Saturday 18 February 2017

DYN03 : Dynamo ၏ User Interface ကိုလေ့လာခြင်း

ဒီ Post မှာတော့ Dynamo ရဲ့ User Interface ကို ဆွေးနွေးတင်ပြချင်ပါတယ်။ အခြေခံ လေ့ကျင့်ခန်း ဖြစ်တဲ့အတွက် Revit Software ကိုအသုံးပြုစရာမလိုပဲ Dynamo ကို တိုက်ရိုက် တန်းဖွင့်နိုင်ပါတယ်။
(Revit 2017 ကစလို့  Dynamo ဟာ Revit ရဲ့ Tool တခုအနေနဲ့  Ribbon> Manage< Virtual Programming အောက်မှာ တခါတည်း ပါဝင်နေမှာဖြစ်ပါတယ်။ Default အားဖြင့် Dynamo 0.9.1 ကိုတွေ့ ရမှာဖြစ်ပြီး Updated Version ကိုတော့ www.dynamobim.org ကနေ ဒေါင်းယူနိုင်ပါတယ်။)

ကိုယ့်စက်ထဲမှာ  Dynamo ရှိနေပြီး ဆိုရင်တော့ Desktop ရဲ့ Shortcut ကဖြစ်စေ၊ Search ကနေ Key-in ရိုက်ပြီးဖြစ်စေ Application ကို Launch  လုပ်နိုင်ပါတယ်။

Dynamo ပွင့်လာတဲ့အခါ သူ့ ရဲ့ User Interface ကို အောက်ဖော်ပြပါ ပုံအတိုင်း တွေ့ မြင်ရပါမယ်။
User Interface
အပေါ်ဆုံးအတန်းကတော့ Application Bar သက်သက်ပါပဲ။

ဒုတိယ အတန်းကတော့ Menu Bar ဖြစ်ပါတယ်။ သူ့ မှာတော့ အောက်ပါ Menu များပဲ ဖြစ်ပါတယ်။
  • File
  • Edit
  • View
  • Packages
  • Settings
  • Help
Menu တခုခြင်းစီကိုတော့ လေ့ကျင့်ခန်းလုပ်ရင်းက ပိုပြီး အကျွမ်းတ၀င်ရှိလာမှာမို့  အကျယ်မရှင်းပြလိုတော့ပါ။

တတိယ အတန်းကတော့ Tool Bar ပါ။ File New, Open, Save, Undo, Redo တို့ ကို Tool အနေနဲ့  မြင်တွေ့  နေရတာပါ။

တတိယ အတန်းရဲ့ အောက် ၀ဲဖက်မှာတော့ Library Panel ရှိနေပါမယ်။
ပြီးရင်တော့ ညာဖက် Space တခုလုံးဟာ Working Space ပဲ ဖြစ်ပါတယ်။ အဲဒီ Working Space ထဲမှာ ကိုယ်ဖန်တီးချင်တဲ့ Code တွေကို လွတ်လပ်စွာ ဖန်တီးနိုင်ပါမယ်။ ဒီ Working Space ဟာဆိုရင် ကိုယ်ဖန်တီးမယ့် Code တွေအပြင် အဲ့ဒီ Code တွေကြောင့် ဖြစ်ပေါ်လာမယ့် Geometry တွေကိုပါ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ဒီ Working Space ထဲမှာအလုပ်လုပ်ကြတဲ့အခါ လိုအပ်သလို Zoom in/ out, Pan တွေကို အသုံးပြုရင် ကိုယ့်ရဲ့ Node တွေကို Navigate လုပ်နိုင်ပါမယ်။ Zoom in/ out ကို Mouse ရဲ့ Middle Score Buttom ကို လှိမ့်ရင်း ပြုလုပ်နိုင်သလို Pan ကိုတော့ Mouse ရဲ့ Middle Score Buttom ကို Press and Drag လုပ်ရင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
နောက်တခုအနနဲ့ က ဒီ Working Space ဟာ တခုတည်း ဆိုပေမယ့် Code တွေနဲ့  Geometry တွေကို သီးဖြားစီ Navigate လုပ်နိုင်ဖို့ အတွက် Buttom ၂ ခုကို ဖန်တီးပေးထားပါတယ်။ တခုကို On ထားရင် ကျန်တခုက Off  ဖြစ်နေပါလိမ့်မယ်။ Shortcut အားဖြင့်တော့ Ctrl+B ကို Toggle အနေနဲ့  အသုံးပြုရင်း ကိုယ် Navigate လုပ်ချင်တဲ့ Work Space ကို ရွေးခြယ်နိုင်ပါမယ်။

နောက်ဆုံးအနေနဲ့  ညာဖက် အောက်ဒေါင့်မှာ Automatic ဆိုတာပါပဲ။ သူ့ အတိုင်းထားမယ်ဆိုရင် ကိုယ်ဖန်တီးနေတဲ့ Code ပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြစ်စေ Application က အလိုလျောက် Run နေမှာပါ။ အကောင်းတုံးကတော့ သူ့ ဘေးက Pull-down Menu ကနေ Manual ကို ပြောင်းထားဖို့  တိုက်တွန်းပါရစေ။ ဒါမှ ကိုယ်အဆင်သင့် ဖြစ်တဲ့ အခါမှ ကိုယ်သဘောကျ Run နိုင်မှာ ဖြစ်ပါတယ်။

Dynamo ရဲ့ User Interface အကြောင်းကိုတော့ ဒီလောက်နဲ့ ပဲရပ်နားပါရစေ။ လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါကျတော့မှ ပိုပြီးအသေးစိတ် တင်ပြဆွေးနွေးပေးသွားပါ့မယ်။

လာမယ့် Post မှာတော့ အခြေခံ Code တွေဖန်တီးပုံကို ဆက်လက်တင်ပြဆွေးနွေးသွား မှာဖြစ်ပါတယ်။

No comments:

Post a Comment