Saturday 18 February 2017
DYN02 : Dynamo ၏ အခြေခံသဘောတရားများ
Dynamo ဆိုတာ Virtual Programming Language တခုပါ။ Dynamo ရဲ့ Code တခု ဖြစ်တည်လာဖို့ အတွက် လိုအပ်တဲ့ အချက်အလက်တွေကို Node တွေ Wire တွေနဲ့  ဖန်တီးကြရပါတယ်။
Node ဆိုတာတွေက ကိုယ် ဖန်တီးချင်တဲ့ Code တခုအတွက် လိုအပ်နေတဲ့ Information တွေ Resource တွေလို့ အကြမ်းဖျင်း နားလည်ထားနိုင်ပါတယ်။ အဲဒီ Node တွေကို Library ထဲကနေ ရယူနိုင်ပါတယ်။
Node တခုကနေ တခြား Node တခုကို Wire တွေနဲ့  ဆက်သွယ်ပြီး ကိုယ်လိုချင်တဲ့ Code ကိုဖန်တီးကြရတာ Dynamo ရဲ့ အခြေခံ သဘောသဘာဝ တခုပါပဲ။
Default အားဖြင့် ပေးထားတဲ့ Node တွေကို Library ထဲမှာ အောက်ဖော်ပြပါ အတိုင်း အစီအစဉ်တကျ တွေ့ မြင်နိုင်ပါတယ်။
  • Analyze
  • Builtin
  • Core
  • Display
  • Geometry
  • Office
  • Operators
  • Revit (Launch from Revit Software)
Node တွေအားလုံးကို အလွတ်ကျက်ထားစရာ မလိုပါဘူး။  Code တွေရေးရင်းနဲ့ ပဲ သုံးနေကျ Node တွေကို အလိုလို မှတ်မိလာပါလိမ့်မယ်။ Code အမျိုးအစား များများ ရေးမိလေ Node အတော်များများကို မှတ်မိလာလေလေပါပဲ။
Dynamo ဟာ Open Source ဖြစ်တဲ့အလျောက် Default အားဖြင့် ပေးထားတဲ့ Node တွေအပြင် Developer တွေကဖန်တီးထားကြတဲ့ ပိုမိုလွယ်ကူပြီး ပိုမိုအဆင့်မြင့်တဲ့ Node Package တွေကိုလည်း လိုအပ်သလို ထပ်ဆင့် Install လုပ်ပြီး အသုံးပြူနိုင်ပါသေးတယ်။ ဒါ့အပြင် ကိုယ်ကိုယ်တိုင်က Programming တွေ Script တွေဖက်မှာ စိတ်ဝင်စားသူ၊ လိုက်စားသူဖြစ်နေခဲ့ မယ်ဆိုရင်တော့ ပိုမိုလွယ်ကူပြီး ပိုမိုအဆင့်မြင့်တဲ့ Node တွေကို ကိုယ်တိုင် ဖန်တီးနိုင်မှာဖြစ်ပါတယ်။
www.dynamobim.org ကနေ အဓိက Product ၂ ခုအဖြစ် Dynamo နဲ့  Dynamo Studio ဆိုပြီး ထုတ်ပါတယ်။
Dynamo ကို အခြေခံအနေနဲ့  လေ့ကျင့်ဖို့ ရယ်၊ ပြီးတော့ Revit Software ရဲ့ Add-in အနေနဲ့  ထုတ်ပါတယ်။ ပြီးတော့ Open Source အနေနဲ့  Free သုံးနိုင်ပါတယ်။
Dynamo Studio ကတော့ ပိုပြီးအဆင့်မြင့်၊ ပိုပြီးရှုပ်ထွေးတဲ့ Node တွေနဲ့ ဖွဲ့ စည်းထားပြီး Autodesk ရဲ့ တခြား Software တွေနဲ့ ပါ ချိတ်ဆက်အသုံးပြုနိုင်ပါမယ်။ စမ်းသပ်ချင်သူတွေအတွက်တော့ Autodesk Student Version အနေနဲ့  Free စမ်းသပ်နိုင်ကြပါတယ်။
လာမယ့် Post မှာတော့ အခြေခံ List တွေဖန်တီးပုံ၊ စီစဉ်အသုံးချပုံတွေကို ဥာဏ်မှီသလောက်လေးနဲ့  တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
1 comment: