Saturday 18 March 2017

DYN04.09 : အခြေခံ Geometry တည်ဆောက်ခြင်း - အပိုင်း(၉)

မင်္ဂလာပါ အပေါင်းအသင်းတို့ ရေ...

ဒီ Post က စလို့  3D Geometry ဖန်တီးပုံတွေကို တင်ပြဆွေးနွေးသွားဖို့  ရှိပါတယ်။ 3D Geometry ဖန်တီးပုံ ဆိုပေမယ့်လည်း 3D တခု ဖြစ်လာဖို့  ဆိုတာ 2D Geometry နဲ့  ပေါင်းစပ်ဖွဲ့ စည်းရတာမို့  2D Geometry အပိုင်းမှာ ဆွေးနွေးပြီးသား အပိုင်းတွေရော၊ မဆွေးနွေးဖြစ်သေးတဲ့ အပိုင်းတွေကိုပါ အလျင်းသင့်သလို တင်ပြသွားဖို့  စီစဉ်ထားပါတယ်။

(ကျနော်ကိုယ်တိုင်ကိုက ဒီ Programming ကို လေ့လာနေသူတဦး အဆင့်သာ ရှိသေးတာကြောင်း တင်ပြဆွေးနွေးမှုတွေဟာ အခြေခံမှာတင် တ၀ဲလည်လည်လည်း ဖြစ်ကောင်းဖြစ်နေနိုင်တာကို နားလည်ပေးနိုင်လိမ့်မယ်လို့  မျှော်လင့်ပါတယ်။

လုပ်ငန်းခွင်မှာ အသုံးဝင်တဲ့ Code တွေရေးသားပုံကိုလည်း အတတ်နိုင်ဆုံးနဲ့  အမြန်ဆုံးဆွေးနွေး တင်ပြချင်ပါတယ်။ ဒါပေမယ့် Programming ရဲ့သဘောအရ အခြေခံမှ ပိုင်နိုင်မှု မရှိရင် Code တွေရေးသားနိုင်သူ ဖြစ်မလာပဲ Code တွေ Copy/ Paste လုပ်သူသာ ဖြစ်သွားနိုင်တာမို့ အခုလို အခြေခံ အပိုင်းတွေကို အချိန်ပေးပြီး တင်ပြနေရခြင်းပဲ ဖြစ်ပါတယ်။

တဖက်ကကြည့်ပြန်ရင်လည်း အခြေခံမှာတင် တ၀ဲလည်လည်လည်း ဖြစ်လွန်းနေပြန်ရင်လည်း ကျနော်ရော အပေါင်းအသင်းတို့ ပါ အီလည်လည်ဖြစ်ပြီး ပျင်းရိ စိတ်ပျက်သွားမှာကိုတော့ စိုးရိမ်မိပါတယ်။ ဒီ 3D Geometry ဖန်တီးပုံကို အတတ်နိုင်ဆုံး အတိုချုံးပြီး ထိထိရောက်ရှိအောင် တင်ပြ ဆွေးနွေးသွားပါမယ်။

တကယ်လို့  ကျနော့်တင်ပြဆွေးနွေးမှုမှာ မပါဝင်လိုက်တဲ့ တချို့ သော Node တွေအကြောင်းကို သိချင်ရင် Facebook ကနေဖြစ်စေ၊ Post တွအောက်က Comment Box ကနေဖြစ်စေ မေးမြန်းနိုင်ပါတယ်။
ကျနော် မဖြေနိုင်တဲ့ မေးခွန်းတွေ ဆိုရင်လည်း တတ်သိကျွမ်းကျင်တဲ့ သူတွေဆီကို မေးမြန်းပြီး ပြန်လည်ဖြေကြားပေးပါ့မယ်။)

