Saturday 11 March 2017

DYN04.06 : အခြေခံ Geometry တည်ဆောက်ခြင်း - အပိုင်း(၆)

မင်္ဂလာပါ။

ဒီ Post မှာတော့ Line တွေ Curve တွေတလျှောက်မှာ Point တွေကို Array လုပ်ပုံလေး တင်ပြဆွေးနွေးသွားချင်ပါတယ်။

အရင်ဆုံး Line တခု ဖန်တီးဖို့ ရာ အောက်ဖော်ပြပါ ပုံအတိုင်း Code Block ကို သုံးပြီး Node တခု ဖန်တီးကြည့်ရအောင်။
ဒီ Code Block ဟာဆိုရင် Point (0,0) နဲ့ Point (5,2) တိုက်ရိုက်ဖန်တီးပေးတဲ့ Node တခုပါပဲ။ ပုံမှန်အားဖြင့် Library ထဲက Point.ByCoordinates (x,y) ကိုသုံးမယ်ဆိုရင် အနည်းဆုံး Node (၃) ခုလောက်ကို အသုံးပြုရမှာပါ။ တကယ်လို့  (၂) ခုထက် ပိုတဲ့ Point တွေလိုချင်ရင်လည်း အောက်ကနေ လိုအပ်တဲ့ Information တွေဖြည့်ပြီး ဆက်ရေးလို့ ရပါသေးတယ်။
(Code Block ဆိုတဲ့ Node ရဲ့ နာမည်ကို ပြောင်းချင်ရင်တော့ အဲ့ဒီ Code Block ဆိုတဲ့ စာအပေါ်မှာ Double-Click လုပ်ပြီး ကိုယ်နှစ်သက်ရာ နာမည်ကို ပြောင်းလဲနိုင်ပါတယ်။)

ဒုတိယအနေနဲ့  Line.ByStartPointEndPoint ကိုသုံးပြီး Line တခုကို ဖန်တီးပါ့မယ်။
ခုဆိုရင် Line တခု ရပါပြီ။ ဒီလိုင်းတလျှောက်မှာ Point တွေကို Array လုပ်ဖို့ ရာ Geometry> Curve> PointAtDistance ကို အသုံးပြုပါမယ်။ သူ့ မှာ input အနေနဲ့  Curve, Distance တို့  ပါဝင်နေပါတယ်။
  • Curve ဆိုတာက Point တွေကို Array လုပ်ချင်တဲ့ လမ်းကြောင်းပါပဲ။ 
  • Distance ဆိုတာက အဲ့ဒီ Curve မှာ ချချင်တဲ့ Point တွေနဲ့  Curve ရဲ့ စမှတ်ကနေ ကွာတဲ့ အကွာအဝေးလို့  ဆိုနိုင်ပါတယ်။
Curve ကို Line Node ရဲ့ output နဲ့  ချိတ်ဆက်ပေးပြီး Distance ရဲ့ တန်ဖိုးကို (၅) လို့ ပေးလိုက်တဲ့အခါ အပေါ်ကဖော်ပြထားတဲ့ ပုံအတိုင်း Line ရဲ့ စမှတ်ကနေ 5 units အကွာမှာ Point တခုဖန်တီးပေးထားတာကို မြင်တွေ့ ကြရမှာပါ။ Point တွေတခုထက် ပိုပြီး ဖန်တီးချင်ရင်တော့ Distance ရဲ့ တန်ဖိုးကို Number အစား Range နဲ့ ပြောင်းလဲ အသုံးပြုရမှာ ဖြစ်ပါတယ်။

Range ကို အသုံးပြုတဲ့အခါမှာ အစမှတ်၊ အဆုံးမှတ်၊ ကြားအကွာအဝေးတွေ လိုအပ်ပါတယ်။ စမှတ် ကတော့ 0 unit မို့  ပြသနာမရှိပေမယ့် အဆုံးမှတ် အတွက်ကျတော့ အဲ့ဒီ Line ရဲ့ Length ကို သိဖို့  လိုလာပါတယ်။ ဒါကြောင့်ပဲ Range အတွက် Code Block နဲ့  Node ရေးတဲ့အခါ
  • 0..x..1.5; လို့ ရေးလိုက်ရပါတယ်။
  • အဆုံးမှတ် (x) အတွက် လိုအပ်နေတဲ့ တန်ဖိုးကတော့ Line ရဲ့ Length ပဲဖြစ်ပါတယ်။
  • အဲဒီအတွက် Geometry> Curve ရဲ့ Query> Curve.Length ဆိုတဲ့ Node ကို အသုံးပြုပြီး Line ရဲ့ Length ကို Extract လုပ်ယူလိုက်ရပါတယ်။ 
  • ရလဒ်ကို အောက်ဖော်ပြပါ ပုံအတိုင်း ရရှိပါမယ်။
လောလောဆယ် ရရှိထားတဲ့ ရလဒ်အရ Array ဖန်တီးထားတဲ့ Point တွေက 1.5 units စီခြားနေတာပါ။ တယ်လို့  Spacing  နဲ့ မလိုချင်ပဲ အရေအတွက်နဲ့  အညီအမျှ လိုချင်တယ် ဆိုပါဆို့ ။

Code Block မှာ 0..x..#6 လို့ ပြောင်းရေးလိုက်တာ ဖြစ်ပါတယ်။
  • အစမှတ် ဟာ (0) ဖြစ်ရမယ်။
  • အဆုံးမှတ်ဟာ (x) ဖြစ်ရမယ်။
  •  # ခံလိုက်တဲ့ အတွက် Spacing အစား Point (၆) ခုကို အညီမျှဝေမယ်... ဆိုတဲ့ သဘောကို သက်ရောက်သွားစေခဲ့ပါတယ်။
Code Block တွေကို အသုံးပြုပြီး တခြား Node တွေကို ကိုယ့်ဖာသာ ဖန်တီးကြည့်ကြဖို့ လည်း တိုက်တွန်းလိုက်ပါရစေ။

လာမယ့် Post မှာတော့ 3D Geometry တွေ ဖန်တီးပုံကို တင်ပြဆွေးနွေးသွားဖို့ ရှိပါတယ်။

1 comment:

  1. Harrah's Reno Hotel & Casino - Mapyro
    Harrah's Reno Hotel & Casino. 계룡 출장안마 777 Harrahs Blvd. 전라북도 출장마사지 Reno, NV 89109. 정읍 출장샵 Map. 전라북도 출장샵 Address. 777 Harrahs Blvd. Reno, 경상남도 출장안마 NV, United States of America.

    ReplyDelete