Sunday 5 March 2017

DYN04.02 : အခြေခံ Geometry တည်ဆောက်ခြင်း - အပိုင်း(၂)

ဒီ Post မှာတော့ Sequence အသုံးကို တင်ပြဆွေးနွေးသွားဖို့  ရှိပါတယ်။ အခြေခံ သဘောတရားတွေကို လေ့လာရတာဟာ တခါတခါ ငြီးငွေ့ ဖို့ ကောင်းလှပါတယ်။ ဒါပေမယ့် တကယ့် Project တွေ လုပ်ရတဲ့ အခါမှာတော့ ဒီအခြေခံ သဘောတရားလေးတွေဟာ အင်မတန်မှ အထောက်အကူပြုတယ် ဆိုတာကို သဘောပေါက်လာကြမှာပါ။

ပြီးခဲ့တဲ့ Post မှာလုပ်ခဲ့တဲ့ ဖိုင်လေးပဲ ဖွင့်လိုက်ကြရအောင်။ အဲဒီ ဖိုင်ထဲမှာ Point.ByCoordinates (x,y,z) ဆိုတဲ့ Node ရှိနေပြီးသား ဖြစ်မှာပါ။ ပြီးရင်တော့ Sequence ဆိုတဲ့ Node ကို ဖန်တီးပါ့မယ်။
> Core> List> Sequence (or) Search Box> Sequence
Sequence မှာ input အနေနဲ့ 
  • Start ( အစမှတ် Point Value )
  • Amount ( Point အရေအတွက် )
  • Step ( Point တွေရဲ့ ကြား Spacing)... ဆိုပြီးတွေ့ နိုင်ပါတယ်။

အထက်ဖေါ်ပြပါ Code ရဲ့ သဘောကတော့
  • Point အစမှတ်ကို (0) က စမယ်။
  • Point အရေအတွက်ကို (10) ခုလို့ ထားမယ်။
  • Point တွေရဲ့ ကြား အကွာအဝေးကို (1) လို့  သတ်မှတ်ထားမယ်။
  • ဒီ Sequence ကို X-direction မှာပဲ ချိတ်ဆက်ထားတာဖြစ်လို့  Point တွေဟာ X-axis တလျှောက်မှာပဲ ဖန်တီးပေးနေမှာ ဖြစ်ပါတယ်။ ဘာ Value မှ ပေးမထားတဲ့ y နဲ့  z တန်ဖိုးတွေကိုတော့ (0) လို့ ပဲ Application က သတ်မှတ်မှာပါ။
  • Input တွေရဲ့ Value တွေကို ကိုယ်နှစ်သက်ရာ ပြောင်းလဲပေးပြီး ရလဒ်ကို လေ့လာနိုင်ပါတယ်။
ဒုတိယအဆင့် အနေနဲ့  Sequence ရဲ့ output ကို Point.ByCoordinates ရဲ့ y နဲ့ ပါ ချိတ်ဆက်ပြီး Run ကြည့်ကြရအောင်။ ရလဒ်ကတော့ အောက်က ပုံအတိုင်း မြင်တွေ့ ကြရမှာပါ။
Watch ဆိုတဲ့ Node နဲ့  ချိတ်ဆက်ကြည့်လိုက်တဲ့ အခါမှာတော့ Point တခုချင်းစီရဲ့ Coordinate တွေကိုပါ တွေ့ မြင်ရမှာဖြစ်ပါတယ်။
ဒီနေရာမှာ တလက်စတည်း Lacing အကြောင်းကိုပါ ထည့်သွင်း တင်ပြဆွေးနွေးပေးချင်ပါတယ်။
Point.ByCoordinates ရဲ့ ညာဖက်အောက်ထောင့်ပေါ်မှာ Mouse Pointer ကိုတင်ပြီး Right Click နှိပ်လိုက်တဲ့ အခါမှာ အောက်ဖော်ပြပါ ပုံအတိုင်း Pop-up Menu ကို တွေ့ ရပါမယ်။
အဲဒီ Pop-up Menu ကနေမှ Lacing ပေါ် Mouse Pointer ကိုတင်လိုက်တဲ့အခါ ထပ်ပေါ်လာတဲ့ Pop-up Menu မှာ လောလောဆယ် Shortest ကို Check လုပ်ထားတာ တွေ့ ရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ Longest ကို Check လုပ် လည်း အခြေအနေကတော့ ထူးထူးခြားခြား ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဘာလို့ လည်း ဆိုတော့ လက်ရှိအနေအထားဟာ Shortest နဲ့ Longest ဆိုတဲ့ Option တွေအတွက် ရလဒ်က တူနေလို့ ပါပဲ။

ဒါပေမယ့် Cross Product ကို ရွေးလိုက်မယ် ဆိုရင်တော့ ရလဒ်ဟာ အောက်ပါပုံအတိုင်း ပြောင်းလဲသွားတာကို တွေ့ ကြရမှာ ဖြစ်ပါတယ်။
ဒါတွေဟာ  Lacing ရဲ့ သဘောသဘာဝတွေကို သိစေချင်ရုံသက်သက် တင်ပြရခြင်း ဖြစ်ပါတယ်။ နောက် လာမယ့် လေ့ကျင့်ခန်းတွေကျရင်တော့ Lacing ရဲ့ Option တွေကို လိုအပ်သလို အသုံးချရင်း ကိုယ်လိုချင်တဲ့ ရလဒ်တွေကို ဖန်တီးကြည့်ကြတာပေါ့။

နောက်လာမယ့် Post ကျရင်တော့ Range ရဲ့ အသုံးကို ဆက်လက်တင်ပြ ဆွေးနွေးသွားပါအုံးမယ်။

1 comment: