Sunday 19 March 2017

DYN04.10 : အခြေခံ Geometry တည်ဆောက်ခြင်း - အပိုင်း(၁၀)

မင်္ဂလာပါ အပေါင်းအသင်းတို့ ရေ...

ဒီ Post မှာတော့ အခြေခံ 3D Solid တွေကိုဖန်တီးကြတဲ့ နေရာမှာ အသုံးပြုလေ့ရှိကြတဲ့ Extrude, Sweep, Revolve,...စတဲ့ နည်းလမ်းတွေနဲ့  အသုံးပြု တင်ပြဆွေးနွေးသွားဖို့ ရှိပါတယ်။

Library အောက်က Geometry > Solid ဆီကို သွားတဲ့အခါ အောက်ဖော်ပြပါ ပုံအတိုင်း Create အနေနဲ့  Node (၈)ခု၊ Action အနေနဲ့  Node (၉)ခု၊ Query အနေနဲ့  Node (၂)ခု ကို တွေ့ မြင်ကြရမှာပါ။
ဖော်ပြပါ Node တွေထဲကမှ Solid.ByLoft(crossSections) လေးနဲ့  3D Solid တခု ဖန်တီးကြရအောင်။

သူ့ မှာ input အနေနဲ့ က crossSections ဆိုတဲ့ တခုသာ ပါဝင်နေတာကို သတိထားမိကြမှာပါ။ သူ့ ရဲ့ လိုအပ်ချက်ကတော့ Closed Curve (၂)ခုပါပဲ။ အဲ့ဒီအတွက် Circle တခုနဲ့  Ellipse တခုကို အရင်ဖန်တီးကြတာပေါ့။
(အထက်ဖော်ပြပါ ပုံကတော့ Circle တခုနဲ့  Ellipse တခုကို ဖန်တီးတဲ့နေရာမှာ သူတို့ ရဲ့ မူလ Node ရော Code Block ကိုပါ အသုံးပြုပြပေးထားတာပါ။ အသုံးပြုသူအနေနဲ့ က နှစ်သက်ရာကို လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။ မူလ Node တွေကိုပဲ သုံးချင်ရင်တော့ သက်ဆိုင်ရာ input တွေကိုပါ ဖြည့်စွက်ပေးဖို့  လိုအပ်ပါလိမ့်မယ်။)
ကျနော့်အနေနဲ့  Code Block တွေကိုပဲ အသုံးပြုပြီး Run လိုက်တဲ့အခါ အထက်ဖော်ပြပါ ပုံအတိုင်း Circle တခုနဲ့  Ellipse တခုကို ဖန်တီးထားတာကို မြင်တွေ့ ရမှာပါ။

ဒီနေရာမှာ အခက်အခဲတခု ကြုံနေရတာက Solid.ByLoft(crossSections) ရဲ့ input က တခုတည်းရှိနေပြီး တကယ် input လုပ်ရမှာက Circle နဲ့  Ellipse ဆိုတဲ့ input (၂)ခု ဖြစ်နေတာပါပဲ။

အဲ့ဒီအခက်အခဲကို ပြေလည်စေဖို့ အတွက် Dynamo က List.Create ဆိုတဲ့ Node ကို စီစဉ်ပေးထားပါတယ်။ List ဆိုတာ သက်ဆိုင်ရာ Element တွေရဲ့ Information တွေကို အစီအရီ နေရာချပေးတဲ့ အလုပ်ကို လုပ်ဆောင်ပေးပါတယ်။ Dynamo မှာ Code တွေကိုရေးကြတဲ့အခါ မသိမဖြစ်တဲ့ အစိတ်အပိုင်း လို့ လည်း ဆိုနိုင်ပါတယ်။

