Saturday 11 March 2017

DYN04.07 : အခြေခံ Geometry တည်ဆောက်ခြင်း - အပိုင်း(၇)

အားလုံးပဲ မင်္ဂလာပါ။

ဒီ Post ကနေ စ လို့ အခြေခံ 3D Geometry တွေ ဖန်တီးပုံကို တင်ပြ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ 3D Geometry ဆိုပေမယ့်လဲ 3D ဖြစ်တည်လာဖို့ အတွက် 2D Geometry တွေကတော့ ဖန်တီးနေရအုံးမှာပါပဲ။ ဒါကြောင့်လည်း 2D Geometry ဖန်တီးမှုတွေကို သက်သက်မဆွေးနွေးတော့တာပါ။ နောက်လာမယ့် Post တွေဟာဆိုရင် ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာလိမ့်မယ် လို့  မျှော်လင့်ရပါတယ်။

အရင်ဆုံး Library ထဲက Surface ကို အရင် လေ့လာကြရအောင်။
Surface တခုဖန်တီးဖို့ အတွက် Node တွေကိုတော့ အထက်ဖော်ပြပါပုံထဲမှာ တွေ့ မြင်နိုင်ပါတယ်။ အဲဒီ Node တွေထဲကမှ အပေါ်ဆုံးက Surface.BySweep ဆိုတဲ့ Node နဲ့  စတင်ကြည့်ပါမယ်။

Surface.BySweep မှာ input အနေနဲ့  Profile, Path တို့  ပါဝင်နေတာမို့  Profile အတွက် NurbsCurve တခုကို အရင် ဖန်တီးပေးဖို့  လိုအပ်ပါမယ်။ NurbsCurve.ByPoints မှာကလည်း input အနေနဲ့  Points သာ ပါဝင်နေတာမို့ NurbsCurve အတွက် Points တွေကို အရင် ဖန်တီးပေးရပါတယ်။
Path အတွက် Line တခုလည်းဖန်တီးပေးဖို့  လိုအပ်ပါမယ်။

အထက်ဖော်ပြပါ ပုံကတော့ လိုအပ်နေတဲ့ Profile အတွက် NurbsCurve တခုကို Points တွေကနေတဆင့် ဖန်တီးထားတာဖြစ်ပါတယ်။ ပြီတော့ Path အတွက် Line တခုကိုလည်း ဖန်တီးထားပါတယ်။

အဲ့ဒီ  Profile နဲ့  Path တွေကနေမှ Surface.BySweep နဲ့ ချိတ်ဆက်ပြီး Surface တခုကို အောက်ဖော်ပြပါ ပုံအတိုင်း ဖန်တီးယူရမှာ ဖြစ်ပါတယ်။

တကယ်လို့  Surface.BySweep2Rails ကို အသုံးပြုမယ်ဆိုရင်တော့ နောက်ထပ် Path အပိုတခုနဲ့  Surface တွေကို ဖန်တီးနိုင်ပါလိမ့်မယ်။

နောက်တခါ ဒီ  Surface ကို Offset လုပ်ချင်တယ် ဆိုရင်တော့ Surface.Offset ဆိုတဲ့ Node ကို အသုံးပြုနိုင်ပါတယ်။ သူ့ မှာ input အနေနဲ့ Surface, Offset တို့ ပါဝင်နေပါမယ်။
လာမယ့် Post မှာတော့ Surface.ByPatch အသုံးကို ဆွေးနွေးတင်ပြသွားဖို့  စီစဉ်ထားပါတယ်။

No comments:

Post a Comment