနွေးတင်ပြထားပါတယ်။
http://www.mediafire.com/file/lq5w3ju8iikfubm/RevitVsDynamo_001.wmv
Category အလိုက် Revit မှာ ဖန်တီးထားတဲ့ Element တွေရဲ့ Information တွေ Extract လုပ်ပုံ၊ List  လုပ်ပုံ တွေကို RevitVsDynamo_002 မှာ ဆွေးနွေးတင်ပြထားပါတယ်။
http://www.mediafire.com/file/mvpwbtbywup1r42/RevitVsDynamo_002.wmv
 List  လုပ်ထားတဲ့ Information တွေ MS Excel ဆီ Exchange လုပ်ပုံ Sorting လုပ်ပုံ တွေကို RevitVsDynamo_003 မှာ ဆွေးနွေးတင်ပြထားပါတယ်။
http://www.mediafire.com/file/5ox71q61pxxhd7e/RevitVsDynamo_003.wmv
အထက်ပါ လေ့ကျင့်ခန်းတွေပြုလုပ်ဖို့  အဓိကလိုအပ်ချက်ကတော့
  • Autodesk Revit 2016
  • Dynamo 1.2.1
  • Clockwork ( Additional Package) ... တို့ ပဲဖြစ်ပါတယ်။
လာမယ့်  Post ကျရင်တော့ Information တွေကို Revit <=> Dynamo <=> MS Excel အကြား အပြန်အလှန် Exchange လုပ်ပုံတွေကို တင်ပြဆွေးနွေးသွားဖို့  စီစဉ်ထားပါတယ်။
Wednesday 22 March 2017
DYN04.11 : အခြေခံ Geometry တည်ဆောက်ခြင်း - အပိုင်း(၁၁)
မင်္ဂလာပါ။
ဒီတခါတော့ List တွေရဲ့ အသုံးပြုပုံတွေကို အကျဉ်းချုံးပြီး တင်ပြဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်။
List.Create မှာ Input အနေနဲ့  List အစုအဖွဲ့ တွေကို တခုထက်အက ကိုယ်ကြိုက်သလောက် ဖန်တီးနိုင်ပါတယ်။
အထက်ဖော်ပြပါ ပုံကို ကြည့်မယ် ဆိုရင် Construction Material စာရင်းတခုကို တွေ့ မြင်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီ အစုအဖွဲ့ တခုစီ ဖြစ်နေတဲ့ Information သူ့ အစုနဲ့ သူ စာရင်းပြုစုနိုင်ဖို့ အတွက် List.Create ကို အသုံးပြုကြရပါမယ်။ List တွေကို (0) ကနေ စတင်ရေတွက်ရတာကိုလည်း သတိပြုမိဖို့ လိုအပ်ပါတယ်။
အခုဆိုရင်တော့ ပထမအဆင့် အနေနဲ့  List တွေကို သူ့ အစုနဲ့ သူ စာရင်းပြုစုပြီးပါပြီ။ သူ စာရင်းပြုစုပုံက Information ရဲ့ Source အလိုက် ဖြစ်နေတာမို့ Information တွေဟာ သူ့ List တခုစီနဲ့ သူ သီးသီးခြားခြားကြီး ဖြစ်နေပါတယ်။ တကယ်တမ်းဖြစ်ချင်တာက
  • 1, Cement, 10, bag
  • 2, Sand, 200, cuft
  • 3, Gravel, 400, cuft
  • 4, Rebar, 550, kg
  • 5, Formwork, 350, sqft
အဲဒီလို ဖြစ်ဖို့ ရာ List ရဲ့ Action အောက်က List.Transpose ကို အသုံးပြုရပါမယ်။
လက်ရှိရထားတဲ့ List ကိုသာ Excel ကို Export လုပ်မယ် ဆိုရင် အောက်ဖော်ပြပါပုံအတိုင်း မြင်တွေ့  ကြရမှာပါ။
ဒီအခြေအနေမှာ သူတို့ အတွက် Header အနေနဲ့  ထည့်ပေးဖို့  လိုအပ်လာမယ် ဆိုရင်တော့ List ရဲ့ Action အောက်က List.AddItemToFront ကို အသုံးပြုရပါမယ်။
