Saturday 4 March 2017
DYN04.01 : အခြေခံ Geometry တည်ဆောက်ခြင်း - အပိုင်း(၁)
ဒီ Post ကနေစပြီးတော့ အခြေခံ Geometry တွေဖြစ်ကြတဲ့ Points, Lines, Circles,... စတာတွေကို Dynamo မှာ ဘယ်လိုဖန်တီးကြမလဲ ဆိုတာလေးကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ဒီ လေ့ကျင့်ခန်းတွေပြုလုပ်ဖို့ အတွက် Dynamo ကို တိုက်ရိုက် Launch လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ ဆိုလိုတာက Revit ရဲ့ Add-in အနေနဲ့  အသုံးပြုစရာ မလိုအပ်သေးလို့ ပါပဲ။
Dynamo ပွင့်လာတဲ့ အခါ New ကို နှိပ်ပြီး Code အသစ်တခုကို ဖွင့်ပါမယ်။ ပြီးရင် သင့်တော်တဲ့ နေရာတခုမှာ သင့်တော်တဲ့ Name တခုပေးပြီး Save ထားလိုက်ပါ။
(သတိထားရမယ့် အချက်တခုကတော့ Automatic Run ကို Manual Run အဖြစ် ပြောင်းထားဖို့ ပါပဲ။ မဟုတ်ရင် Node တခုထည့်တိုင်း တခါ Run နေပါလိမ့်မယ်။
ပြီးရင်တော့ ပထမဆုံးအနေနဲ့  Point တခုဖန်တီးကြရအောင်။
(Geometry တခုကို ဖန်တီးဖို့ ရာ အသုံးပြုရမယ့် Node တွေကို တခုထက်ပိုပြီးတွေ့ ရပါမယ်။ အဲ့ဒီအထဲကမှ ကိုယ်ဖန်တီးမယ့် Geometry အတွက် အသုံးတဲ့မယ့် Node ကို ရွေးခြယ်ဖို့  လိုအပ်ပါမယ်။ နောက်တခုအနေနဲ့  သတိထားမိမှာက တချို့  Node တွေဟာ Create လုပ်ဖို့  ဖြစ်သလို၊ တချို့  Node တွေဟာ Action လုပ်ဖို့  ဒါမှမဟုတ် Query လုပ်ဖို့ ဆိုတာပါပဲ။ ဘယ်အချိန်မှာ Create လုပ်မယ်၊ ဘယ်အချိန်မှာ Action လုပ်မယ်၊ ဘယ်အချိန်မှာ Query လုပ်မယ် ဆိုတာကတော့  Code တွေရေးရင်းနဲ့  တဖြည်းဖြည်း ရင်းနှီးလာမှာပါ။)
Node တွေကို သူ့ ရဲ့ Hierarchy အတိုင်း အဆင့်ဆင့် သွားပြီးဖြစ်စေ၊ Search Box ကနေ ကိုယ်ရှာချင်တဲ့ Node ကို ရိုက်ထည့်ပြီးဖြစ်စေ ရှာယူဖန်တီးနိုင်ပါတယ်။
> Geometry> Point> ByCoordinates (x,y,z) (or) Search Box> Point> ByCoordinates
>  Core> Input> Number (or) Search Box> Number
> ပြီးရင် အောက်ပါပုံအတိုင်း Number နဲ့  ByCoordinates ကို ဆက်ပြီး Run ကြည့်ပါ။
တကယ်လို့  (x,y,z) ရဲ့ Value ကို သီးခြားစီ ပေးချင်တယ် ဆိုရင်တော့ နောက်ထပ် Number Node (၂) ခုကို ဖန်တီးပြီး ကိုယ်နှစ်သက်ရာ တန်ဖိုးတွေ ရိုက်ထည့်ပြီး ကိုယ်ဆက်ချင်တဲ့ x,y,z တွေနဲ့ ချိတ်ဆက်ပြီး Run ကြည့်နိုင်ပါတယ်။
( ဖန်တီးထားပြီးသား Node တခုကို ထပ်လိုချင်တယ် ဆိုရင် ပုံမှန်အတိုင်း Library က သွားရှာလို့ ဖြစ်စေ၊ Working Space မှာ ရှိနေပြီးသား Node ကို Select> Ctrl+C သုံးပြီး Copy လုပ်၊ ပြီးရင် Ctrl+V နဲ့  ကိုယ် လိုသလောက် Paste လုပ်နိုင်ပါတယ်။)
(Ctrl+B ကိုသုံးပြီး Code Space နဲ့  Geometry 3D Space ကို ကူးပြောင်းပြီးလည်း ကိုယ်ဖန်တီးထားတဲ့ Code နဲ့ Geometry ကို တလှည့်စီ Navigate လုပ်နိုင်ပါတယ်။)
အခုဆိုရင် အခြေခံအားဖြင့်  Point တခု ဖန်တီးပုံကိုတော့ တီးမိခေါက်မိလောက်ပြီလို့ ယူဆနိုင်ပါပြီ။ လာမယ့် Post မှာတော့ Sequence နဲ့  Range အကြောင်းကို ဆက်လက်တင်ပြဆွေးနွေးသွားပါမယ်။
1 comment: