Sunday 17 April 2016

RVT09A : Revit မှာ Quantification ပြုလုပ်ခြင်း အပိုင်း(၁)

မင်္ဂလာပါ အပေါင်းအသင်းတို့ရေ...

ဒီတခါတော့ Revit မှာ Quantification ဘယ်လိုလုပ်မလဲ ဆိုတာလေး နဲနဲရွှီးမယ်ဗျာ။ ကျွန်တော်က QS တယောက်မဟုတ်တော့ လိုအပ်တာတွေကိုလည်း လမ်းညွှန်ပေးကြပါအုံး။

Revit မှာ Quantification လုပ်ဖို့အတွက် အဓိကသိထားဖို့ လိုအပ်မယ့် (လိုအပ်မယ်လို့ ထင်တဲ့) အချက်တွေကတော့
- Family Creation
- Project/ Shared Parameter အသုံး
- Schedule
- Formula...စတဲ့ portion (၄)ခုကို ပိုင်နိုင်ရပါ့မယ်။


Family Creation ဟာ Revit User တွေရဲ့ အသက်သွေးကြော ဖြစ်သလို Quantification လုပ်မယ့် QS အတွက်လည်း သိထားဖို့လိုအပ်ပါတယ်။ ဒါမှ သူ့ရဲ့ QTO process ဟာ ပိုပြီးချောမွေ့လွယ်ကူလာမှာပါ။ QTO process အတွက် လိုအပ်မယ့် parameter တွေကို ထပ်ပြီးထည့်နိုင်/ Edit လုပ်နိုင်မှာ ဖြစ်ပါတယ်။

Project/ Shared Parameter
ဒီ Parameter တွေဟာ QTO process အတွက် လိုအပ်တဲ့ info တွေကို Family တွေထဲ ထည့်တဲ့အခါမှာ အဓိကအသုံးပြုရတဲ့ လက်နက်တွေပါပဲ။

Schedule
Schedule/ Table မရှိရင် QTO process ဟာလည်း ဖြစ်လာစရာမရှိနိုင်ပါဘူး။ ဒီတော့ QS အတွက် Revit မှာ သိထားဖို့ အသင့်ဆုံးဟာ Schedule ပါပဲ။ Schedule ကို...
- ဘယ်လို Create လုပ်တယ်
- ဘယ်လို Edit လုပ်တယ်
- ဘယ်လို Prepare လုပ်တယ်...စသဖြင့် သိရှိထားဖို့ လိုအပ်ပါမယ်။

Formula
Schedule/ Table ကိုသုံးကြတဲ့အခါမှာ Formula ကလည်း မပါရင် မဖြစ်လောက်တဲ့ အခန်းကနေ ပါဝင်နေပြန်ပါတယ်။ Revit မှာ Formula အသုံးပြုပုံဟာ Excel မှာ သုံးရတာလောက်တော့ မလွယ်တာကို တွေ့ရမှာပါ။

ဒါကြောင့် QTO process ကို Revit မှာ လုပ်မယ်ဆိုရင် Formula ဟာ နောက်ဆုံး အနေနဲ့ သိထားသင့်တဲ့ Portion တခုဆိုတာ တင်ပြရင်း...

လာမယ့် Post မှာ Revit နဲ့ အခြေခံ QTO ဆိုတဲ့ ခေါင်းစဉ်ကလေးနဲ့ တင်ပြဆွေးနွေးပါမယ်။

No comments:

Post a Comment