Library အောက်ကနေ Core > List > List.Create (or) Search Box > List.Create ကိုသုံးပြီး List.Create ဆိုတဲ့ Node ကိုရယူပါမယ်။ ပြီးရင်တော့ အောက်ဖော်ပြပါ ပုံအတိုင်း 3D Solid တခုကို ဖြစ်ပေါ်စေမယ့် Code တခုကို ဖန်တီးပါ့မယ်။
ဒီတခါတော့ Solid.ByLoft(crossSections, guideCurve) ကို အသုံးပြုကြည့်ပါမယ်။ သူ့ မှာ guideCurve ဆိုတဲ့ input တခု ပိုလာတာကြောင့် Closed Curve (၂)ခု အပြင် Path တခုကိုပါ  ဖန်တီးပေးဖို့ လိုအပ် လာပါတယ်။
ဒီ Code အရင်ဆုံး guideCurve အတွက် Nurbs.ByPoints တခုကို ဖန်တီးပါမယ်။ အဲဒီအတွက် လိုအပ်နေတာက Point တွေဖြစ်တာကြောင့် Code Block သုံးပြီး Point (၃)ခုကို အရင် ဖန်တီးပါ့မယ်။ ပြီးရင်တော့ အောက်က ပုံအတိုင်း guideCurve တခုဖန်တီးပါ့မယ်။

