Sunday 17 April 2016

RVT08B : Revit ရဲ့ Stair တွေအကြောင်း အပိုင်း(၂)

မင်္ဂလာပါ ရောင်းရင်းတို့ ရေ...
ဒီပို့ စ်မှာတော့ Revit ရဲ့ Stair by Component အကြောင်းကို တင်ပြဆွေးနွေးသွားပါမယ်။

ဒီ Tool ဟာ New Enhancement အနေနဲ့  Revit 2013 မှာမှ ပါဝင်လာတာပါ။ Stair ကိုယ်တိုင်က System Family ဆိုတာတော့ ပရိတ်သတ်ကြီးလည်း သိပြီးသား ဖြစ်မှာပါ။
ဒါပေမယ့် သူ့ မှာ တော့ အဲဒီ System Family ကိုပဲ ၃ မျိုး ခွဲပေးထား တာကို တွေ့ ရပါမယ်။ (Wall မှာ Basic Wall, Curtain Wall, Stacked Wall ခွဲထားသလိုပဲပေါ့။)

သူတို့ ကတော့…
၁။ Assembled Stair
၂။ Cast-in-Place Stair
၃။ Precast Stair …တို့  ဖြစ်ကြတာကို တွေ့ ရမှာ ဖြစ်တယ်။

သူ့ ရဲ့ထူးခြားချက်တွေကတော့ System Family အလိုက် Stair တခုအတွက် လိုအပ်တဲ့ အဓိကအစိတ်အပိုင်းတွေဖြစ်ကြတဲ့...Run, Landing, Support တို့ ကို တသီးတခြားစီ ရပ်တည်စေတယ်။ အဲဒီတော့ ကိုယ်လိုချင်တဲ့ Stair Design စိတ်ကြိုက် Customize လုပ်နိုင်လာတယ်။ ပိုပြီး Flexible ဖြစ်လာတယ် လို့ ဆိုနိုင်တယ်။

Assembled Stair မှာဆိုရင် Stair မှာ ပါဝင်ဖွဲ့ စည်းထားတဲ့ Support / Stringer တွေကို Type တွေခွဲပြီး တခုထက်ပိုတဲ့ Stringer Type တွေကို Stair တခုထဲမှာ ထည့်သွင်းအသုံးပြုနိုင်တယ်။ Run နဲ့  Landing ဆိုရင်လည်း အလားတူပဲ။ တခုထက်ပိုတဲ့ Run နဲ့  Landing တွေကို Stair တခုထဲမှာ ထည့်သွင်းအသုံးပြုနိုင်တယ်။

Cast-in-Place Stair မှာဆိုရင်လည်း Assembled Stair မှာလိုပဲ တခုထက်ပိုတဲ့ Run နဲ့  Landing တွေကို Stair တခုထဲမှာ ထည့်သွင်းအသုံးပြုနိုင်တယ်။ Stair တခုထဲမှာ...
- Run/ Flight တွေကို မတူညီတဲ့ Level တွေကနေ စတင်စေပြီး တူညီတဲ့ Level တခုမှာ အဆုံးသတ်စေတာတို့ 
- ဒါမှမဟုတ် တူညီတဲ့ Level တခု တွေကနေ စတင်စေပြီး မတူညီတဲ့ Level တွေမှာ အဆုံးသတ်စေတာတို့ 
- ဒါမှမဟုတ် မတူညီတဲ့ Level တခု တွေကနေ စတင်စေပြီး မတူညီတဲ့ Level တွေမှာ အဆုံးသတ်စေတာတို့ …
.....စတဲ့ စတဲ့ Customization တွေကို လုပ်ဆောင်လာနိုင်တာကို တွေ့ ရပါမယ်။
Cast-in-Place Stair နဲ့  Assembled Stair ရဲ့ ကွဲပြားတဲ့ အချက်ကတော့ Run Type/ Landing Type မတူတာပဲ။ ပြောရရင်တော့ Monolithic Run/ Landing နဲ့  Non-Monolithic Run/ Landing ဆိုပြီး System Family အနေနဲ့  ထပ်ရှိနေပြန်လို့ ပဲဗျို့ ။ (မူးကုန်ပြီလားတော့မသိဘူး…:P)

Precast Stair မှာဆိုရင်လည်း အပေါ်က ဆွေးနွေးခဲ့ပြီးတဲ့ System Family Stair ၂မျိုးနဲ့  ဖွဲ့ စည်းပုံ အားလုံးနီးပါး ဆင်တူပါတယ်။ သူ့ မှာ တခုပိုလာတာကတော့ End Connection ဆိုတဲ့ Option Pane တခုပဲ။ အကြောင်းကတော့ Precast ဖြစ်နေလို့ ပေါ့။
Precast ရဲ့သဘောက ပရိတ်သတ်ကြီးလည်း သိတဲ့အတိုင်းပဲ Component တခုနဲ့ တခု ဆက်စပ်တဲ့နေရာမှာ Connection က အဓိကလိုအပ်ချက် မဟုတ်လား။

လက်တွေ့ဖန်တီးပုံ အဆင့်ဆင့်ကိုတော့ Video Clip (၂)ပိုင်းခွဲပြီး တင်ပြဆွေးနွေးပေးထားပါတယ်။

အပိုင်း(၁)

အပိုင်း(၂)

အောက်က လင့်ခ် တွေကနေလည်း ဒေါင်းယူနိုင်ပါတယ်။
http://www.mediafire.com/download/8m2rhij96dnuu83/Revit-StaircaseByComponent1.wmv
http://www.mediafire.com/download/8fz3sb7lab4idea/Revit-StaircaseByComponent2.wmv

No comments:

Post a Comment