Sunday 17 April 2016

RVT08A : Revit ရဲ့ Stair တွေအကြောင်း အပိုင်း(၁)

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ...

ဒီတခါတော့ Revit ရဲ့ Stair တွေအကြောင်း ကို ဥာဏ်မီသလောက်လေး တင်ပြဆွေးနွေးလိုက်ပါတယ်။

Revit 2013(လို့ထင်တယ်) လောက်က စ လို့ Revit မှာ Stair ကို Method (၂)မျိုးနဲ့  ဖန်တီးနိုင်ကြပါတယ်။
  • Stair by sketch
  • Stair by Component ... ရယ် ဆိုပြီးတော့ပေါ့။
ပထမ အနေနဲ့  Stair by Sketch ကို အသုံးပြုပြီး Stair တခုကို အခြေခံအားဖြင့် ဘယ်လိုတည်ဆောက်လဲ ဆိုတာကို တင်ပြဆွေးနွေးထားပါတယ်။
Stair တခုမှာ အဓိကအားဖြင့်
၁။ Run
၂။ Boundary
၃။ Riser
ဆိုတဲ့ အခြေခံ အစိတ်အပိုင်း ၃ ခု ပါဝင်တာကို တွေ့ ရမှာပါ။

အဲဒီ ၃ ခုထဲကမှ Run ကို အဓိကသုံးပြီး ဆွဲသားပုံ နဲ့  Boundary-Riser ကိုပဲ အသုံးပြုပြီး ဆွဲသားပုံကို တင်ပြဆွေးနွေးထားပါတယ်။


ဒုတိယ အနေနဲ့ Stair ရဲ့ Type ကို ဘယ်လိုဖန်တီးထားတယ်ဆိုတာကို ဆွေးနွေးတင်ပြသွားပါမယ်။ ပြီးတော့ Concrete Stair တခုကို ရှိနေပြီးသား Stair Type တခုကနေ ဘယ်လို ပွားယူမယ်၊ ဘယ်လို Edit လုပ်မယ်ဆိုတာလေးကို ဆက်လက် ဆွေးနွေးတင်ပြသွားပါမယ်။

Stair Type မှာ အဓိက Properties Group ၈ ခု ပါဝင်နေပါတယ်။ သူတို့ ကတော့
၁။ Calculation Rules
၂။ Construction
၃။ Graphics
၎။ Materials and Finishes
၅။ Treads
၆။ Risers
၇။ Stringers
၈။ Identity Data...တို့ ဖြစ်ကြပါတယ်။


Calculation Rules အောက်မှာ အဓိက Minimum Tread Depth နဲ့  Maximum Riser Height ကို သတ်မှတ်ဖို့ ပါပဲ။

Construction အောက်မှာ အဓိက Monolithic Stair လား တခြား Stair အမျိုးအစားလား ဆိုတာကို ဆုံးဖြတ်ဖို့ ပါ။ တခြား Option တွေဖြစ်တဲ့
- Extend Below Base
- Landing Overlap
- Underside of Winder
- Function...တို့ လည်း ပါတာပေါ့။

Graphics အောက်မှာကတော့ Stair အတွက် အသုံးပြုတဲ့ Annotation ကို Edit လုပ်နိုင်တယ်။
Materials and Finishes အောက်မှာကတော့ Stair မှာ ပါဝင်ဖွဲ့ စည်းထားတဲ့ Treads, Riser, Stringer, Monolithic စတဲ့ Component တွေကို Material ရွေးပေးတဲ့ နေရာပေါ့။
Treads အောက်မှာ သူနဲ့ ဆိုင်တဲ့ Tread Thickness, Nosing Length, Nosing Profile တို့ ကို သတ်မှတ်ပေးနိုင်တယ်။

Risers အောက်မှာ Stair တခုအတွက် အစ နဲ့  အဆုံးသတ်တွေကို Riser သုံးမယ်၊ မသုံးဘူးဆိုတာကို သတ်မှတ်ပေးနိုင်တယ်။ သူနဲ့ ဆိုင်တဲ့ Riser Type, Riser Thickness, Riser to Tread Connection တို့ ကိုလည်း သတ်မှတ်ပေးနိုင်တယ်။

Stringers အောက်မှာတော့ ကိုယ်ဖန်းတီးချင်တဲ့ Stair အတွက် လိုအပ်မယ့် Stringer Shape, Size, Position ... စတာတွေကို သတ်မှတ်ပေးနိုင်တယ်။