ဒုတိယ အဆင့်အနေနဲ့  crossSections အတွက် Closed Curve (၂)ခုကို ဖန်တီးရပါ့မယ်။ ဒီနေရာမှာ Closed Curve (၁)ခု ကို guideCurve ရဲ့ အစ Point မှာ ထားပြီး နောက် Closed Curve (၁)ခု ကို guideCurve ရဲ့ အဆုံး Point မှာ ထားချင်ပါတယ်။ ဒါတင်မကပဲ Closed Curve (၂)ခုဟာ guideCurve နဲ့  Perpendicular လည်းကျနေဖို့  လိုအပ်ပါမယ်။
အဲ့ဒီအတွက် Library အောက်ကနေ Geometry > Curve (Action) > PlaneAtParameter ကို အသုံးပြုပါ့မယ်။ သူ့ မှာ input အနေနဲ့  curve, param တို့ ပါဝင်နေပါမယ်။
curve အတွက်ကတော့ အထက်ဖော်ပြပါ ပုံအတိုင်း ချိတ်ဆက်ပေးလိုက်ရုံပါပဲ။ param အတွက်ကျတော့ {0,1}; လို့ ရိုက်ထည့်ပေးရပါမယ်။ ဆိုလိုတာက Plane တခုကို အစမှာ ဖန်တီးပြီး နောက် Plane တခုကိုတော့ အဆုံးမှာ ဖန်တီးမယ် ဆိုတဲ့ သဘောပါပဲ။
(တကယ်လို့  guideCurve ရဲ့ 1/4 မှာ Plane တခု၊ 3/4 မှာ Plane တခု ထပ်ထည့်ချင်တယ်ဆိုရင်တော့ {0,0.25,0.75,1}; လို့  ရိုက်ထည့်ပေးလိုက်ရုံပါပဲ။)
အခုဆိုရင် Plane (၂)ခု ရပြီမို့  Plane တခု မှာ Closed Curve တခုစီ ဖန်တီးဖို့  လိုအပ်လာပါပြီ။
ဆိုတော့ကာ...Library အောက်ကနေ
- Geometry > Circle > ByPlaneRadius
- Geometry > Ellipse > ByPlaneRadii ... နဲ့ Circle တခု Ellipse တခုကို ဖန်တီးပါမယ်။
အခုအတိုင်း ဆိုရင်တော့ Circle တခု နဲ့  Ellipse တခုဟာ Plane (၂)ခုစလုံး အပေါ်မှာ ဖန်တီးပြီးနေတာကို တွေ့ မြင်ကြရမှာပါ။ လိုချင်တာက Plane တခုမှာ Closed Curve တမျိုးစီသာ သီးခြားစီ ဖန်တီးချင်တာပါ။ ဒါကြောင့်ပဲ List.RemoveItemIdex ဆိုတဲ့ Node ကိုအသုံးပြုပြီး ကိုယ်မလိုချင်တဲ့ List ကို ဖယ်ရှားမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ List တွေစီစဉ်ပုံကို အနည်းငယ် တင်ပြဆွေးနွေးချင်ပါတယ်။
အခုလို Library ကနေ Search Box > Watch လို့ ရိုက်ထည့်ပြီး ရလာတဲ့ Watch (Node) ကို ချိတ်ဆက်ပြီး Run တဲ့အခါ အထက်ဖော်ပြပါပုံအတိုင်း List စီစဉ်ပုံကို Watch မှာတွေ့ မြင်နိုင်ပါမယ်။ List တွေကို စီတဲ့အခါ (0) ကနေ စပြီး ရေတွက်လေ့ရှိတာကို သတိထားမိဖို့ လိုပါမယ်။ ဒါမှ ကိုယ်ဖယ်ရှားချင်တဲ့ List ကို အတိအကျ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
ကဲ... List.RemoveItemIdex ကိုစပြီး အသုံးပြုပါတော့မယ်။
အပေါ်က ဖော်ပြထားတဲ့ ပုံကို လေ့လာရင်း List.RemoveItemIdex ရဲ့သဘောကို နားလည်နိုင်မယ်လို့  မျှော်လင့်ပါတယ်။
အခုဆိုရင် Plane တခုစီ ခွဲထားခဲ့ပြီမို့  Closed Curve တွေကို ကိုယ်နှစ်သက်ရာ Plane ပေါ်မှာ ဖန်တီးနိုင်ကြပါပြီ။
ကဲ... အခုဆိုရင် Closed Curve (၂) ခု နဲ့  guideCurve (၁)ခုဟာ အဆင်သင့် ဖြစ်နေပြီမို့ ကျနော်တို့ လိုချင်တဲ့ Solid.ByLoft(crossSections, guideCurve) နဲ့ အတူ 3D Solid တခုကို အောက်ဖော်ပြပါ ပုံအတိုင်း ဖန်တီးနိုင်ပါပြီ။
အခြေအနေက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘဲ Closed Curve (၂) ခုကြား ဆက်သွယ်မှုတခု လစ်ဟနေပြန်ပါတယ်။ အဲ့ဒီအတွက် PolyCurve.ByJoinedCurve ဆိုတဲ့ Node ကိုသုံးပြီး Closed Curve (၂)ခု ကိုဆက်စပ်ပေးလိုက်တဲ့ အခါကျတော့မှပဲ လိုချင်တဲ့ 3D Solid တခုကို အောက်ဖော်ပြပါ ပုံအတိုင်း ဖန်တီးနိုင်ပါတော့တယ်။
ဒီ Post ဟာ အတော်လေး ရှည်သလို လိုအပ်ချက်တွေနဲ့  အသုံးပြုရတဲ့ Node တွေကလည်း အခြေခံကို လေ့လာနေသူအတွက် နဲနဲတော့ စိတ်ရှုပ်ထွေးစေမှာ အမှန်ပါပဲ။
ဒါပေမယ့် Programming ရဲ့သဘောကိုက ကိုယ်လိုချင်တဲ့ ရလဒ်တခုကနေ အခြေတည်လို့  ထပ်ဆင့်လိုအပ်ချက်တွေကို ဖြည့်စွက်ရင်း Code တွေရေးသားကြရတာပါပဲ။

ကျန်နေသေးတဲ့ Extrude နဲ့  Revolve အသုံးတွေကိုလည်း ကိုယ့်ဖာသာ ကြိုးစားပြီး ဖန်တီးကြည့်ကြဖို့  တိုက်တွန်းလိုက်ပါရစေ။

လာမယ့် Post ကျရင်တော့ List တွေ အလုပ်လုပ်ပုံတွေကို အကျဉ်းချုံးပြီး တင်ပြဆွေးနွေးသွားဖို့  စီစဉ်ထားပါတယ်။

No comments:

Post a Comment