Thursday 9 March 2017

DYN04.04 : အခြေခံ Geometry တည်ဆောက်ခြင်း - အပိုင်း(၄)

ဒီ Post မှာတော့ Circle တခု တည်ဆောက်ပုံလေးနဲ့  စလိုက်ကြရအောင်။ ဒီ Program ရဲ့သဘောက လိုချင်တဲ့ ရလဒ်ကနေ အစပြုရတာပါပဲ။

Circle တခု တည်ဆောက်ဖို့  အရင်ဆုံး Library အောက်ကနေ Geometry> Circle ကို သွားတဲ့အခါ အောက်ပါပုံအတိုင်း Create အတွက် Node (၅) ခုရယ်၊ Query အတွက် Node (၂) ခုရယ် ကိုအရင်ဆုံး မြင်တွေ့ ကြရမှာပါ။

Action အတွက် Node (၅) ခုကတော့ Circle တခု တည်ဆောက်ဖို့ ဖြစ်ပြီး ကျန်တဲ့ Node (၂) ခု ကတော့ Circle တခုရဲ့ Center Point နဲ့  Radius ကို Query လုပ်ဖို့ ပေးထားတာ ဖြစ်ပါတယ်။ Action Node (၅) ခုထဲကမှ ByCenterPointRadius ကို ရွေးချယ်ပြီး စလိုက်ကြရအောင်။

ဒီ Node မှာ Input အနေနဲ့  Center Point နဲ့ Radius ကိုတွေ့ မှာပါ။ ဘာ Input မှမပေးခင် Run ကြည့်လိုက်ရင်တော့ 1 unit ရှိတဲ့ Radius နဲ့  (0,0) ကို ဗဟိုပြုပြီး Circle တခုကို တည်ဆောက်ပေးပါလိမ့်မယ်။

ဒုတိယ အဆင့်အနေနဲ့  Circle ရဲ့ Center Point အတွက် အပိုင်း (၃) မှာ ဖော်ပြခဲ့သလိုပဲ Point တခုကို ဖန်တီးရပါ့မယ်။
Radius အတွက် Number Slider ကိုအသုံးပြုကြည့်ပါ့မယ်။

ဒီ Code ရဲ့ ဆိုလိုရင်းကတော့ 0.5 unit ရှိတဲ့ Radius နဲ့  Spacing 2 units စီခြားတဲ့ Circle ၁၀ခုကို X-axis အတိုင်း Array လုပ်ပြထားတာပါ။
တကယ်လို့  Code Block မှာ Sequence အစား Range ကို သုံးလိုက်မယ် ဆိုရင်တော့ ရလဒ်ဟာ အောက်ပါပုံအတိုင်း မြင်တွေ့ ကြရမှာပါ။

10 units ရှိတဲ့ Range ထဲမှာ 0.5 unit Radius ရှိတဲ့ Circle တွေကို Spacing 2 units စီခြားပြီး တည်ဆောက်ပြသွားတာ ဖြစ်ပါတယ်။
တကယ်လို့  Range အနေနဲ့ ရေးထားတဲ့ Code Block ကို x တင်မက y မှာပါ ချိတ်ဆက်လိုက်မယ်ဆိုရင်ကော။
ရလဒ်ကို အပေါ်က ပုံအတိုင်း မြင်တွေ့ ကြရမှာပါပဲ။
အဲ့ဒီအခြေအနေမှာမှ ByCenterPointRadius ရဲ့ Lacing ကို Cross Product ပြေညင်းလိုက်မယ် ဆိုရင်တော့...
အခုလို Rectangular Array အနေနဲ့  မြင်တွေ့ ကြရမှာပဲ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ Circle ရဲ့ ဗဟိုက Point တွေကို မမြင်ချင်ဘူး ဆိုရင်တော့ ByCenterPointRadius အပေါ်မှာ Mouse Pointer (Casa) ကိုတင် Right Click လုပ်ပြီး Preview ကို Uncheck လုပ်လိုက်ရုံပါပဲ။

တခြား Node (၄) မျိုးကို အသုံးပြုပြီး Circle တွေစမ်းသပ် တည်ဆောက်ကြဖို့ ကိုလည်း တိုက်တွန်းလိုက်ပါရစေ။

လာမယ့် Post မှာတော့ Line ဆွဲနည်းကို ဆက်လက်တင်ပြဆွေးနွေး ပေးသွားမှာဖြစ်ပါတယ်။

1 comment: