Thursday 9 March 2017

DYN04.05 : အခြေခံ Geometry တည်ဆောက်ခြင်း - အပိုင်း(၅)

ဒီ Post မှာတော့ Line တခု တည်ဆောက်ပုံလေး ဆွေးနွေးကြရအောင်။

Line တခု ဖန်တီးဖို့ ရာ Create Node (၅)ခု ပေးထားပြီး Query Node အနေနဲ့ တခုကိုပဲ မြင်တွေ့ ကြရမှာပါ။
အလွယ်ဆုံးအနေနဲ့  ByStartPointEndPoint လေးနဲ့ ပဲ စလိုက်ကြရအောင်။ သူ့ မှာ input အနေနဲ့  StartPoint ရယ် EndPoint ရယ်ဆိုတာကို တွေ့ ရမှာပါ။ Line တခု အတွက် Point နှစ်ခု အနည်းဆုံးရှိရမယ် ဆိုတာကတော့ အထူး ပြောစရာ လိုမယ် မထင်ပါဘူး။ ဆိုတော့ကာ အရိုးရှင်းဆုံး Line တခုကို အောက်ဖော်ပြပါ ပုံအတိုင်း ဖန်တီးကြည့်ကြရအောင်။
StartPoint (2,0,0) နဲ့  EndPoint (10,0,0) ရှိတဲ့ Line တခု ကို တွေ့ ရမှာပါ။
နောက်ထပ် Line တခုကို StartPoint (2,0,5), EndPoint (8,0,4) နဲ့  ထပ်ဆွဲကြည့်ရအောင်။
တကယ်လို့  အောက်ဖက်က Line ကို Y-direction အတိုင်း Spacing 1.5 unit နဲ့  Array ၅ ခုပွားချင်တယ် ဆိုကြပါစို့ ။
အပေါ်က ခပ်စောင်းစောင်း Line ကိုပါ အောက်ကအတိုင်း Array ၅ ခုပွားချင်ရင်ကော ဘာလုပ်ကြရင် ကောင်းမလဲနော်။

ဒါ့အပြင် Arc ဖန်တီးပုံလေးကိုလည်း လက်ရှိ သိနေပြီးသား Node တွေနဲ့  ကြိုးစားပြီး ဖန်တီးကြည့်ကြဖို့  တိုက်တွန်းလိုက်ပါရစေ။

လာမယ့် Post မှာတော့ Line, Arc, Circle တို့ တလျှောက် Point တွေဖြန့် ကျက်ပုံတွေကို တင်ပြဆွေးနွေးသွားဖို့  စီစဉ်ထားပါတယ်။

No comments:

Post a Comment