Sunday 10 April 2016

NW00 : Navisworks Overview

မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ...

အခုတလော အပေါင်းအသင်း မိတ်ဆွေတွေ သိချင်နေကြမယ်လို့  ယူဆတဲ့ Autodesk ရဲ့ Navisworks အကြောင်းလေး မိတ်ဆက်အနေနဲ့  တင်ပြပါရစေ။

Navisworks ရဲ့ သမိုင်းအကျဉ်း
Navisworks ဟိုးအစောပိုင်း ၂၀၀၉ မတိုင်ခင်လောက်က Jetstream လို့ လူသိများခဲ့ပါတယ်။ Navisworks လို့အမည်ရတဲ့ Developer ကဖန်တီးခဲ့တာပါ။ ၂၀၀၉ ခုနှစ်လောက်မှာမှ Autodesk က $25 million နဲ့  ၀ယ်ယူခဲ့ပြီး Autodesk Navisworks 2009 ကို ထုတ်ခဲ့တာပါ။ အခုဆိုရင်တော့ Autodesk Navisworks 2017 တောင် လာမယ့် လအနည်းငယ်အတွင်းမှာ ထွက်လာတော့မှာပါ။

အသေးစိတ်ကိုတော့ https://en.wikipedia.org/wiki/Navisworks ကနေ လေ့လာနိုင်ပါတယ်။

Navisworks အမျိုးအစားများ
Autodesk ကနေ Navisworks ကို အမျိုးအစား (၃) မျိုးအနေနဲ့  ထုတ်လုပ်ပါတယ်။
  • Navisworks Freedom
  • Navisworks Simulate
  • Navisworks Manage ...တို့ပဲ ဖြစ်ပါတယ်။
Navisworks File Format အမျိုးအစားများ 
File Format အမျိုးအစား အနေနဲ့  ဆိုရင် (၃) မျိုး မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
  • NWC - Navisworks Cache File Format
  • NWF - Navisworks Project File Format
  • NWD - Navisworks Design Review File Format ...လို့ ဆိုနိုင်ပါတယ်။
Navisworks Freedom ၏ လုပ်ဆောင်ချက်များ
Navisworks Freedom ဟာ Free ပေးထားတာ ဖြစ်လို့ Design Review လုပ်ရုံသက်သက်အတွက်ပဲ အသုံးဝင်ပါမယ်။ NWD နဲ့  DWF file format (၂) မျိုးကိုသာ အသုံးပြုနိုင်ပါတယ်။

Autodesk Design Review တို့ Autodesk True Viewer တို့ထက် သာတဲ့ အချက်ကတော့ Size အရွယ်အစားကြီးတဲ့ NWD နဲ့  DWF file တွေကို အလွယ်တကူ ဖွင့်နိုင်၊ Review လုပ်နိုင်တာပါပဲ။
Design Model တွေကို Measure လုပ်တာ၊ Section ဖြတ်ကြည့်တာတွေ လုပ်နိုင်ပါတယ်။
တကယ်လို့ NWD file မှာ Animation တို့ Walk Through တို့ ပါလာခဲ့ရင် သူတို့ကို Run ကြည့်နိုင်ပါတယ်။ NWD file မှာ ပါလာတဲ့ Viewpoint တွေ၊ Comments တွေကို Review လုပ်နိုင်ပါတယ်။

Navisworks Manage နဲ့  Simulate ၏ လုပ်ဆောင်ချက်များ
Navisworks Manage နဲ့  Simulate တို့ရဲ့ လုပ်ဆောင်ချက်တွေကိုတော့ အောက်က ပုံမှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ Navisworks Simulate မှာ Clash Detection မလုပ်နိုင်တာ တခုပဲ Navisworks Manage နဲ့  ကွာခြားတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။


 BIM လောကထဲမှာ Authoring Tool နဲ့  Analysis Tool ရယ်လို့ ရှိတဲ့အထဲမှာ Navisworks Manage/Simulate Software ကို Analysis Tool တွေလို့  ဆိုရမှာပါ။ သူတို့ Platform ပေါ်မှာ Authoring လို့ခေါ်တဲ့ Modeling Process ကို ဆောင်ရွက်လို့ မရနိုင်လို့ပါပဲ။

သူတို့တွေဟာ Authoring Tool တွေက ဖန်တီးပေးလိုက်တဲ့ Model တွေကို အသုံးပြုပြီး လုပ်ငန်းအတွက် လိုအပ်တဲ့ Analysis Process တွေကိုပဲ အဓိကဆောင်ရွက်ပေးနိုင်ကြပါတယ်။

Navisworks ရဲ့ ထူးခြားချက်က Software Platform မျိုးစုံက File Format မျိုးစုံကို လက်ခံနျိုင်တာကိုပါပဲ။ သူလက်ခံနိုင်တဲ့ File Format တွေကို http://download.autodesk.com/us/support/files/navisworks_supported_formats_applications/Navisworks_2016_Supported_Formats_and_Applications.pdf ကနေ လေ့လာနိုင်ပါတယ်။

အချုပ်အားဖြင့်တော့ ဒီ Navisworks Software တွေဟာ ကျွန်တော်တို့ရဲ့ Building Design နဲ့ Construction Process ကြီးတခုလုံးကို ဟန်ချက်ညီညီ အမှားအယွင်းအနဲဆုံး ဆောင်ရွက်နိုင်ဖို့ အတွက် တထောင့်တနေရာကနေ အားဖြည့်ပါဝင်နေတယ် ဆိုတာကတော့ အသေအချာဖြစ်ပါတယ်။

ဆိုတော့ကာ...

ရှေ့ လာမယ့် Post မှာတော့ Navisworks Freedom လက်တွေ့အသုံးပြုပုံကို တင်ပြဆွေးနွေးသွားပါမယ် ဆိုတာကြော်ငြာရင်း....

 

No comments:

Post a Comment