ဒါမှလည်း Excel မှာ အောက်ဖော်ပြပါပုံအတိုင်း စနစ်တကျ စာရင်းပြုစုနိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့  လက်ရှိ List ထဲကမှ Rebar နဲ့ ပတ်သက်တဲ့ Information ဖယ်ရှားပစ်ချင်တယ် ဆိုရင်တော့ List ရဲ့ Action အောက်က List.RemoveItemAtIndex ကို အသုံးပြုရပါမယ်။ သူ့ မှာ Input အနေနဲ့  List, Indices ဆိုပြီး ပါဝင်နေပါတယ်။ ကိုယ်ဖယ်ရှားချင်တဲ့  List ရဲ့ Index number ကို Indices နဲ့  ချိတ်ဆက်ပေးလိုက် ရုံပါပဲ။
List ရဲ့ Action အောက်က တခြားသော အသုံးဝင်တဲ့ Node တွေကိုလည်း ကိုယ့်ဖာသာကိုယ် ဆက်လက် လေ့လာကြပါ...လို့ တိုက်တွန်းရင်း အခြေခံ Geometry တည်ဆောက်ခြင်းဆိုတဲ့ ဆွေးနွေးခန်းကို ဒီနေရာမှာ ခဏနားပါရစေ။
(ရှေ့ လာမယ့် Post တွေကျတော့မှပဲ အလျင်းသင့်ရင် သင့်သလို ထူးခြားတဲ့ List ရဲ့ Node တွေ တင်ပြဆွေးနွေးသွားပေးပါ့မယ်။)
လာမယ့်  Post တွေက စလို့  Revit နဲ့  တွဲဖက်အသုံးပြုမယ့် Dynamo ရဲ့ Code တွေအကြောင်းကို ဆက်လက်တင်ပြ ဆွေးနွေးသွားဖို့  ရည်မှန်းထားပါတယ်။
Sunday 19 March 2017
DYN04.10 : အခြေခံ Geometry တည်ဆောက်ခြင်း - အပိုင်း(၁၀)
မင်္ဂလာပါ အပေါင်းအသင်းတို့ ရေ...
ဒီ Post မှာတော့ အခြေခံ 3D Solid တွေကိုဖန်တီးကြတဲ့ နေရာမှာ အသုံးပြုလေ့ရှိကြတဲ့ Extrude, Sweep, Revolve,...စတဲ့ နည်းလမ်းတွေနဲ့  အသုံးပြု တင်ပြဆွေးနွေးသွားဖို့ ရှိပါတယ်။
Library အောက်က Geometry > Solid ဆီကို သွားတဲ့အခါ အောက်ဖော်ပြပါ ပုံအတိုင်း Create အနေနဲ့  Node (၈)ခု၊ Action အနေနဲ့  Node (၉)ခု၊ Query အနေနဲ့  Node (၂)ခု ကို တွေ့ မြင်ကြရမှာပါ။
ဖော်ပြပါ Node တွေထဲကမှ Solid.ByLoft(crossSections) လေးနဲ့  3D Solid တခု ဖန်တီးကြရအောင်။
သူ့ မှာ input အနေနဲ့ က crossSections ဆိုတဲ့ တခုသာ ပါဝင်နေတာကို သတိထားမိကြမှာပါ။ သူ့ ရဲ့ လိုအပ်ချက်ကတော့ Closed Curve (၂)ခုပါပဲ။ အဲ့ဒီအတွက် Circle တခုနဲ့  Ellipse တခုကို အရင်ဖန်တီးကြတာပေါ့။
(အထက်ဖော်ပြပါ ပုံကတော့ Circle တခုနဲ့  Ellipse တခုကို ဖန်တီးတဲ့နေရာမှာ သူတို့ ရဲ့ မူလ Node ရော Code Block ကိုပါ အသုံးပြုပြပေးထားတာပါ။ အသုံးပြုသူအနေနဲ့ က နှစ်သက်ရာကို လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။ မူလ Node တွေကိုပဲ သုံးချင်ရင်တော့ သက်ဆိုင်ရာ input တွေကိုပါ ဖြည့်စွက်ပေးဖို့  လိုအပ်ပါလိမ့်မယ်။)
ကျနော့်အနေနဲ့  Code Block တွေကိုပဲ အသုံးပြုပြီး Run လိုက်တဲ့အခါ အထက်ဖော်ပြပါ ပုံအတိုင်း Circle တခုနဲ့  Ellipse တခုကို ဖန်တီးထားတာကို မြင်တွေ့ ရမှာပါ။