3D Geometry အတွက် ပထမဆုံး အနေနဲ့  Cuboid လေးနဲ့ စလိုက်ကြရအောင်။
Library ကနေ Geometry > Cuboid ကို သွားလိုက်တာနဲ့  Create အတွက် Node (၄)ခုရယ်၊ Query အတွက် Node (၃)ခုရယ်ကို အရင်ဆုံး တွေ့ မြင်ရမှာပါ။
အဲ့ဒီ Create အတွက် Node (၄)ခုထဲကမှ ဒုတိယတခုဖြစ်တဲ့ Cuboid.ByLengths (width, length, height) ဆိုတဲ့ Node နဲ့  Cuboid တခု ဖန်တီးကြရအောင်။ သူ့ မှာ width, length, height ဆိုတဲ့ input (၃)ခု ပါဝင်နေပါမယ်။

ဘာ Value မှမပေးဘဲ အဲ့ဒီ Node နဲ့ တင် Run လိုက်ရင်တော့ width, length, height ရဲ့ Value တွေဟာ 1 unit စီ ရှိနေပြီး သူ့ ရဲ့ Centroid ဟာ (0,0,0) မှာ Default အနေနဲ့ မြင်တွေ့ ကြရမှာပါ။
ဒီနေရာမှာ မေးစရာ ရှိလာတာက ဘယ်လိုအခြေအနေမျိုးမှာ ကျန်တဲ့ Node တွေကို သုံးရမလဲ ဆိုတာပါပဲ။
တတိယ Node ဖြစ်တဲ့ Cuboid.ByLengths (origin, width, length, height) မှာ ဆိုရင်တော့ origin ဆိုတဲ့ input (၁)ခု ပိုပါလာတာကို တွေ့ ရမှာပါ။ width, length, height တို့ ရဲ့ တန်ဖိုး အပြင် အဲ့ဒီ Cuboid ရဲ့ Centroid (or) Origin တန်ဖိုးကိုပါ ပေးလို့ ရနေပါပြီ။
 
နောက်ဆုံး Node ဖြစ်တဲ့ Cuboid.ByLengths (cs, width, length, height) မှာ ဆိုရင်တော့ Cuboid ရဲ့ Centroid အတွက် Coordinate System ကိုပါ ပေးလို့ ရတဲ့ အခြေအနေမျိုး ဖြစ်နေပါပြီ။

ဘယ်အချိန်မှာ Origin တန်ဖိုး သတ်မှတ်ဖို့ လိုမယ်၊ ဘယ်အချိန်မှာ Coordinate System သတ်မှတ်ဖို့ လိုမယ် ဆိုတာကတော့ ကိုယ်ဖန်တီးချင်တဲ့ Code ရဲ့ လိုအပ်ချက် အပေါ်မှာပဲ မူတည်နေမှာ ဖြစ်ပါတယ်။ အသုံးဝင်တဲ့ Node တွေ အမြောက်အမြား ပေးထားတဲ့ ကြားကနေမှ ကိုယ်ဖန်တီးချင်တဲ့ Code ရဲ့ လိုအပ်ချက်တွေကို ဖြည့်စွက်နိုင်ဖို့  ဆိုတာကတော့ ရှာဖွေစမ်းသပ်နိုင်မှုတွေ၊ လေ့လာစူးစမ်းလိုမှုတွေ အပေါ်မှာ အများကြီး မူတည်နေပါတယ်။

လာမယ့် Post မှာတော့ Solid Form တွေ ဖန်တီးပုံကို ဆက်လက် တင်ပြဆွေးနွေးသွားဖို့ ရှိပါတယ်။ Solid Form ဆိုပေမယ့်လည်း သူ့ ရဲ့ ဖြစ်တည်မှုအတွက် လိုအပ်နေမယ့် အထောက်အပံ့တွေ ဖြစ်ကြတဲ့ Create, Action, Query ဆိုတဲ့ Node အမျိုးအစားတွေထဲက သင့်တော်ရာ Node တွေကို အသုံးပြုတင်ပြဆွေးနွေးသွားမှာမို့  စောင့်မျှော်အားပေးကြပါအုံး...လို့ ။

No comments:

Post a Comment