Sunday 10 April 2016

Welcome to My CAD-BIM CAFE

မင်္ဂလာပါ...

My CAD-BIM CAFE မှ နွေးထွေးစွာ ကြိုဆိုပါတယ်။

ဒီ Blog ကို ဟိုးလွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်လောက်က စတင်ခဲ့တာပါ။ BIM ဆိုတာကို နားစွန်နားဖျား ကြားခဲ့တဲ့ အချိန်က ဆိုတော့ ကိုယ်ထင်တာတွေကို ချရေးခဲ့ရင်း ဒီ Blog လေးပေါ်ပေါက်လာခဲ့တာပါ။ အချိန်တွေ ရွှေ့ လျားလာတာနဲ့  အမျှ နည်းပညာတွေကလည်း အံ့မခန်း တိုးတက်လာကြတာ အားလုံးလည်း ခံစားမိမှာပါ။

ပြီးတော့ သင်ထောက်ကူ Resources တွေကလည်း နေရာအတော်များများကနေ အလွယ်တကူ ရရှိနိုင်နေပြီလေ။ IT ခေတ်ရဲ့ ထူးခြားတဲ့ အကျိုးပြု ၀ိသေသ တွေပါပဲ။ အသိပညာရှင် အတတ်ပညာရှင်တွေကလည်း မိမိသိရှိထားတဲ့ ပညာရပ်တွေကို အားတက်သရော မျှဝေနေကြတာကလည်း တကယ့်ကို အားကျစရာပါပဲ။

အဲဒီလို ပညာရှင်တွေနဲ့  နှိုင်းယှဉ်မိပြန်တော့ ကိုယ်သိထား တတ်ထားသမျှ ဆိုတာတွေက သောင်ပြင်ထက်က သဲတစ်ပွင့်သာသာလောက် ဖြစ်သွားရော။ သို့ပေမယ့် ကိုယ်သိထား သင်ထားတဲ့ အဲဒီ သဲတစ်ပွင့်သာသာလောက် ဗဟုသုတလေးတွေကိုပဲ သိချင် တတ်ချင်သူများအတွက် ရည်ရွယ်ရင်း အသက်ကင်းမဲ့လုလု ဒီ Blog လေးကို ပြန်လည် အသက်သွင်းလိုက်ခြင်း ဖြစ်ပါတယ်။

ဒီ Blog မှာ အဓိကအနေနဲ့  ကျွန်တော် ကျင်လည်ဖြတ်သန်းခဲ့တဲ့၊ ဖြတ်သန်းနေတဲ့ လုပ်ငန်းအတွေ့ အကြုံတွေ၊ အသုံးပြုနေတဲ့ Software တွေအကြောင်းကို အလျင်းသင့်သလို တင်ပြသွားဖို့ စီစဉ်ထားပါတယ်။ အရင်ကတော့ Facebook Page မှာ တင်လေ့ရှိပေမယ့် အစီအစဉ်တကျ လုပ်ဖို့  ခက်ခဲ့တဲ့အတွက် ဒီ Blog လေးမှာပဲ ပြန်လည်တင်ပြပေးသွားဖို့  ရည်ရွယ်ထားပါတယ်။

ဒီ My CAD-BIM CAFE မှာ အလည်အပတ် လာရောက် ကြမယ့်သူများ၊ ကွန်မန့် ရေးပြီး အကြံပြု ဆွေးနွေးမှုများအတွက် အထူးပဲ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါတယ်။

သက်လင်း



No comments:

Post a Comment