ဒီနေရာမှာ အခက်အခဲတခု ကြုံနေရတာက Solid.ByLoft(crossSections) ရဲ့ input က တခုတည်းရှိနေပြီး တကယ် input လုပ်ရမှာက Circle နဲ့  Ellipse ဆိုတဲ့ input (၂)ခု ဖြစ်နေတာပါပဲ။
အဲ့ဒီအခက်အခဲကို ပြေလည်စေဖို့ အတွက် Dynamo က List.Create ဆိုတဲ့ Node ကို စီစဉ်ပေးထားပါတယ်။ List ဆိုတာ သက်ဆိုင်ရာ Element တွေရဲ့ Information တွေကို အစီအရီ နေရာချပေးတဲ့ အလုပ်ကို လုပ်ဆောင်ပေးပါတယ်။ Dynamo မှာ Code တွေကိုရေးကြတဲ့အခါ မသိမဖြစ်တဲ့ အစိတ်အပိုင်း လို့ လည်း ဆိုနိုင်ပါတယ်။
Library အောက်ကနေ Core > List > List.Create (or) Search Box > List.Create ကိုသုံးပြီး List.Create ဆိုတဲ့ Node ကိုရယူပါမယ်။ ပြီးရင်တော့ အောက်ဖော်ပြပါ ပုံအတိုင်း 3D Solid တခုကို ဖြစ်ပေါ်စေမယ့် Code တခုကို ဖန်တီးပါ့မယ်။
ဒီတခါတော့ Solid.ByLoft(crossSections, guideCurve) ကို အသုံးပြုကြည့်ပါမယ်။ သူ့ မှာ guideCurve ဆိုတဲ့ input တခု ပိုလာတာကြောင့် Closed Curve (၂)ခု အပြင် Path တခုကိုပါ  ဖန်တီးပေးဖို့ လိုအပ် လာပါတယ်။
ဒီ Code အရင်ဆုံး guideCurve အတွက် Nurbs.ByPoints တခုကို ဖန်တီးပါမယ်။ အဲဒီအတွက် လိုအပ်နေတာက Point တွေဖြစ်တာကြောင့် Code Block သုံးပြီး Point (၃)ခုကို အရင် ဖန်တီးပါ့မယ်။ ပြီးရင်တော့ အောက်က ပုံအတိုင်း guideCurve တခုဖန်တီးပါ့မယ်။
ဒုတိယ အဆင့်အနေနဲ့  crossSections အတွက် Closed Curve (၂)ခုကို ဖန်တီးရပါ့မယ်။ ဒီနေရာမှာ Closed Curve (၁)ခု ကို guideCurve ရဲ့ အစ Point မှာ ထားပြီး နောက် Closed Curve (၁)ခု ကို guideCurve ရဲ့ အဆုံး Point မှာ ထားချင်ပါတယ်။ ဒါတင်မကပဲ Closed Curve (၂)ခုဟာ guideCurve နဲ့  Perpendicular လည်းကျနေဖို့  လိုအပ်ပါမယ်။
အဲ့ဒီအတွက် Library အောက်ကနေ Geometry > Curve (Action) > PlaneAtParameter ကို အသုံးပြုပါ့မယ်။ သူ့ မှာ input အနေနဲ့  curve, param တို့ ပါဝင်နေပါမယ်။
curve အတွက်ကတော့ အထက်ဖော်ပြပါ ပုံအတိုင်း ချိတ်ဆက်ပေးလိုက်ရုံပါပဲ။ param အတွက်ကျတော့ {0,1}; လို့ ရိုက်ထည့်ပေးရပါမယ်။ ဆိုလိုတာက Plane တခုကို အစမှာ ဖန်တီးပြီး နောက် Plane တခုကိုတော့ အဆုံးမှာ ဖန်တီးမယ် ဆိုတဲ့ သဘောပါပဲ။
(တကယ်လို့  guideCurve ရဲ့ 1/4 မှာ Plane တခု၊ 3/4 မှာ Plane တခု ထပ်ထည့်ချင်တယ်ဆိုရင်တော့ {0,0.25,0.75,1}; လို့  ရိုက်ထည့်ပေးလိုက်ရုံပါပဲ။)
အခုဆိုရင် Plane (၂)ခု ရပြီမို့  Plane တခု မှာ Closed Curve တခုစီ ဖန်တီးဖို့  လိုအပ်လာပါပြီ။
ဆိုတော့ကာ...Library အောက်ကနေ
- Geometry > Circle > ByPlaneRadius
