Friday 1 September 2017

DYN06.02 : Data-Shapes Package နှင့် မိတ်ဆက်ခြင်း အပိုင်း(၁)



Data-Shapes Package ဆိုတာက Dynamo ထဲမှာ ထပ်ဆောင်းပြီး install လုပ်ရတဲ့ Package မျိုးလို့  အကြမ်းဖျင်း နားလည်ထားရင်ပဲ လုံလောက်မယ်ထင်ပါတယ်။ Dynamo ကို ထဲထဲဝင်ဝင် သုံးစွဲလာတာနဲ့  အမျှ ဒီလို Additional Package တွေရဲ့ အသုံးဝင်ပုံ၊ အသုံးပြုပုံတွေကိုလည်း ရင်းနှီးလာမှာ ဖြစ်လို့ ပါပဲ။


Dynamo ကို Revit အတွက် Automation Tool အဖြစ်အသုံးပြုကြတဲ့ အခါ ဒီလို Additional Package တွေဟာ ကိုယ့်ရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး လိုအပ်နေမှာပါပဲ။ တခါတခါလည်း Package တခုနဲ့  တခုအကြားဖြစ်စေ၊ Package တခုတည်းအတွင်းမှာဖြစ်စေ Conflict ဖြစ်တာတွေလည်း တွေ့  မြင်ရတတ်ပါတယ်။ အဲ့ဒီအခါကျရင်တော့ လိုအပ်သလို Package တွေကို uninstall လုပ်တာတို့ ၊ Dynamo တခုလုံးကို uninstall လုပ်ပြီး reinstall ပြန်လုပ်ရတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။


ဒီလို Package တွေအများကြီးထဲကမှ ဒီ Data-Shapes Package ကိုကွက်ပြီး အကျယ်တ၀င့် ဆွေးနွေးရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ သူ့ ရဲ့ UI (User Interface) Node တွေကြောင့်ပဲ ဖြစ်ပါတယ်။ End-user အတွက် User-friendly ဖြစ်စေဖို့ အတွက် Dynamo Code တွေကို ဖန်တီးကြတဲ့ အခါမှာ သူ့ ရဲ့ UI Node တွေဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေလို့ ပါပဲ။


Data-Shapes Package ရဲ့ UI နဲ့  ပတ်သက်တဲ့ Node တွေကတော့ အောက်ဖော်ပြပါ ပုံအတိုင်းပဲ ဖြစ်ပါတယ်။



အထက်ဖော်ပြပါ Node တွေထဲကမှ ပထမဆုံးသော Node ဖြစ်တဲ့ UI.MultipleInputForm ဆိုတဲ့ Node အကြောင်းကို အရင်ဆုံး ဆွေးနွေးတင်ပြချင်ပါတယ်။
 Dynamo ရဲ့ Working Space ထဲကို အဲဒီ UI.MultipleInputForm ဆိုတဲ့ Node လေးချပြီး သူ့ ရဲ့အပေါ် Casa လေး တင်လိုက်မိရင်ပဲ အထက်ဖော်ပြပါ ပုံအတိုင်း အသုံးပြုပုံ Hints တွေကို မြင်တွေနိုင်ပါတယ်။

ဒီ Node ဟာဆိုရင် Imput (9) မျိုးကို လက်ခံနိုင်ပါတယ်။
၁။ "String" လို့ ခေါ်တဲ့ Text လို key-in လုပ်ရတဲ့ Info တွေ
၂။ "Boolean" လို့ ခေါ်တဲ့ True/ False Option တွေ
၃။ "File Path" ရွေးလို့ ရနိုင်တဲ့ Function တွေ
၎။ "Directory Path" ရွေးလို့ ရနိုင်တဲ့ Function တွေ
၅။ Revit ရဲ့ Model Element တွေကို Select လုပ်လို့ ရတဲ့ Function တွေ
၆။ Revit ရဲ့ Element Face တွေကို Select လုပ်လို့ ရတဲ့ Function တွေ
၇။ Revit ရဲ့ Element Edge တွေကို Select လုပ်လို့ ရတဲ့ Function တွေ

အောက်မှာကျန်နေတဲ့ ၂ ခုကတော့ နောက်ထပ်  Node တွေဖြစ်တဲ့ UI.DropDown Data UI.ListView Data တို့ နဲ့  တွဲဖက်ပြီး ရွေးချင်တဲ့ Info တွေကို DropDown List ကသော်လည်းကောင်း၊ ListView ကသော်လည်းကောင်း ရွေးချယ်လို့ ရတဲ့ Function တွေပဲ ဖြစ်ပါတယ်။

အောက်က Video မှာ "String"နဲ့  "Revit element selection" အသုံးကို တင်ပြဆွေးနွေးထားပါတယ်။


လာမယ့် ပို့ စ်ကျရင်တော့ "File Path"  နဲ့  တခြား အသုံးတွေကို ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
တကယ်လို့ သာ Revit 2018.1 သုံးမယ် ဆိုရင်တော့ "File Path" တို့  "Boolean" တို့ တွေဟာ Dynamo Player ရဲ့ Built-in Function တွေအနေနဲ့  ပါဝင်လာတာမို့  UI အနေနဲ့ သီးသန့် ဖန်တီးပေးဖို့  မလိုအပ်တော့ပါဘူး။ ဒါပေမယ့် တခြား Input တွေအတွက်တော့ UI Node တွေဟာ လိုအပ်နေအုံးမယ် ဆိုတာကိုလည်း သိထားစေချင်ပါတယ်။


No comments:

Post a Comment