Identity Data အောက်မှာတော့ ပုံမှန်အတိုင်း Non-Geometric Data တွေကို ထည့်သွင်းနိုင်ကြတယ်။


တတိယ အနေနဲ့  Industry တွေမှာ အသုံးပြုတဲ့ Metal/ Steel Stair တခုကို Stair by Sketch နဲ့ သုံးပြီး ဘယ်လိုဖန်တီးတယ် ဆိုတာကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

အဲဒီအတွက် ပထမဆုံး လိုအပ်တာက Stair ရဲ့ Layout/ Setting ဘယ်လိုဆိုတာကို အရင် ဆုံးဖြတ်ရပါမယ်။ ပြီးရင် Mid Landing ရဲ့ Location နဲ့  Landing ကို သတ်မှတ်ရပါတယ်။
ပြီးရင်တော့ အဲဒီ Metal/ Steel Stair ကို စတင်လို့  ရပါပြီ။

Metal/ Steel Stair တခု တည်ဆောက်ပုံအဆင့်ဆင့်
- အရင်ဆုံး Default ပါလာပြီးသား Stair Type တခုကနေ Duplicate လုပ်ပြီး သင့်တော်ရာ Type Name တခုပေးပါ။
- ပြီးရင် Calculation Rules မှာ မိမိလိုအပ်သလို Tread နဲ့  Riser ရဲ့ Limit ကို သတ်မှတ်ပါ။
- ပြီးရင် Tread thickness နဲ့  Nosing Length ကို သတ်မှတ်ပါ။
- Riser ကို မလိုအပ်တဲ့အတွက် Riser Type ကို None ထားပါ။
- ပြီးရင် Stringer Size ကို သတ်မှတ်ပါ။(Vertical Setting ကို Stair ရုပ်လုံးပေါ်လာမှ Edit လုပ်ပါ။)

Metal/ Steel Stair တခုရဲ့ Stringer Beam ကို Customize လုပ်ခြင်း
Stair by Sketch နဲ့ သုံးရင်တော့ Stringer Beam ရဲ့ Section Profile ကို Rectangle/ Square အနေနဲ့ သာ ပုံမှန်အားဖြင့် အသုံးပြုနိုင်ပါတယ်။
တကယ်လို့  တခြား C-Channel တို့  Universal Beam တို့  စတဲ့ Section Profile တွေကို လိုချင်ရင်တော့ Railing ကိုပဲ Alternative way အနေနဲ့  အသုံးပြုရပါ့မယ်။

လုပ်ဆောင်ချက် အဆင့်ဆင့်တွေကတော့
- Riser Type မှာ Left/ Right Stringer တွေကို None အရင်လုပ်ပါ။
- ပြီးရင် Default ပါလာပြီးသား Railing Type တခုကနေ Duplicate လုပ်ပြီး Stringer လို့  နာမည်ပေးပါ။
- ပြီးရင် အဲဒီ Type ထဲဝင်ပြီး Rail Structure ကနေ ကိုယ်လိုချင်တဲ့ Section Profile ပါတဲ့ Rail တခု Insert လုပ်ပါ။ (Default က ပါလာတဲ့ Rail အားလုံးကို Delete လုပ်ပစ်ပါ။)
- ပြီးရင် Baluster Placement ထဲဝင်ပြီး Baluster အားလုံးကို None လုပ်ပါ။
- Type Properties Pane ရဲ့ first page က Top Rail ရဲ့ Type ကိုလည်း None ထားပါ။
- ဒီ့နောက် Railing> Place on Host ကိုသုံးပြီး လိုချင်တဲ့ Stringer တွေကိုဖန်တီးပါ။ (လိုအပ်သလို Horizontal/ Vertical Adjustment ကို Stringer ရုပ်လုံးပေါ်လာမှ Edit လုပ်ပါ။)

ဒါဆိုရင် ကျွန်တော်တို့  လိုချင်တဲ့ Section Profile နဲ့  တည်ဆောပ်ထားတဲ့ Metal/ Steel Stair တခုကို ရရှိလာမှာပါ။


အောက်က လင့်ခ် တွေကနေလည်း ဒေါင်းယူနိုင်ပါတယ်။
http://www.mediafire.com/download/4ks7qskxum2sdac/Revit-Stair1.mp4
http://www.mediafire.com/download/18b74itfyq8k2ay/Revit-Stair2.mp4
http://www.mediafire.com/download/cxbldccyvt6u2kc/Revit-Stair3.mp4

No comments:

Post a Comment