Saturday 18 February 2017

DYN01 : Dynamo ဘာလဲ ဘယ်လဲ နိဒါန်း

Dynamo ဆိုတာ ဘာလဲ...
ကျနော်လည်း စိတ်ဝင်စားလာမိတယ်။ ဒါနဲ့ပဲ ဥာဏ်မီသလောက်ခေါင်းလေးနဲ့ တီးခေါက်မိကြည့်တယ် ဆိုပါတော့။
Dynamo ဆိုတာ Virtual Programming Language တမျိုး။
ပြီးတော့ Open Source... ပြောရရင် FOC
တခြား Programming Language တွေလောက်မခက်ဘူး။
Revit ရဲ့ Add-in အနေနဲ့ ရပ်တည်နေတယ်။
Excel ရဲ့ Macro လို၊ Auto CAD ရဲ့ LISP လိုမျိုး။
သူ့ရဲ့လွယ်ကူတဲ့အချက်က ကိုယ်ဖန်တီးချင်တဲ့ ရလဒ်တခု...ဒါမှမဟုတ် တခုထက်ပိုတဲ့ ရလဒ်တွေအတွက် available ဖြစ်နေတဲ့ Code တွေကို ချိတ်ဆက်ပေးရတာ။
ဘာကြောင့် Dynamo ကို အသုံးပြုသင့်သလဲ
၁) Productivity ကို မြှင့်တင်ဖို့
၂) Software တွေရဲ့ Limitation တွေကို ကျော်လွှားနိုင်ဖို့
Productivity ကို မြှင့်တင်ဖို့ ဆိုတဲ့နေရာမှာ အရင်ဆုံး နေ့ဓဒူဝ လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ ပြန်လည်သုံးသတ်သင့်တယ်။
ဘယ်အချက်တွေကို သုံးသတ်သင့်သလဲ ဆိုတော့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ
- ဘယ် step တွေကို ထပ်ခါတလဲလဲ လုပ်နေရလဲ
- ဘယ် step တွေဟာ အချိန်ကို waste ဖြစ်စေသလဲ
- ဘယ် step တွေကို ဖယ်လိုက်လို့ ရသလဲ
- ဘယ်လို process အသစ်တွေ၊technique တွေကို သုံးရင် ပိုပြီး Productivity ကို မြှင့်တင်နိုင်မလဲ
...စသည်အားဖြင့်ပေါ့။
Dynamo နဲ့ Productivity ကို ဘယ်လိုမြှင့်တင်နိုင်မလဲ
အရိုးရှင်းဆုံး ဥပမာတခု ပြရမယ် ဆိုရင်...
Structural Modeler တယောက်အနေနဲ့ Project အသစ်တခု စတင်ဖို့ရာ အရင်ဆုံး
- Archi Model ကို ချိတ်ရပါမယ်။
- Copy/ Monitor သုံးပြီး Grid နဲ့ Level တွေကို ဖန်တီးရပါမယ်။
- Structural Plan View တွေ ဖန်တီးရပါမယ်။
ဒါက ပထမ အဆင့်အနေနဲ့ Project အသစ်တိုင်းမှာ လုပ်ဆောင်ရမှာပါ။ တချို့ Project တွေက သေးပေမယ့် တချို့ Project တွေကတော့ ကြီးကောင်းကြီးနေပါ့မယ်။
တကယ်လို့များသာ အဲ့ဒီအထက်ကဖေါ်ပြထားတဲ့ process ထဲက ဒုတိယ နဲ့ တတိယ step တွေကို click တချက်ထဲနဲ့ ပြီးစီးမယ် ဆိုရင်...ကျနော်တို့ အချိန်တွေ ဘယ်လောက်များ သက်သာသွားမလဲ။
အဲ့ဒီ One Click Process ကို Dynamo ကဖန်တီးပေးနိုင်တယ် ဆိုတာပါပဲ။
ဒါကတော့ Productivity အပိုင်းအတွက် ဥပမာပေါ့။
နောက်တခုက Software ရဲ့ Limitation တွေကို ဘယ်လိုကျော်လွှားကြမလဲ ဆိုတာပေါ့။
သမုဒ္ဒရာ၌ပင် အနားသတ်ကမ်းစပ်ရှိသည်...တဲ့
Sky's the limit တဲ့
အဲ့လိုပဲ အရာရာမှာ Limit ဆိုတာက ရှိကြစမြဲပါပဲ။
ဒါပေမယ့် တချို့တချို့သော ရလဒ်တွေဟာ သမရိုးကျ နည်းတွေနဲ့ မရနိုင်ဘူး။ အဲ့ဒီ Limition တွေကနေ ဖောက်ထွက်နိုင်မှ ရနိုင်တယ်။ (အကြီးကြီးတွေ လျှောက်မတွေးကြနဲ့နော်...Revit အကြောင်းပဲ ပြောမှာ 😉)
ဥပမာ Room တခုရဲ့ Number ကို Room ထဲမှာ ရှိနေတဲ့ Element ရဲ့ Tag မှာ reflect ဖြစ်နေချင်တယ် ဆိုပါတော့။
Revit မှာ ဆိုရင် Category အလိုက် Tag တွေရဲ့ Parameter တွေက ကွဲလွဲနေတာ။ Shared Parameter ဆိုတာကလည်း Category တွေ match ဖြစ်နေမှသာ တခုနဲ့ တခု share လို့ရတာ။
အဲ့ဒါကိုက Revit Software ရဲ့ Limitation ဖြစ်နေတယ်။ ကိုယ်ကလည်း အဲ့ Room တွေထဲက Element တွေကို
- အဲ့ Room ရဲ့ Parameter တခုခုနဲ့ ချိတ်ဆက်ချင်ပြီ
- အဲ့ Room ရဲ့ Parameter ပြောင်းတာနဲ့ အထဲက Element တွေရဲ့ Parameter တွေ Automatic ပြောင်းစေချင်ပြီ... ဆိုရင်တော့
...
...
...
Dynamo ကိုသာ ဖုန်းဆက်လိုက်ပါ...လို့...

No comments:

Post a Comment