Sunday 5 March 2017

DYN04.03 : အခြေခံ Geometry တည်ဆောက်ခြင်း - အပိုင်း(၃)

ဒီ Post မှာတော့ Range ရဲ့ အသုံးနဲ့ အတူ Number Slider  နဲ့  Integer Slider တို့ ကိုပါ တင်ပြဆွေးနွေးသွားဖို့  ရှိပါတယ်။

အရင်ဆုံး New တောင်းပြီး Code အသစ်တခုဖွင့်လိုက်ကြရအောင်။ ပြီးရင်တော့ Search Box ကိုသုံးပြီး
  • Point.ByCoordinates (x,y,z)
  • Range
  • Number 
  • Number Slider
  • Integer Slider ... တို့ ကို Library ကနေ ထုတ်ယူပါ့မယ်။
 ပြီးရင်တော့ အောက်ပါပုံအတိုင်း ချိတ်ဆက်ပါ့မယ်။
အရင်ဆုံး  Range ရဲ့အကြောင်းကို လေ့လာကြရအောင်။ Range မှာ input အနေနဲ့ 
  • Start ( အစမှတ် Point Value)
  • End ( အဆုံးမှတ် Point Value )
  • Step ( ကြားမှာရှိမယ့် Point အတွေရဲ့ Spacing) ... ရယ်ဆိုပြီး ပါဝင်နေပါတယ်။
Integer Slider ဆိုတာက ကိန်းပြည့် တွေကို Minimum Value, Maximum Value နဲ့  Step Value တွေကို ကြိုတင် သတ်မှတ်နိုင်တဲ့ တန်ဖိုးအစုအဝေးတခုပါပဲ။ ပြီးတော့ သတ်မှတ်ထားတဲ့ Range အတွင်းမှာ Step အလိုက် လိုအပ်မယ့် တန်ဖိုးတွေကို Slider သုံးပြီး အလွယ်တကူ ပြောင်းလဲနိုင်ပါမယ်။ လောလောဆယ်တော့ ပုံပါအတိုင်း Value တွေ ထည့်သွင်းပေးထားပါ။

Number Slider ဆိုတာကလည်း Integer Slider လိုပဲ ဖွဲ့ စည်းထားတာပါပဲ။ မတူတာကတော့ Number Slider မှာ ကိန်းဂဏန်းတွေဖြစ်ကြတဲ့ ကိန်းပြည့်တွေရော ဒသမ ကိန်းတွေကိုပါ ထည့်သွင်းနိုင်တာပါပဲ။
လောလောဆယ်တော့ ပုံပါအတိုင်း Value တွေ ထည့်သွင်းပေးထားပါ။

အားလုံးပြီးလို့  Run လိုက်တဲ့ အခါမှာ  Range ရဲ့ သဘောသဘာဝကို အောက်ဖော်ပြပါ ပုံအတိုင်း တွေ့ မြင်ကြရမှာ ဖြစ်ပါတယ်။

ကျန်တဲ့ အဆင့်တွေကိုလည်း Sequence တုန်းကအတိုင်း စမ်းသပ်လေ့လာကြည့်ကြဖို့  တိုက်တွန်းပါရစေ။

Bonus အနေနဲ့  Code Block ရဲ့ အခြေခံ အသုံးလေးကို တင်ပြဆွေးနွေးပေးပါ့မယ်။

Code Block ဆိုတာ Blank Node တခုပါပဲ။ ဖဲသမားပြော ပြောရရင်တော့ Joker ပေါ့ဗျာ။ သူ့ ကို ကိုယ်ဥာဏ်ရှိရင် ရှိသလို အသုံးပြုနိုင်တယ်။ ဒီ Post မှာတော့ Number, Sequence နဲ့  Range တွေနေရာမှာ အစားထိုး သုံးကြည့်ကြတာပေါ့။

Working Space ပေါ်မှာ Double Click နှိပ်လိုက်တာနဲ့  Code Block တခုဟာ အလိုလျှောက် ပေါ်လာပါလိမ့်မယ်။
  • Number ရဲ့ Value 0 အတွက် 0; လို့ ရိုက်လိုက်ရုံပါပဲ။
  •  Sequence အတွက်ကတော့ 0..#10..2; လို့ ရိုက်လိုက်ရုံပါပဲ။
  
  • Range အတွက်ကတော့ 0..10..2; လို့ ရိုက်လိုက်ရုံပါပဲ။
 
Code Block တွေကို Number အနေနဲ့  ဖြစ်စေ၊ Sequence အနေနဲ့  ဖြစ်စေ၊ Range အနေနဲ့  ဖြစ်စေ၊ String အနေနဲ့  ဖြစ်စေ ဒါ့အပြင် Script တွေအနေနဲ့  ဖြစ်စေ ကိုယ် ဥာဏ်ရှိရင် ရှိသလောက် အသုံးပြုနိုင်ကြလို့  ထပ်ဆင့် လေ့လာကြဖို့  တိုက်တွန်းလိုက်ရပါတယ်။
(Code Block တွေကို သုံးတဲ့အခါ နောက်ဆုံးမှာ Semicolon (;) တွေနဲ့  အဆုံးသတ်ဖို့  မမေ့ကြပါနဲ့ လို့  သတိပေးပါရစေ။)

လာမယ့် Post မှာတော့ Circle တည်ဆောက်ပုံကို ဆက်လက်တင်ပြဆွေးနွေး ပေးသွားမှာဖြစ်ပါတယ်။

No comments:

Post a Comment