Saturday 16 April 2016

RVT05 : Revit ရဲ့ Workset အကြောင်း


အားလုံးပဲ မင်္ဂလာပါ...။

Workset ဆိုတာ Project တခုကို User တွေအများကြီးက အတူတကွ တချိန်တည်းတပြိုင်တည်း အလုပ်လုပ်နိုင်အောင် စီမံပေးထားတဲ့ Revit ရဲ့ Powerful Tool တခုပေါ့။

တကယ့်လက်တွေ့မှာတော့ Project တခုမှာ 3D Model တွေဟာ တခုထက်မက ပါဝင်နေကြတာကတော့ ဘယ်သူ့မှမငြင်းနိုင်ပါဘူး။ အနည်းဆုံးတော့ ဆိုင်ရာ Discipline တွေရဲ့ 3D Model တွေ တခုစီတော့ ရှိကြတာပါပဲ။ Project ရဲ့ ပမာဏအလိုက် အဲဒီ Discipline တခုစီအတွက်ကိုပဲ 3D Model တွေကို တခုထက်ပိုပြီး တည်ဆောက်ကြရတာလည်း ရှိနိုင်ပါတယ်။

ဒါပေမယ့် CAD Platform မှာလို Drawing တခုကို File တခု ဆိုတာမျိုးတော့ ရှိနေမှာမဟုတ်ဘူး။ ဒါကြောင့်လည်း User တွေများကြီးက 3D Model တခုမှာ တချိန်တည်း တပြိုင်တည်း အတူတကွ အလုပ်လုပ်နိုင်ဖို့ ဆိုတာ BIM Platform မှာ မရှိမဖြစ်လောက်နီးနီး လိုအပ်လာတာပေါ့။ အဲဒီအတွက်ပဲ Software Developer တွေဟာ အဲဒီ လိုအပ်ချက်ကို ဖြည့်နိုင်ဖို့ Work Sharing Tool တွေကို သူတို့ရဲ့ BIM Software တွေမှာ ထည့်သွင်းလာတာကြတယ်။

Workset ဟာဆိုရင် BIM လောကရဲ့ ရှေ့ပြေး Software ဖြစ်တဲ့ Autodesk Revit ရဲ့ Work Sharing Tool တခုအနေနဲ့ ထင်ရှား လူသိများနေခဲ့ပါတယ်။ Workset Tool ကို Group/ Company တခုအတွင်း မှာ အသုံးပြုမယ်ဆိုရင်တော့ LAN (local area network) နဲ့တင် အသုံးပြုနိုင်ပါတယ်။
တကယ်လို့ နေရာဒေသ တနေရာစီမှ ရှိနေကျတဲ့ User တွေက Project တခုတည်းမှာ အတူတကွ တချိန်တည်း တပြိုင်တည်း အလုပ်လုပ်မယ်ဆိုရင်တော့ Workset တခုတည်းနဲ့ မလုံလောက်တော့ပါဘူး။ Revit Server လို Application မျိုးတွေ လိုအပ်လာပါတယ်။ အဲဒီအတွက် LAN လောက်နဲ့ မရတော့ပဲ WAN (wide area network) ကိုပါအသုံးပြုကြရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Network Setting/ Security Setting တွေကိုထိုင်ဖို့လည်း လိုအပ်လာမှာဖြစ်ပါတယ်။ အဲဒီအဆင့် ဆိုတာက Organizational Task လောက်ဖြစ်နေပါပြီ။

ကျွန်တော်တို့အနေနဲ့ကတော့ Work Sharing ရဲ့ ပထမခြေလှမ်းဖြစ်တဲ့ Workset ကိုပဲ အရင်ဆွေးနွေးကြတာပေါ့။

ဆိုတော့ကာ Workset ဘယ်လိုအလုပ်လုပ်သလဲ။
အဓိက သိထားသင့်ပြီး လုပ်ဆောင်ရမယ့် အဆင့်တွေကတော့...
1. Folder Structure
2. Enabling Work Sharing
3. Opening as Local
4. Participant Role/ Types
5. Applying Tools... တို့ပဲဖြစ်ကြပါတယ်။

 Revit ရဲ့ Workset Tutorial ကို Video Clip (၂) ပိုင်းခွဲပြီး တင်ပြဆွေးနွေးပေးထားပါတယ်။

  အပိုင်း(၁)
အပိုင်း(၂)

အောက်က လင့်ခ် တွေကနေလည်း ဒေါင်းယူနိုင်ပါတယ်။

No comments:

Post a Comment