- Geometry > Ellipse > ByPlaneRadii ... နဲ့ Circle တခု Ellipse တခုကို ဖန်တီးပါမယ်။
အခုအတိုင်း ဆိုရင်တော့ Circle တခု နဲ့  Ellipse တခုဟာ Plane (၂)ခုစလုံး အပေါ်မှာ ဖန်တီးပြီးနေတာကို တွေ့ မြင်ကြရမှာပါ။ လိုချင်တာက Plane တခုမှာ Closed Curve တမျိုးစီသာ သီးခြားစီ ဖန်တီးချင်တာပါ။ ဒါကြောင့်ပဲ List.RemoveItemIdex ဆိုတဲ့ Node ကိုအသုံးပြုပြီး ကိုယ်မလိုချင်တဲ့ List ကို ဖယ်ရှားမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ List တွေစီစဉ်ပုံကို အနည်းငယ် တင်ပြဆွေးနွေးချင်ပါတယ်။
အခုလို Library ကနေ Search Box > Watch လို့ ရိုက်ထည့်ပြီး ရလာတဲ့ Watch (Node) ကို ချိတ်ဆက်ပြီး Run တဲ့အခါ အထက်ဖော်ပြပါပုံအတိုင်း List စီစဉ်ပုံကို Watch မှာတွေ့ မြင်နိုင်ပါမယ်။ List တွေကို စီတဲ့အခါ (0) ကနေ စပြီး ရေတွက်လေ့ရှိတာကို သတိထားမိဖို့ လိုပါမယ်။ ဒါမှ ကိုယ်ဖယ်ရှားချင်တဲ့ List ကို အတိအကျ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
ကဲ... List.RemoveItemIdex ကိုစပြီး အသုံးပြုပါတော့မယ်။
အပေါ်က ဖော်ပြထားတဲ့ ပုံကို လေ့လာရင်း List.RemoveItemIdex ရဲ့သဘောကို နားလည်နိုင်မယ်လို့  မျှော်လင့်ပါတယ်။
အခုဆိုရင် Plane တခုစီ ခွဲထားခဲ့ပြီမို့  Closed Curve တွေကို ကိုယ်နှစ်သက်ရာ Plane ပေါ်မှာ ဖန်တီးနိုင်ကြပါပြီ။
ကဲ... အခုဆိုရင် Closed Curve (၂) ခု နဲ့  guideCurve (၁)ခုဟာ အဆင်သင့် ဖြစ်နေပြီမို့ ကျနော်တို့ လိုချင်တဲ့ Solid.ByLoft(crossSections, guideCurve) နဲ့ အတူ 3D Solid တခုကို အောက်ဖော်ပြပါ ပုံအတိုင်း ဖန်တီးနိုင်ပါပြီ။
အခြေအနေက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘဲ Closed Curve (၂) ခုကြား ဆက်သွယ်မှုတခု လစ်ဟနေပြန်ပါတယ်။ အဲ့ဒီအတွက် PolyCurve.ByJoinedCurve ဆိုတဲ့ Node ကိုသုံးပြီး Closed Curve (၂)ခု ကိုဆက်စပ်ပေးလိုက်တဲ့ အခါကျတော့မှပဲ လိုချင်တဲ့ 3D Solid တခုကို အောက်ဖော်ပြပါ ပုံအတိုင်း ဖန်တီးနိုင်ပါတော့တယ်။
ဒီ Post ဟာ အတော်လေး ရှည်သလို လိုအပ်ချက်တွေနဲ့  အသုံးပြုရတဲ့ Node တွေကလည်း အခြေခံကို လေ့လာနေသူအတွက် နဲနဲတော့ စိတ်ရှုပ်ထွေးစေမှာ အမှန်ပါပဲ။
ဒါပေမယ့် Programming ရဲ့သဘောကိုက ကိုယ်လိုချင်တဲ့ ရလဒ်တခုကနေ အခြေတည်လို့  ထပ်ဆင့်လိုအပ်ချက်တွေကို ဖြည့်စွက်ရင်း Code တွေရေးသားကြရတာပါပဲ။
ကျန်နေသေးတဲ့ Extrude နဲ့  Revolve အသုံးတွေကိုလည်း ကိုယ့်ဖာသာ ကြိုးစားပြီး ဖန်တီးကြည့်ကြဖို့  တိုက်တွန်းလိုက်ပါရစေ။
လာမယ့် Post ကျရင်တော့ List တွေ အလုပ်လုပ်ပုံတွေကို အကျဉ်းချုံးပြီး တင်ပြဆွေးနွေးသွားဖို့  စီစဉ်ထားပါတယ်။