Wednesday 22 March 2017
DYN04.11 : အခြေခံ Geometry တည်ဆောက်ခြင်း - အပိုင်း(၁၁)
မင်္ဂလာပါ။
ဒီတခါတော့ List တွေရဲ့ အသုံးပြုပုံတွေကို အကျဉ်းချုံးပြီး တင်ပြဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်။
List.Create မှာ Input အနေနဲ့  List အစုအဖွဲ့ တွေကို တခုထက်အက ကိုယ်ကြိုက်သလောက် ဖန်တီးနိုင်ပါတယ်။
အထက်ဖော်ပြပါ ပုံကို ကြည့်မယ် ဆိုရင် Construction Material စာရင်းတခုကို တွေ့ မြင်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီ အစုအဖွဲ့ တခုစီ ဖြစ်နေတဲ့ Information သူ့ အစုနဲ့ သူ စာရင်းပြုစုနိုင်ဖို့ အတွက် List.Create ကို အသုံးပြုကြရပါမယ်။ List တွေကို (0) ကနေ စတင်ရေတွက်ရတာကိုလည်း သတိပြုမိဖို့ လိုအပ်ပါတယ်။
အခုဆိုရင်တော့ ပထမအဆင့် အနေနဲ့  List တွေကို သူ့ အစုနဲ့ သူ စာရင်းပြုစုပြီးပါပြီ။ သူ စာရင်းပြုစုပုံက Information ရဲ့ Source အလိုက် ဖြစ်နေတာမို့ Information တွေဟာ သူ့ List တခုစီနဲ့ သူ သီးသီးခြားခြားကြီး ဖြစ်နေပါတယ်။ တကယ်တမ်းဖြစ်ချင်တာက
  • 1, Cement, 10, bag
  • 2, Sand, 200, cuft
  • 3, Gravel, 400, cuft
  • 4, Rebar, 550, kg
  • 5, Formwork, 350, sqft
အဲဒီလို ဖြစ်ဖို့ ရာ List ရဲ့ Action အောက်က List.Transpose ကို အသုံးပြုရပါမယ်။
လက်ရှိရထားတဲ့ List ကိုသာ Excel ကို Export လုပ်မယ် ဆိုရင် အောက်ဖော်ပြပါပုံအတိုင်း မြင်တွေ့  ကြရမှာပါ။
ဒီအခြေအနေမှာ သူတို့ အတွက် Header အနေနဲ့  ထည့်ပေးဖို့  လိုအပ်လာမယ် ဆိုရင်တော့ List ရဲ့ Action အောက်က List.AddItemToFront ကို အသုံးပြုရပါမယ်။
ဒါမှလည်း Excel မှာ အောက်ဖော်ပြပါပုံအတိုင်း စနစ်တကျ စာရင်းပြုစုနိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့  လက်ရှိ List ထဲကမှ Rebar နဲ့ ပတ်သက်တဲ့ Information ဖယ်ရှားပစ်ချင်တယ် ဆိုရင်တော့ List ရဲ့ Action အောက်က List.RemoveItemAtIndex ကို အသုံးပြုရပါမယ်။ သူ့ မှာ Input အနေနဲ့  List, Indices ဆိုပြီး ပါဝင်နေပါတယ်။ ကိုယ်ဖယ်ရှားချင်တဲ့  List ရဲ့ Index number ကို Indices နဲ့  ချိတ်ဆက်ပေးလိုက် ရုံပါပဲ။
List ရဲ့ Action အောက်က တခြားသော အသုံးဝင်တဲ့ Node တွေကိုလည်း ကိုယ့်ဖာသာကိုယ် ဆက်လက် လေ့လာကြပါ...လို့ တိုက်တွန်းရင်း အခြေခံ Geometry တည်ဆောက်ခြင်းဆိုတဲ့ ဆွေးနွေးခန်းကို ဒီနေရာမှာ ခဏနားပါရစေ။
(ရှေ့ လာမယ့် Post တွေကျတော့မှပဲ အလျင်းသင့်ရင် သင့်သလို ထူးခြားတဲ့ List ရဲ့ Node တွေ တင်ပြဆွေးနွေးသွားပေးပါ့မယ်။)
လာမယ့်  Post တွေက စလို့  Revit နဲ့  တွဲဖက်အသုံးပြုမယ့် Dynamo ရဲ့ Code တွေအကြောင်းကို ဆက်လက်တင်ပြ ဆွေးနွေးသွားဖို့  ရည်မှန်းထားပါတယ်။
No comments:
Post a Comment